Bluetooth headset အနေဖြင့် အသုံးပြုနိုင်မည့် စမတ်နာရီ
အတွဲ (၁၅)၊ အမှတ် (၁၂)

HeadWatch သည်ကြံ့ခိုင်သည့် စမတ်နာရီဖြစ်ပြီး Bluetooth headset အဖြစ်သုံးနိုင်ပြီး စမတ်နာရီနားကပ်ကာ ဖုန်းပြောဆိုရန် မလိုအပ်တော့ပေ။ အဆိုပါ ထုတ်ကုန်များကို ယခုအခါတွင် Indiegogo ဆိုက်မှတစ်ဆင့် မှာယူနိုင်ပြီဖြစ်ကြောင်း သိရသည်။
၎င်းထုတ်ကုန်သစ်သည် စမတ်ဖုန်းများဖြင့် ချိတ်ဆက်နိုင်ပြီး စမတ်နာရီသို့ app များကိုလွှင့်တင်ခြင်းနှင့် notification များလက်ခံပေးသည်။ HeadWatch ကို ၁၆၉ ဒေါ်လာဖြင့် အစောပိုင်းတွင် မှာယူနိုင်ပြီး မတ်လ ၂၀၁၅ ခုနှစ်မှသာ ရရှိမည်ဖြစ်သည်။ မိတ်ဆက်ရာတွင် HeadWatch ကိုအရောင်ငါးမျိုးကို လက်လီဈေး ၁၆၉ ဒေါ်လာဖြင့် ရောင်းချသွားမည်ဖြစ်သည်။ အရောင်ငါး မျိုးပါဝင်သည်။
HeadWatch ကို Bluetooth မှတဆင့် tablet သို့မဟုတ်ဖုန်းများဖြင့် pair လုပ်နိုင်ပြီး ချိတ်ဆက်မှုကို နာရီမျက်နှာပြင်ပေါ်တွင် QR code scanning ကိုဖော်ပြပေးထားပြီး အသုံးပြုနိုင်သည်။ စမတ်နာရီတွင် အပူချိန် sensor built in ပါဝင်ပြီးအနားမှာရှိသည့် အရာဝတ္ထုများပေါ်တွင် တိုင်းတာပေးသည်။ ထို့အပြင်အရောင် notification များအတွက် RGB strip အလင်းများပါဝင်ကာ အားကုန်သည်အထိ အသုံးပြုနိုင်သည်။
-စိုးထက်
(Ref: Yahoo)
Internet Journal

- (အရှေ့သို့) iPhone Use တစ္လံုးကို ပြန်ဝယ်တော့မယ်ဆိုရင် ဂရုစိုက်ရမည့်အချက်များ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို
- (အနောကျသို့) WordPress ဆိုက် ၁၆၂,၀၀၀ မှ DDos တိုက်ခိုက်မှု ဖြစ်ပွားခဲ့ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို