လေထုညစ်ညမ်းမှုက ဦးနှောက်ကင်ဆာ ဖြစ်စေနိုင်


Health Updates Journal No. 108

ညစ်ညမ်းနေတဲ့ လေထုထဲမှာ ပါဝင်တဲ့ အဆိပ်ရှိဓာတ်ပေါင်းတွေဟာ ဦးနှောက်တွင်းက သွေးစီးကြောင်းထဲ ကို ၀င်ရောက်နိုင်ပြီး ကင်ဆာကို ဖြစ်စေနိုင်ကြောင်း သုတေသနတစ်ရပ်မှာ ဖော်ပြထားပါတယ်။

Maxine Dunitz အာရုံကြော ခွဲစိတ်မှုပညာသိပ္ပံမှ သုတေသီအဖွဲ့ ဟာ ဓာတ်ခွဲခန်းမှာ လေထုညစ်ညမ်း မှု နောက်ဆက်တွဲ ပစ္စည်းတစ်မျိုးဖြစ်တဲ့ naphthalen၊ butadiene နဲ့ isoprene တို့ရဲ့ သက်ရောက်မှု ကို ကြွက်များမှာ လေ့လာခဲ့ပါတယ်။ ဆက်လက်ပြီး ဦးနှောက်ကင်ဆာကို ဖြစ်ပွားစေနိုင်တဲ့ မျိုးဗီဇနဲ့ ပရိုတင်း တွေဟာ ကြွက်များမှာ ပေါ်ပေါက်လာကြောင်းကို နည်းပညာမြင့် စနစ်တွေနဲ့ ရှာဖွေဖော်ထုတ်နိုင် ခဲ့ပါတယ်။ ဒါ့အပြင် ဦးနှောက်ဆဲလ်တွေဟာလည်း ပွားများနှုန်း၊ အသစ်ဖြစ်နှုန်း တွေမှာ သာမန်ဆဲလ်တွေ ရဲ့ နှုန်းတွေ နဲ့မတူဘဲ ပုံမှန်မဟုတ်တဲ့ နှုန်းဖြစ်နေခဲ့ပါတယ်။

လေထုညစ်ညမ်းမှုကြောင့် ထွက်ပေါ်လာတဲ့ ဓာတ်ပေါင်းတွေကို တစ်နှစ်ကြာထိတွေ့ပြီးနောက်မှာ ဦးနှောက်တွင်းမှာ မော်လီကျူးဆိုင်ရာ ပြောင်းလဲမှုတွေဖြစ်ပွားပြီး ဆဲလ်တွေဟာလည်း ဦးနှောက် အကျိတ် ဖြစ်စေ တဲ့လမ်းကြောင်း(pathway)အတိုင်းဖြစ်ပေါ်လာကြောင်း၊ လေ့လာမှုမှာပါဝင်တဲ့ ဓာတုပစ္စည်း၃မျိုးဟာ ဦးနှောက်နဲ့ သွေးကြောကြားအ တားအဆီးကိုဖြတ်သန်းနိုင်ပြီး ဦးနှောက်တွင်းကို ၀င်ရောက်နိုင်ကြောင်း၊ ထိတွေ့ရတဲ့ အချိန်များလေလေ ဦး နှောက်ကင်ဆာဖြစ်နိုင်ချေ မြင့် တက်လေလေဖြစ်ကြောင်းကို လေ့လာမှုကို ဦးဆောင်ခဲ့တဲ့ သုတေသနအဖွဲ့ Cedars-Sinai က ထုတ်ပြန် ထားပါတယ်။

သန့်စင်
ref;ANI

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...