Pono Player


Steve Jobs ရဲ့ iPod နောက်ပိုင်း MP3 Player တွေခေတ်စား လာခဲ့ရာမှာ Pono လို့ခေါ်တဲ့ နောက်ဆုံးပေါ် MP3 Player အကြောင်း ဒီဆောင်းပါးမှာ တင်ဆက် ထားပါတယ်။

Pono အကြောင်း စပြောရရင် တီထွင်သူ တွေကတော့ San Francisco က Neil Young ဦးဆောင်တဲ့ the Pono Music Team ဖြစ်ပါတယ်။ သူတို့ရဲ့ တီထွင်မှုကို နှစ်ပိုင်း ခွဲရရင် Pono Player သက်သက်နဲ့ Pono Music Web Store ဆိုပြီး နှစ်ပိုင်းခွဲ လို့ရပါတယ်။ ခုလောလော ဆယ်တော့ Pono Player အကြောင်း စပြော ပါ့မယ်။ Pono Player ဟာ Design ကစလို့ တခြားသော MP3 Player တွေနဲ့ မတူဘဲ တြိဂံပုံစံ ရှိ ပါတယ်။ ၅ လက်မ အမြင့်၊ ၂ လက်မ အကျယ်နဲ့ ၁ လက်မ အနံရှိပြီး အရောင် အနေနဲ့ ကတော့ အ၀ါရောင်ရယ်၊ အနက်ရောင်ရယ် ဖြစ်ပါတယ်။ စွမ်းဆောင်မှုနဲ့ ပတ်သက်လို့ ပြောရရင် High-audio resolution ဖြစ်တဲ့ 24-bit/ 192 KHz အထိ စွမ်းဆောင် ပေးနိုင်ပြီး FLAC, ALAC, MP3, WAV, AAC စတဲ့ Audio Format တွေနဲ့လည်း တွဲသုံးလို့ ရပါတယ်။ Screen အနေနဲ့ Touch Screen ဖြစ်ပြီး Data Storage နဲ့ပတ်သက် လို့ 64 GB ပါဝင်တဲ့ အပြင် အပိုဆောင်း 64 GB ထပ်စိုက် နိုင်အောင် micro SD slot လည်း ပါဝင်ပါ သေးတယ်။ ဒီ Pono Player ရဲ့ဆလင် ဒါပုံစံ Battery ဟာသာမန် MP3 Player တွေရဲ့ ခပ်ပြားပြား Battery တွေထက် ပိုမို စွမ်းဆောင် နိုင်မယ်လို့ Pono Music Team ကဆိုထားပါ သေးတယ်။ Audio port အနေနဲ့ Port နှစ်ခု ပါဝင်မှာ ဖြစ်ပြီး Headphone အပြင် တခြားသော Audio ပစ္စည်းများ နဲ့လည်း တွဲဖက် ချိတ်ဆက် နိုင်မှာ ဖြစ်ပါတယ်။

Pono Music Web Store နဲ့ပတ်သက်လို့ Pono Music App ကိုကိုယ်ရဲ့ ကွန်ပျူတာမှာ သွင်းထားပြီး Mirco-USB connection (ဖုန်းများတွင်ပါ သော USB ကြိုးပုံစံ) ကိုအသုံး ချကာ အဆိုပါ App ကတစ်ဆင့် Pono Music Web Store မှသီချင်းများ ရှာဖွေ၊ ၀ယ်ယူနိုင် မှာဖြစ်ပါတယ်။ ခု မတ်လက စလို့ ဒေါ်လာ ၄၀၀ ပေးပြီး စတင် မှာယူနိုင်မှာဖြစ်ပြီး လာမယ့် အောက်တိုဘာ လထဲမှာတော့ ဈေးကွက်ထဲ ဖြန့်သွားဖို့ ရှိပါတယ် လို့ဆိုပါတယ်။ ယခု Pono Music Player နဲ့ပတ်သက်လို့ အထူးအဆန်း လတ်တလော သတင်း အနေနဲ့ တင်ဆက်ရရင် ဒီ Music Player ကစွမ်းဆောင် ပေးနိုင်တဲ့ 24-bit/ 192 KHz ဟာလက်ရှိ ကျွန်တော်တို့ နားထောင်နေတဲ့ သီချင်း အရည်အသွေးထက် ပိုမို ကောင်းမွန်လာမယ် မဟုတ်ပါဘူးလို့ အငြင်းပွား ချက်တွေ ထွက်ပေါ် လာပါတယ်။ စာရေးသူ နားလည် သလောက် ပြောရရင် ယခု Pono Player ကပေးနိုင်တဲ့ 24 bit/ 192 KHz ဆိုတာဟာ ကျွန်တော်တို့ လက်ရှိ နားထောင်နေတဲ့ 16 bitrate နဲ့ကွာခြား ချက်ကို ပြောရရင် Audio File တွေရဲ့ Recording ပိုင်းမှာပဲ စွမ်းဆောင်ရည် အနည်းငယ် မြင့်သွား တာပဲ ရှိပါလိမ့်မယ်။ Audio file တစ်ခုရဲ့ အသံအရည် အသွေးဟာ အဆိုပါ Audio Reso lution ပိုင်းမှာ အဓိက မကျပါဘူး။ နားထောင်သူရဲ့ အသက်အရွယ်၊ အကြား စွမ်းရည်၊ သီချင်းရဲ့ ပုံစံ၊ ပတ်ဝန်းကျင် အနေအထားနဲ့ Audio File ထုတ်လုပ်တဲ့ Compression Program ပေါ်မှာသာ အဓိက မူတည်ပါတယ်။ ဒါ့ကြောင့် တစ်ချို့သော အင်တာနက် စာမျက်နှာ များမှာ Music Store ကနေ သီချင်းတွေကို Download လုပ်စေဖို့ မှောက်မားစေတဲ့ ရည်ရွယ်ချက် သက်သက် လို့တောင် ပြင်းပြင်း ထန်ထန် ဝေဖန်ထားကြ ပါတယ်။



စာဖတ်သူတို့ ကိုယ်တွယ်နေ ကြတဲ့ ကိုယ်ပိုင် SmartPhone တော်တော် များများဟာ ကောင်းမွန်တဲ့ သီချင်း အရည်အသွေး တွေကို ထုတ်လွှင့် နိုင်ကြ ပါတယ်။ ဒါ့အတွက်ကြောင့် ဒေါ်လာ ၄၀၀ အကုန် ခံရမယ့် Pono Player အတွက် မှာယူကြဖို့ လူအများ လက်တွန့် နေကြမှာ ဖြစ်ပါ တယ်လို့ တင်ပြရင်း နိဂုံးချုပ် အပ်ပါတယ်။

Images from sapo, kickstarter, ayre. Source: reviews.cnet.com

Author Paing Hmu Ko
Myanmar Youth Media Club

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...