ရန်ကုန်တက္ကသိုလ်နှင့် ကိုရီးယား တက္ကသိုလ်သုံးခု နားလည်မှုစာချွန်လွှာ ရေးထိုးမည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ အဆင့်မြင့်ပညာရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေးအတွက် ရန်ကုန် တက္ကသိုလ်နှင့် တောင်ကိုရီးယားနိုင်ငံ တက္ကသိုလ်သုံးခုတို့က ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် နားလည်မှု စာချွန်လွှာများ ရေးထိုးမည် ဖြစ်ကြောင်း ရန်ကုန် တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ တစ်ဦးဖြစ်သူ ဒေါက်တာအေးအေးသန်းက The Voice သို့ ပြောကြားသည်။
နားလည်မှု စာချွန်လွှာ ရေးထိုးမည့် တက္ကသိုလ်များတွင် Chonnam University ? Hanyang University နှင့် Korea Research Institute of Bioscience and Biotechnology တို့ပါဝင်ပြီး ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် စတင်လက်မှတ် ရေးထိုးခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ ယင်းကြောင့် ရန်ကုန်တက္ကသိုလ် ကိုယ်စားလှယ် အဖွဲ့သည် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံမှ စတင်ထွက်ခွာခဲ့ပြီး ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိမည် ဖြစ်သောကြောင့် သတင်း အချက်အလက်များကို အဆိုပါရက် နောက်ပိုင်းတွင် ထုတ်ပြန်မည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။
“MoU (နားလည်မှု စာချွန်လွှာ) ပြီးရင်တော့ Grants (ထောက်ပံ့ကြေး) အတွက် ဆွေးနွေးဖို့ ရှိတယ်။ အဓိက ဘယ်ဧရိယာတွေက စလုပ်မလဲ ဆိုတာတွေပေါ့” ဟု ဒေါက်တာအေးအေးသန်းက ဆိုသည်။
လက်ရှိ နှစ်နိုင်ငံ တက္ကသိုလ်များ MoU တွင် သုတေသန ပူးတွဲလုပ်ကိုင်ခြင်း၊ သင်ကြားရေး အစီအစဉ်၊ ပညာသင်ဆု ထောက်ပံ့ခြင်းနှင့် တက္ကသိုလ် နည်းပြများ ဖလှယ်ခြင်းတို့ကို အဓိက သဘောတူ လက်မှတ် ထိုးခြင်း ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်များအရ သိရသည်။ ရန်ကုန် တက္ကသိုလ်တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှ စတင်ပြီး ဘွဲ့ကြို သင်တန်းများကို လက်ခံခဲ့သည့်အပြင် အမေရိကန်၊ ဗြိတိန်၊ ဂျပန်နှင့် အခြားနိုင်ငံ တကာတက္ကသိုလ်၊ အဖွဲ့အစည်းများနှင့်လည်း နားလည်မှု စာချွန်လွှာ ပူးပေါင်း ဆောင်ရွက်မှု များ ဆောင်ရွက်လျက် ရှိသည်။
The Voice Daily
The Voice Daily
27.2.2014
- (အရှေ့သို့) ဦးတင်မောင် တက္ကသိုလ်ပညာသင်ဆုမတ်လကုန် နောက်ဆုံးလျှောက်ထားရမည် JAVA leaning Myanmar (PDF)ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို မော်ဒယ် အေးချမ်းမြတ်မိုး ဓားထိုးခံရ၍ သေဆုံးSamsung Multipackage Firmware Collection သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'