ကျန်းမာရေးအကျိုးပြု သဘာဝအစားအစာများ



ကြက်ဟင်းခါးသီး

ကြက်ဟင်းခါးသီးမှာတတ်ကြွတဲ့ ဓါတုပစ္စည်းအမျိုးပေါင်း အနည်းဆုံး ၃၂ခုပါရှိပါတယ်။ သူ့မှာ Betacarotene ပါဝင်မှုဟာ အစိမ်းရောင် ပန်းဂေါ်ဖီ ထက်နှစ်ဆ၊ ကယ်လ်စီယမ်ပါဝင်မှုဟာ ဟင်းနုနယ်ရွက်ထက် နှစ်ဆနဲ့ ပိုတက်စီယမ်ပါဝင်မှုဟာ ငှက်ပျောသီးထက် နှစ်ဆပိုမိုပြီး ပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင်အေ၊ စီ၊ B1,B2,B3 သံဓါတ်နှင့် ဖော့စ်ဖရပ်စ်တို့လည်းပါဝင်ပါတယ်။

ရွှေဖရုံသီး

ရွှေဖရုံသီးမှာ ပါဝင်တဲက အမျှင်ဓါတ်ဟာ အစာခြေလမ်းကြောင်း ကျန်းမာရေးကို ကောင်း မွန်စေပြီး နှလုံးရောဂါနဲ့ အမျိုးအစား(၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျှော့နည်းစေနိုင်ပါတယ်လို့ Harvard တက္ကသိုလ်ပြည့်သူ့ကျန်းမာရေးဌာနက ထုတ်ဖေါ်ထားပါတယ်။ သူ့မှာ အယ်လ်ဖာနဲ့ ဘီတာကရိုတင်းခေါ်တဲ့ လိမ္မော်ရင့်ရောင် ရောင်ခြယ်ပစ္စည်းတွေလည်း အများအပြား ပါဝင်ပါတယ်။ အဲဒီ့ အရောင်ခြယ်ပစ္စည်း တွေဟာ ခန္ဓာကိုယ်အတွင်း ဗီတာမင်အေအဖြစ် ပြောင်းလဲသွားကာ အရေပြား မျက်စိနဲ့ ခုခံအား စနစ်ကျန်းမာရေးကောင်းဖို့ အထောက်အကူ ပြုပါတယ်။

အစိမ်းရောင်ပန်းဂေါ်ဖီ

သူ့မှာပါဝင်တဲ့ Phytonutrients နဲ့ Indoles Sulphorophane ဟာ ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိရှိတယ်လို့ လေ့လာမှု အများအပြားအရ သိရပါတယ်။ Brocolliမှာ ခုခံအားစနစ် ကို ထောက်ပံ့ပေးတဲ့ ဗီတာမင်စီ၊ ရောင်ရမ်းမှုကို တွန်းလှန်နိုင်တဲ့ ဗီတာမင်ကေ၊ ဓါတ်တိုးပစ္စည်းတွေကို တိုက်ထုတ်နိုင်တဲ့ ဗီတာမင်အေ၊ နှလုံးကျန်းမာရေးကောင်းစေတဲ့ ဖောလိတ်နဲ့အမျှင်ဓါတ်တွေ အများအပြားပါဝင်ပါတယ်။ သူ့မှာပါဝင်တဲ့ ကယ်လ်ဆီယမ်ဓါတ်ဟာလည်း အရိုးပါးရောဂါ မဖြစ်အောင် ကာကွယ်တာမို့ သတ်သတ်လွတ်စား သူသုံးသူတွေ အမြဲစားသင့်တဲ့ ဟင်းသီးဟင်းရွက်ပါ။

ထောပတ်သီး

ခရင်မ်နဲ့ထောပတ်အရသာရှိပြီး အစေ့တစ်စေ့သာရှိတဲ့ ထောပတ်သီးရဲ့ အသားမှာ မက်ကူလာ ပျက်စီးယိုယွင်းမှုရဲ့ အတွင်းတိမ်ရောဂါလိုမျိုး အသက်အရွယ်ကြောင့်ဖြစ်တဲ့ မျက်စိရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း များစွာပါဝင်ပါတယ်။ သူ့မှာ မပြည့်ဝဆီ ပါဝင်တာ လည်းများ တာကြောင့် ခန္ဓာကိုယ်အတွက် မကောင်းတဲ့ ကိုလက်စထရောအဆင့်ကို လျှော့ ချနိုင်ပြီး ကောင်းတဲ့ ကိုလက်စထရောအဆင့်ကို မြင့်တင်ပေးနိုင်ပါတယ်။

ကြက်သွန်နီ

တစ်ပတ်ကို ကြက်သွန်နီ အနည်းငယ်စားပေးတာကြောင့် တချို့ကင်ဆာရောဂါရဲ့ ဖြစ်နိုင်ခြေကို လျှော့ ချနိုင်တာဟာ သူ့မှာပါဝင်တဲ့ Flavonoids နဲ့ Allicins ပါဝင်တဲ့ ဆာလဖာဒြပ်ပေါင်းတွေ ပေါင်းစပ်ထား တာကြောင့်ပါ။ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူကို ချက်ပြုတ်ရင် ကျန်းမာရေးကို ဘက်ပေါင်းစုံမှ အထောက်အကူပြုနေတဲ့ ဆာလဖာဒြပ်ပေါင်းတွေ အများကြီးထွက်လာပါတယ်။ ဒါပေမဲ့ မိနစ်၃၀ ထက်ပိုကြာပြီး ချက်ပြုတ်လိုက်ရင်တော့ အကျိုးပြုဒြပ်ပေါင်း အများစုဟာ ပျက်စီးသွားနိုင်တာကိုတော့ သိထားရပါမယ်။

