အန္တရာယ်ရှိပေမယ့် တင်ပါးကြီးအောင် ဆေးထိုးခြင်း ဗင်နီဇွဲလားနိုင်ငံမှာ ရေပန်းစားနေဆဲဖြစ်


ဂျနီဖာ လိုပက်ဇ်၊ ကင်မ်ကာဒီ ရှီယန် စတဲ့ နာမည်ကြီး မင်းသမီး တွေကို အားကျတဲ့ သူတွေဟာ သူတို့ လို ပုံစံ မျိုးပြုလုပ်ဖို့ စိတ်အား ထက်သန် နေကြ ပါတယ်။ ဂျနီဖာလိုပက်ဇ် နဲ့ ကင်မ်ကာဒီရှီယန် တို့ဟာ သူတို့ရဲ့ ကြီးမားလှတဲ့ အလှတွေနဲ့ ပုရိသယောက်ျားတွေကို ဆွဲဆောင်ထားတာ ဖြစ်ပါတယ်။ ဗင်နီဇွဲလား နိုင်ငံဟာ ကမ္ဘာ့အချောအလှဆုံးအမျိုးသမီးတွေကို မွေးထုတ်ပေးရာမှာ နာမည်ကြီးတဲ့နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ ဗင်နီဇွဲ လားနိုင်ငံက အမျိုးသမီးတွေဟာ အလှအပရေးရာအတွက် သုံးစွဲတဲ့ ငွေကြေးက တစ်နှစ်ကို ဒေါ်လာ(၂ ဒသမ ၅) ဘီလီယံအထိရှိပါတယ်။ ဗင်နီဇွဲလား နိုင်ငံက အမျိုးသမီးတွေဟာ တင်ပါးကြီးအောင် ဆေးထိုးနေကြပြီး ဒီလို ပြု လုပ်တဲ့အရည် အတွက်က (၂၀၀၀)နီးပါး အထိရှိ နေပြီလို့ သိရပါတယ်။ ဒါပေမဲ့ အဲဒီထဲက (၁၇) ဦးဟာ အသက် အန္တရာယ်ဆုံးရှုံးသွားခဲ့ရတဲ့အခြေ အနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့်မို့ ဗင်နီဇွဲလားအစိုးရဟာ တင်ပါးကြီး အောင် ဆေးထိုးမှုတွေကို ပိတ်ပင်ထားပါတယ်။

ဗင်နီ ဇွဲလားမှာ ဆီလီကွန်တွေကို တရားမ၀င်သယ် ဆောင်ခဲ့ လို့ရှိရင် ထောင်ဒဏ်(၂) နှစ်အထိ ချမှတ် နိုင် ပါတယ်။ ဒါပေမဲ့ အမျိုး သမီးတွေဟာ အလှအပရေးရာအတွက် တင်ပါးကြီးအောင် ဆေးထိုးခြင်းတွေကို တရားမ၀င် နည်းလမ်းတွေနဲ့ ပြုလုပ်ခဲ့ကြပါတယ်။ ဗင်နီဇွဲလား နိုင်ငံက အသက်(၂၀) နှစ်သာ ရှိသေးတဲ့ တက္ကသိုလ် ကျောင်းသူ ဆိုဖီယာဟာ သူ့ရဲ့တင်ပါးကြီးအောင် ဆရာဝန်တစ်ဦးထံ တရား မ၀င် ဆေးထိုးမှု ပြုလုပ်ခဲ့ပါတယ်။ ဒါကို အမေရိကန်နိုင်ငံရှိ ABC ရုပ်သံက ရိုက်ကူး တင်ဆက်ခဲ့ပါတယ်။ အမေရိကန် နိုင်ငံမှာလည်း တင်ပါးကြီး အောင်ဆေးထိုးခြင်းကို တားမြစ်ပိတ်ပင်ထားပေမယ့် တွင်ကျယ်စွာ ပြုလုပ်နေဆဲဖြစ်ပါတယ်။

Messenger News Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...