အင်္ဂလန်အောင် လက်မှတ်ရရှိမည့် English 4 Skills သင်တန်းကို သင်တန်းကြေး ၂၅ ရာခိုင်နှုန်း လျှော့ပေးမည်

အတွဲ (၁၅)၊ အမှတ် (၁၂)

၁၀ တန်းဖြေဆိုပြီး ကျောင်းသား၊ ကျောင်းသူများ အတွက် အင်္ဂလန် အောင်လက်မှတ် ရရှိမည့် English 4 Skills သင်တန်းကို သင်တန်းကြေး ၂၅ ရာခိုင်နှုန်းလျှော့၍ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း Hawaii Education မှ သိရသည်။

သင်တန်းမှာ ဥရောပနိုင်ငံ ၅၀ ကျော် အသိအမှတ်ပြု UK National Qualification Framework (NQF) Entry Level 25, Common European Framework (CEF) A2 Level တို့နှင့် ညီမျှသော LCCI (UK) English 4 Skills (SET) Level 3 Certificate ရရှိမည့် သင်တန်းတန်းခွဲဖြစ်ပြီး ၂၀၁၄ ခုနှစ်၊ မတ်လ ၂၉ ရက်တွင် Class A နှင့် ဧပြီလ ၅ ရက်တွင် (Class B) တို့ကို ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

တန်းခွဲတစ်ခုလျှင် ၂၅ ရာခိုင်နှုန်း ဉ် အဖြစ် သင်တန်းသား ၅ ဦးစီသာ ပေးသွားမည်ဖြစ်သောကြောင့် ဦးရာလူစနစ်ဖြင့် ကြိုတင်စာရင်းသွင်းအပ်နှံနိုင်ကြောင်းသိရသည်။ ၎င်းင်း Certificate ကို ရရှိခြင်းဖြင့် နိုင်ငံခြား တက္ကသိုလ်၊ ကော လိပ်တို့တွင် သွားရောက် ပညာဆက်လက် ဆည်းပူးလိုသူများ၊ အလုပ်သွားရောက် လုပ်ကိုင်မည့်သူများ၊ နိုင်ငံခြားသင်္ဘောတက်မည့်သူများနှင့် ဥရောပ ၅ နိုင်ငံ ပြည်ဝင်ခွင့် ဗီဇာလျှောက်မည့်သူများအတွက် အထောက်အကူပြု မည် ဖြစ်သည့် အပြင် မကြာမီ ၀င်ရောက်လာတော့မည့် နိုင်ငံတကာမှ ကုမ္ပဏီကြီးများ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးများ အစရှိသည်တို့တွင် ပူးပေါင်းပါဝင် လုပ်ကိုင်နိုင်ရန် အတွက်လည်း အခွင့်အရေးကြီးများ ရရှိလာမည် ဖြစ်ကြောင်း သိရသည်။

၎င်းတန်းခွဲကို Hawaii Education တွင် ၃ လကြာ International Experienced Teacher နှင့် သင်ယူရမည်ဖြစ်ပြီး British Council (Myanmar) ကကြီးမှူးကျင်းပသော LCCI မှ စစ်ဆေးမည့် (UK Exam) ကို ဖြေဆိုရမည်ဖြစ်သည်။ အင်္ဂလန်မှ တိုက်ရိုက်အောင်လက်မှတ် ထုတ်ပေးရာတွင် ရမှတ်ပေါင်း(၅၀-၅၉%) ရရှိပါက Pass (60 74)% ရရှိပါက Merit 75% အထက်ရရှိပါက Distinction ဟူ၍ခွဲခြားဖော်ပြပေးမည်ဖြစ်သည်။

တက်ရောက်လိုသူများ အနေဖြင့် အမှတ် (၁၉၂)၊ ပထမထပ်၊ ၂၈ လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၂၄၈၂၁၁၊ ၀၉-၃၁၈၁၃၈၂၀ သို့ ဆက်သွယ်နိုင်သည်။

Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...