လေယာဉ်ပျက်လို့ ယူဆရတဲ့ အပိုင်းအစတချို့ ပင်လယ်ထဲ တွေ့ပြီ

-
ပဟေဠိ မလေး လေယာဉ်ရဲ့ အပိုင်းအစတချို့ ဖြစ်နိုင်ဖွယ်ရှိတဲ့ အရာတချို့ ပင်လယ်ထဲ မျောနေ တာ တွေ့ရတယ် ဆိုတဲ့ သြစတေးလျ အနောက်တောင်ဘက်ကမ်းခြေကို ရှာဖွေရေးလေယာဉ်တွေ ဦးစားပေး ရှာဖွေ နေပါတယ်လို့ နိုင်ငံတကာသတင်းတွေက ဆိုပါတယ်။

သြစတေးလျ အာဏာပိုင်တွေပြောတာကတော့ အဲဒါတွေကို ဂြိုလ်တုကနေ ဓာတ်ပုံရိုက် မှတ်တမ်းတင်ထား တာဖြစ်တယ်၊ သြစတေးလျ Perth မြို့နဲ့ မိုင် ၁,၅၅၀ ဝေးတဲ့ နေရာမှာဖြစ်တယ်လို့ ဆိုပါတယ်။

အပိုင်းအစတခုက ခန့်မှန်းချေ ပေ ၈ဝ ရှည်တယ်လို့ ဆိုတယ်။

သြစတေးလျအာဏာပိုင်တို့ရဲ့ အဆိုအရ သူတို့ဆီက လေယာဉ်တစီး၊ အမေရိကန်တို့ဆီက တစီး အဲဒီနေရာမှာ ရောက်နေ ရှာနေပြီလို့ ဆိုပါတယ်။

နိုင်ငံတကာမှာတော့ အသံလွှင့်ဌာန၊ ရုပ်မြင်သံကြား၊ အွန်လိုင်း သတင်းဌာန အများအပြားက ဒီအကြောင်း အရာကိုပဲ ထုတ်ပြန်နေကြတာ တွေ့ရပါတယ်။



အဲဒီနေရာကို သင်္ဘောတွေသွားဖို့လည်း ညွှန်ကြားထားတယ်၊ သို့သော်လည်း ကုန်းမြေနဲ့ မိုင်တထောင်ကျော် ဝေးတဲ့အတွက် အဲဒီနေရာ ရောက်ဖို့ ရက်အနည်းငယ် ကြာဦးမယ်လို့ ဆိုပါတယ်။

လူပေါင်း ၂၃၉ ဦး လိုက်ပါသွားတဲ့ မလေးရှားလေကြောင်းလိုင်းလေယာဉ် ပျောက်ဆုံးတာ ၁၂ ရက်လာတဲ့ အချိန်မှာ ဒီသတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဧရာဝတီ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...