သိမှတ်ဖွယ်ရာ အဖြာဖြာ...


x ပူပြင်းတဲ့ရာသီမှာ ငရုတ်သီးခြောက်တွေကိုနဂိုအတိုင်း လက်လက်ဆတ်ဆတ် ဖြစ်အောင်သိမ်းထားမယ် ဆိုရင်တော့ ဆီနည်းနည်း အကုန်ခံရပါမယ်၊ ငရုတ်သီးတွေကို ဆီထဲ ငါးမိနစ်လောက် စိမ်ထားပြီး ပြန်ဖယ် ယူ နေရောင်အောက်မှာ ငါးမိ နစ် လောက်ထားပြီးမှသိမ်းထားလိုက်ပါ၊ အမြဲ လတ်ဆတ်နေပါလိမ့်မယ်။

x ခရမ်းချဉ်သိးဆော့တို့ ငရုတ်ဆီတို့ကို ပုလင်းအတစ်ဖောက်ပြီး ချက်ချင်းသွန်လို့မရရင် အအေးသောက်တဲ့ ပိုက်လေးတစ် ခု လောာက် ထိုးထည့်ပြီးသွန်ထည့်ကြည့်ပါ။ လွယ်လွယ်ကူကူ ထွက်လာပါလိမ့်မယ်.။

x မမကိုကိုတို့ စိုနေတဲ့အဝတ်အစားတွေကို မြန်မြန်ခြောက်စေချင်ရင် မျက်နှာသုတ်ပဝါ ထူထူနှစ်ထည်ရဲ့ ကြားမှာ စိုနေတဲ့အဝတ်တွေကို ထားပါ၊ပြီးရင် ကြမ်းပြင်ပေါ်ချပြီး လေးလေးမှန်မှန် နင်းပေးပါ၊ စိုးထိုင်းမှုတွေ ကို မျက်နှာသုတ်ပဝါတွေက စုပ်ယူသွားတဲ့အတွက် အဝတ်တွေ အရင်ကလောက် စိုမနေတော့ဘူး။

x ဓာတ်ဘူးထဲက အနံ့ဆိုးတွေကို ပြောက်စေချစ်ရင်တော့ ကြက်ဥ ဒါမှမဟုတ် ဘဲဥခွံတွေကို ခြေမွှ ပစ်ပြီး ရေနဲ့အတူ ဓာတ်ဘူးထဲ တစ်ည ထည့်ထားလိုက်ပါ။ ဓာတ်ဘူးထဲက အနံ့ဆိုးတွေပျောက်စေ တဲ့အပြင် ငွေလည်း မကုန် အရမ်းလည်းကောင်းတဲ့ နည်းပေါ့။

x ပြီးတော့ မမအိမ်ရှင်မတို့ရဲ့ စတီးထည်းအဟောင်းတွေကို အသစ်ဖြစ်ချင်ရင် မန်ကျည်းရည်ထဲမှာ မိနစ်အနည်းငယ် လောက်စိမ်ထားပါ။ ပြီးရင်ပန်ကန်ဆေးဆပ်ပြာရည်နဲ့ ဆေးကြောပစ်လိုက်ပါ။
အသစ်အတိုင်းတောက်ပသွားပါလိမ့်မယ်။

x လက်ဆက်တဲ့ ငါးတွေကိုရွေးချင်ရင် သုံးချက်ရှိတယ်နော်။ ငါးရဲ့မျက်လုံးတွေတောက်ပနေရမယ်။ ကိုယ်လုံးကစိုစွတ်ပြီး တင်းတင်းရင်းရင်းဖြစ်နေရမယ်။ အနံ့တွေထွက်မနေရဘူး။ ဒါဆို မမတို့အတွက် အဆင်ပြေပါပြီ။

x အိမ်ကမိသားစုတွေ အစာအိမ်ရောဂါကြောင့် ရုတ်တရက် ဗိုက်အောင့်လာရင် ငှက်ပျောသီးတစ်လုံးကို ညက်ညက်ပါအောင် တဖြည်းဖြည်းဝါးစားလိုက် ပါ။ ဆေးခန်းမရောက်ခင် ဗိုက်အောင့်ပျောက်သွားပါ လိမ့်မယ်။

x သကြားတွေကခွဲခြေလို့မရအောင်မာကျောသွားပြီဆိုရင် အဲဒီသကြားခဲကြီးကို ဇလုံတစ်ခုထဲမှာထည့်ပြီး အဝတ်စိုနဲ့ တစ်ညလောက်ဖုံးထားလိုက်ပါ၊ နောက်တစ်နေ့ မနက်မှာ
မယုံနိုင်လောက်အောင်ပြောင်းလဲသွားတာကိုတွေ့ရပါမယ်။

ဇာဏီထွန်း

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...