အသက်လေးဆယ်ကျော် တက္ကသိုလ်ဆရာမကို အလိုမတူဘဲ ခိုးယူမှုဖြင့် (၁၆) နှစ်အရွယ် ဆယ်တန်း ကျောင်းသားကို အမှုဖွင့်


အသက် (၄၁) နှစ်ရှိ ရန်ကုန်တက္ကသိုလ်လက်ထောက်ကထိက ဆရာမတစ်ဦးကိုဆယ်တန်း (တက္က သိုလ်ဝင်တန်း) ကျောင်းသားတစ်ဦးက အလိုမတူဘဲ ခိုးယူသွားသည်ဆိုကာ ဆရာမ၏မိဘများက တိုင်ကြားထား၍ အမှုကိုမြောက်ဒဂုံရဲစခန်းတွင် စစ်ဆေးနေကြောင်း သတင်းရရှိသည်။

ခိုးယူပေါင်းသင်းခံရသော ဆရာမမှာ ရန်ကုန်တက္ကသိုလ်မှ လက်ထောက်ကထိကဖြစ်ပြီး မတ်လ ၁၀ ရက် နံနက်က ရန်ကုန်တက္ကသိုလ်သို့ စာသင်ရန်သွားစဉ် ည ၁၁ နာရီအထိ နေအိမ်သို့ပြန်မရောက် သောကြောင့် မိဘများက ရဲစခန်းတွင် လူပျောက်တိုင်ကြားခဲ့သည်။ ထို့နောက်မတ်လ ၁၁ ရက်တွင် ၁၀ တန်းကျောင်းသားက ဆရာမကို အလိုမတူဘဲ ခိုးယူသွားပြီး အသက်အန္တရာယ်မစိုးရိမ်ရန် ဆရာမ ၏မိဘများအား မန္တလေးမြို့မှနေ၍ ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း မြောက်ဒဂုံရဲစခန်းမှ ရဲအရာရှိ တစ်ဦးကပြောသည်။

“ပထမတော့ လူပျောက်တိုင်ထားတာ။ မန္တလေးကနေ ဖုန်းဆက်ပြီးတဲ့နောက် ပုဒ်မပြောင်းဖွင့်လိုက် တယ်။ ဘယ်နေရာမှာရှိနေတယ်ဆိုတာ မန္တလေးရဲတပ်ဖွဲနဲ့ပူးပေါင်းပြီး စုံစမ်းနေပါတယ်” ဟုအဆိုပါရဲ အရာရှိက ပြောသည်။

ဆရာမကိုခိုးယူပေါင်းသင်းမှုဖြင့် အမှုဖွင့်ခံထားရသူမှာ အ.ထ.က (၁) ဒဂုံမှ အသက် (၁၅) နှစ်ခွဲရှိ ၁၀ တန်းကျောင်းသားဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေရန် ၁ ရက်အလိုတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဆရာမ၏မိဘများက အမှုဖွင့်ထားပြီး လူငယ်ဘဝအရ မိုက်ရူးရဲဆန်ဆန်လုပ်ရပ်ကို လုပ်သွားသည်ဟု ယူဆကြောင်း မြောက်/ဒဂုံမြို့နယ် (၄၁) ရပ်ကွက်တွင်နေထိုင်သူ ဆရာမ၏အိမ်နီးချင်းတစ်ဦးက ပြော သည်။

အမှုဖွင့်ခံရသည့် ကျောင်းသားသည် အသက် (၁၆) နှစ်မပြည့်သေးဘဲ စဉ်းစားဆင်ခြင်နိုင်စွမ်းရှိသည့် တက္ကသိုလ်ဆရာမတစ်ဦးကြောင့် ပုဒ်မ ၃၆၆ ဖြင့်တရားစွဲခံထားရပြီး ကလေးသူငယ်အခွင့်အရေးအရ အကာအကွယ်မရသည့်အပြင် ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲလည်း မဖြေလိုက်ရသဖြင့် နစ်နာ ကြောင်းရှေ့နေဦးခင်ဇော် (မရမ်းကုန်း) ကပြောသည်။

“ဆယ်တန်းကျောင်းသားဦးနှောက်နဲ့ တက္ကသိုလ်ကဆရာမကို သွေးဆောင်ဖြာယောင်းတယ်ဆိုတာ လက်ခံလို့မရဘူး။ ကလေးသူငယ်ဆိုတာ အကာအကွယ်ပေးရမှာ။ အရှိန်အဝါသုံးပြီး အမှုကိုဖွင့်ချင် တိုင်းဖွင့်လို့မရဘူး။ တရားရေးမဏ္ဍိုင်ဖြောင့်မတ်ဖို့လိုတယ်” ဟု၎င်းဒအမြင်ကို ပြောသည်။

မြန်မာနိုင်ငံတွင် ၁၉၉၃ ကပြဋ္ဌာန်းခဲ့သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၂(က) အရ အသက် (၁၆) နှစ်အောက် ကျား/မ အားလုံးကို အရွယ်မရောက်သေးသော ကလေးသူငယ်အဖြစ် သတ်မှတ်ထားပြီး အဆိုပါအမှုသည် တရားလိုဘက်သို့ အမှုပြန်ပတ်သွားနိုင်ကြောင်း တရားလွှတ် တော်ရှေ့နေဦးမြင့်အေးက ပြောသည်။

7Day Daily
No.324, March.14, 2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...