မမှတ်မိဘူးလေကွယ်...
လူလတ်ပိုင်း အမျိုးသမီးတစ်ဦး နှလုံးရောဂါနဲ့ ဆေးရုံ ရောက်လာတယ်။ မေ့ဆေးပေးပြီး ခွဲစိတ်နေစဉ်မှာ သူမရဲ့ စိတ်ဝိညာဉ်က ဘုရားသခင်ထံ ရောက်သွားပြီး “ကျမ နေဖို့အချိန် ကုန်ပြီလား?..." လို့ မေးလိုက်တယ်။
ဘုရားသခင်က...
“မကုန်သေးဘူး မိန်းကလေး... နောက်ထပ် ၄၃ နှစ် နေရဦးမယ်...” လို့ပြောလိုက်တယ်။
နေဖို့ အချိန်အများကြီး ကျန်သေးတဲ့အတွက် မျက်နှာခွဲစိတ် ပြုပြင်မှုတွေ လုပ်လိုက်မယ်ဆိုရင် ပိုပြီးလှပလာမယ်လို့ သူမ စဉ်းစားလိုက်တယ်။ ဒါနဲ့ ပြန်လည်ကျန်းမာလာတဲ့အခါ ဆေးရုံမှာ ဆက်နေပြီး မျက်နှာခွဲစိတ်မှုတွေ လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။
နောက်ဆုံး မျက်နှာခွဲစိတ် ပြုပြင်မှုတွေ ပြီးတော့ ဆေးရုံကနေ ပျော်ရွှင်စွာနဲ့ ပြန်ဆင်းလာတယ်။ အိမ်ပြန်ဖို့ လမ်းဖြတ်ကူးနေချိန် ကားတစ်စီး ဝင်တိုက်တာခံရပြီး နေရာမှာတင် ပွဲချင်းပြီး သေသွားတယ်။
အဲဒီနောက် ဘုရားသခင်ရှေ့ ရောက်သွားပြီး...
“အရှင် ဘုရားသခင်ပြောတော့ ကျမ နောက်ထပ် ၄၃ နှစ် နေရဦးမယ်ဆို... ဘာဖြစ်လို့ ယာဉ်အန္တာရယ်ကနေ မကယ်တင်ခဲ့တာလဲရှင့်...” ဆိုပြီး မေးလိုက်တယ်။
ဒီအခါ ဘုရားသခင်က...
“ငါဘုရားသခင် မိန်းကလေးကို မမှတ်မိဘူးလေကွယ်...”








- (အရှေ့သို့) ပျော်ရွှင်မှုကို ရှာဖွေခြင်း... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ပူဒီနာ စားသင့္တဲ့အခ်က္ မှတ်ပြီလား... ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ လူမှုဘ၀ သာယာမှုကို ထိခိုက် စေသော အကျင့်ဆိုးများ
- (အနောက်သို့) သင်သိပါသလား...? စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ပူဒီနာ စားသင့္တဲ့အခ်က္ မှတ်ပြီလား... ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ လူမှုဘ၀ သာယာမှုကို ထိခိုက် စေသော အကျင့်ဆိုးများ