ဂေါ်ဖီထုတ်

Curciferous အမျိုးအစား ဟင်းသီးဟင်းရွက်ဖြစ်ပြီး ကင်ဆာကိုတွန်းလှန်နိုင်တဲ့စွမ်းအားရှိကြောင်း လူသိများကြပါတယ်။ လေ့လာမှု တွေအရ ဂေါ်ဖီထုတ်ဟာ ကင်ဆာဖြစ်နှုန်း နှေးကွေးနိုင်တယ်လို့ သိရပါတယ်။ အထူးသဖြင့် အူမကြီး၊ အဆုတ်၊ အစာအိမ်နဲ့ ဆီးကြိတ်ကင်ဆာပါ။

ငရုတ်သီး

အနီရောင်ငရုတ်ပွသီးဟာ အစိမ်းရောင်ငရုတ်ပွသီးထက် Nutrients ပမာဏ သိသိသာသာပိုများ တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ အနီရောင်ငရုတ်ပွသီးမှာ နှလုံးရောဂါနဲ့ကင်ဆာကို ကာကွယ်နိုင်တဲ့ လိုင်ကိုပင်းတွေပါဝင်ပါတယ်။ သူတို့မှာပါဝင်တဲ့ ဗီတာမင်စီနဲ့ Beta Carotene ကြောင့် အတွင်းတိမ်ရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

ကညွှတ်

ကညွှတ်ဟာ Phytochemicals အုပ်စုထဲက Saponin ပါဝင်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပါ။ Saponin ဟာ ကိုလက်စထရောကျဆင်းစေပြီး ကင်ဆာဖြစ်နိုင်ခြေကိုလည်း လျှော့ချနိုင်ပါတယ်။ ကညွှတ်မှာ ဘီတာကရိုတင်း၊သွပ်၊ ဆီလီနီယမ်၊ ဗီတာမင်ကေနဲ့ဖောလိတ်တို့လည်း ပါဝင်ပါတယ်။

ဂရိတ်ဖရုသီး

ဗီတာမင်စီ အများအပြားပါဝင်တဲ့အပြင် သူ့ရဲ့ လိမ္မော်နီရောင်အသားမှာပါဝင်တဲ့ Bioactive ဒြပ်ပေါင်းဟာ ဓါတ်တိုးဆန့်ကျင်ပစ္စည်း အစွမ်းကို ပိုမိုထက်မြက်စေပါတယ်။ ဂရိတ်ဖရုသီးဟာ သွေးတွင်းအဆီပမာဏ များနေသူတွေကို ကိုလက်စထရောပမာဏ လျှော့ချနိုင်တယ်လို့ သုတေသနပြုလုပ်ချက်တွေအရ သိရပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးကို အနီရောင်ဖြစ်စေတဲ့ Carotanoid ခေါ်တဲ့ Lycopene ပါဝင်မှုများ တာကြောင့် နှလုံးရောဂါနဲ့ ကင်ဆာရောဂါ (အူမကြီးနဲ့ သားမြတ်ကင်ဆာအပါအ၀င်)တွေကို ကာကွယ်နိုင်တယ်လို့ လေ့လာမှုများအရ တွေ့ရှိထားပါတယ်။ Lycopene ဟာ ထောပတ်သီး၊ သံလွင်ဆီ ဒါမှမဟုတ် အခွံမာသီးတွေလို အဆီပါဝင်မှု များတဲက အစာနဲ့တွဲစားရင် အလုပ်ပိုလုပ်နိုင်တယ်လို့ ဆိုပါတယ်။ Carotanoid တွေဟာ အဆီမှာ ပျော်ဝင်နိုင်တာမို့ အဆီနဲ့အတူ ခန္ဓာကိုယ် အတွင်းသို့ စုပ်ယူနိုင်တယ်လို့သိရပါတယ်။


မာလကာသီး

မာလကာသီးဟာ ကိုယ်အလေးချိန်လျှော့ချလိုသူတွေအတွက် အလွန်အသုံးဝင်တဲ့ သစ်သီးပါ။ သူ့မှာ အမျှင်ဓါတ်အများအပြား ပါဝင်ပြီး အဆီလုံးဝမပါဝင်တာမို့ မာလကာသီးဟာ အဆာပြေစေပြီး စိတ်ကျေနပ်မှု ရရှိစေတဲ့ အဆာပြေအစာအဖြစ် အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင်စီလည်း အများအပြားပါဝင်ပါတယ်။ မာလကာသီးစားပြီးရင် ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။ အမျှင်အများ အပြားစားပြီး ရေဓါတ်လုံလုံလောက်လောက်မရရှိရင် ၀မ်းချုပ်နိုင်လို့ပါ။


ဆီးသီး

ဆီးသီးမှာပါဝင်တဲ့ များပြားစွာသော အမျှင်ဓါတ်နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် အူမကြီးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆီးသီးမှာ သံဓါတ်နဲ့ ဗီတာမင်စီလည်း အများအပြားပါဝင်တာမို့ အလွယ်တကူမောပန်းတတ်သူတွေအနေနဲ့ ဆီးသီးကို စားပေးသင့်ပါတယ်။ ဆီးသီးဟာ ခန္ဓာကိုယ်တွင်း သံဓါတ်စုပ်ယူမှုကို အားပေးလို့ပါ။ ဆီးသီးမှာ ပိုတတ်စီယမ်လည်း ပါဝင်မှုများတာမို့ ဥွေးတို့ရောဂါကုသဖို့ အတွက် ကူညီနိုင်ပြီး နှလုံးကျန်းမာရေးအတွက် လည်းကောင်း မွန်စေနိုင်ပါတယ်။


friendsmyanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...