ပဲနို့ကြိုက်တဲ့ ကိုကို ပျိုပျိုတို့ သတိထားဖို့ ပါ။


ပဲနို့သည် ကလေးရော လူကြီးပါ ကြိုက်သော အစားအသောက် တစ်မျိုးဖြစ်ပါသည်။ ထိုကြောင့် ပဲနို့ကို သောက်ရာတွင် ကျန်းမာရေးအတွက် ဖော်ပြပါ အချက်လေးချက်ကို သတိပြု ရှောင်ရှားသင့်ပါသည်။

၁။ ကြက်ဥနှင့် အတူ ဖျော်သောက်ရန် ရှောင်ရပါမည်

ကြက်ဥထဲတွင် စေးကပ်သော ဥအကာသည် နို့ထဲက ထရစ်ပဆင်(Trypsin)နှင့် ပေါင်းစပ် မိသောအခါ လခန္ဓာကိုယ်မှ စုပ်ယူနိုင်သော အရာဝတ္တု တစ်မျိုး ဖြစ်စေတတ်၍ ပဲနို့၏ အာဟာရဓာတ်ကို ဆုံးရှုံး သွားစေတတ်ပါသည်။

၂။ ကြံသကာနှင့် အတူ ဖျော်သောက်ရန် ရှောင်ရပါမည်

ကြံသကာ အတွင်းရှိ သြဂဲနစ် အက်စစ်သည် ပဲနို့ထဲက ပရိုတင်းဓာတ်နှင့် ပေါင်းစပ်မိသောအခါ အနှစ်သာရပြောင်းကာ အနည်ကျ ပစ္စည်း ဖြစ်ပေါ် လာစေတတ်သည်။ သကြားနှင့် ပဲနို့ ဖျော်ပါက ထိုသို့ ဆိုးကျိုး သက်ရောက်မည် မဟုတ်ပါ။

၃။မကျက်တကျက် ပြူတ်ပြီး မသောက်သင်

ပဲနို့ထဲတွင် ထရစ်ပဆင် တားဆီးသည့် အရာဝတ္ထုရှိ၍ ကျက်အောင် မပြုတ်ဘဲ သောက်သုံးပါက အော်ဂလီ ဆန်တတ်သည်။ အော့အန် တတ်သည်။ နောက်ဆုံး ဝမ်းလျှောတတ်ပါသည်။

၎။ဓာတ်ဘူးနဲ့ မတည့်

ပဲနို့တွင်ပါသော အစေးများသည် ဓာတ်ဘူးထဲက ရေချေးကို ချွတ်နိုင်သဖြင့် အချိန်ကြာလျှင် ပဲနို့တွင် ရောဂါပိုးမျာ ပြန့်ပွားစေတတ်၍ ကျန်းမာရေးက အထူး ထိခိုက်စေပါသည်။

Good Health

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...