ထူးဆန်းသောကျောက်ဖားကြီးနှင့် ဥများ မြဝတီအနီး ချောင်းထဲကတွေ့ရှိ
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBC1mIIII1ZF6guhDfolGIgXEU4AnZWSmIjAjeNQKVEZL3gLY4U403QeRyEnF1uhKvAgF2DqgOq_Ac5EXWnlhMcv8W_GjPqHmZgqwq2fe6yWzOtXlrISx_CT5h9vCPN69FbM7_oNqAr8Fk/s400/131.jpg)
ထက်ဖြိုးပိုင် ၊ သထုံ၊ မတ် ၁၅
ကရင်ပြည်နယ် ရွှေ ကုက္ကိုရွာမှရရှိသော အလေးချိန် ၁၃ပိဿာ ခန့်ရှိ ထူးဆန်းသောကျောက်ဖားကြီး တစ် ကောင်နှင့် ဥခြောက်လုံးအား သထုံမြို့ နတ်ကျွန်းရပ်ရှိ အဘယသုခကျောင်းတိုက် တွင် မတ် ၁၄ ရက်ညက လာရောက်ပြ သရာ လာရောက်ကြည့်ရှုသူ ဒေသခံများ ဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
''ဒီကျောက်ဖားကို ဆွံ့အ နား မကြားလူငယ်တစ်ယောက်က ကရင်ပြည် နယ် မြဝတီမြို့နယ် ရွှေကုက္ကို ရွာချောင်း ထဲကနေ လွန်ခဲ့တဲ့ တစ်ပတ်လောက်က ရရှိခဲ့တယ်လို့ ပြောတယ်။ ကျောက်ဖားအ ပြင် ဥတွေပါ တွေ့ရတယ်ဆိုတော့ တော် တော်ထူးဆန်းတယ်လို့ ဆိုရမယ်။ ပြီးတော့ ကျောက်ဖား သာပြောတယ် တကယ့်ဖား အစစ်အတိုင်း ခုန်ထွက်တော့မယ့်ဟန် ဖြစ်နေတယ်''ဟု အဘယသုခကျောင်း တိုက်မှ ဦးဇင်းတစ်ပါးက မိန့်သည်။
အဆိုပါ ကျောက်ဖားအား ဘုရားငါးဆူ၊ ညောင်ငါးပင်နှင့် အတူ ကျောင်း ဆောင် ဆောက်လုပ် လှူဒါန်း၍ ရွှေကုက္ကို ရွာ၌ ထားရှိသွားမည်ဖြစ်ကြောင်း သိရ ပြီး ကျောင်းဆောင်ဖြစ်မြောက်ရေး အ တွက် လာရောက်ကြည့်ရှုသူများကလည်း ငွေများ ထည့်ဝင်လှူဒါန်းကြကြောင်း သိ ရသည်။
''ကျောက်ဖားကို အဓိဋ္ဌာန်နဲ့ မ,ကြည့်ကြတယ်။ တော်ရုံလူတစ်ယောက် တည်း မ,မနိုင်ဘူး။ အဓိဋ္ဌာန်အောင်မယ် ဆိုရင်တော့ ကျောက်ဖားကိုမတာ ပေါ့နေ တာတွေ့ရတယ်''ဟု လာရောက်ကြည့် ရှုသူ ဒေသခံတစ်ဦးကဆိုသည်။
The Flower News Journal အတွဲ ၁၀ အမှတ် ၁၂