Nazi Medical Experiments အော့နှလုံးနာစရာ နာဇီ ဆေးပညာ စမ်းသပ်မှုကြီး


ဒုတိယကမ္ဘာစစ်အတွင်းက နာဇီဂျာမဏီဆရာဝန်တွေကနေ အော့နှလုံးနာစရာကောင်းလှတဲ့ ဆေးပညာ စမ်းသပ်မှုတွေကို ဖမ်းထားတဲ့ မဟာမိတ်စစ်သုံ့ပမ်းတွေရဲ့ သဘောတူညီမှု မယူဘဲ စိတ်တိုင်းကျ ပြုလုပ် ခဲ့ကြတယ်။ ကနေ့ခေတ်အရ ဆေးပညာပဋိညာဉ်ကို လွန်လွန်ကျူးကျူး ချိုးဖေါက်ခဲ့တာဖြစ်တယ်။

သူတို့လုပ်ခဲ့တာတွေကို ပြန်ဆန်းစစ်ရင် အတန်းအစား (၃) မျိုးတွေ့ရတယ်။

(၁) ဝန်ရိုးတန်းနိုင်ငံတွေရဲ့ စစ်သည်တွေ အသက်ရှင်ရပ်တည်နိုင်ရေးအတွက်ဖြစ်တယ်။ (ဒါချူအာ) က ဂျာမန် လေတပ်ဆရာဝန်တွေက အင်စတီကျုထောင်ပြီး လုပ်ခဲ့တာဖြစ်တယ်။ လေတပ်သားတွေ အထက် အမြင့်ပေ ဘယ်လောက်ထိ တက်နိုင်ပြီး လေထီးနဲ့ခုန်ချနိုင်မလဲဆိုတဲ့ အများဆုံးကို သိချင်လို့ဖြစ်တယ်။

(၂) ဆေးဝါးနဲ့ ဆေးကုနည်းတွေအတွက်ဖြစ်တယ်။ (ဒါချူအာ)၊ (ဆက်ဆန်ချော်ဆန်)၊ (နဇ်ဝိုင်လာ)၊ (ဘူချန်ဝေါလ်) နဲ့ (ငုယင်ဂါမီး) ထိန်းသိမ်းရေးစခန်းတွေက သုံပမ်းတွေကို သုံးခဲ့တယ်။ ကူးစက်ရောဂါတွေ အတွက် ကာကွယ်ဆေးတွေ ထုတ်ဘို့ ရည်ရွယ်တယ်။ ငှက်ဖျား၊ တိုက်ဖွိုက်၊ အဝါရောင်အဖျား၊ ကူးစက်အသားဝါရောဂါတွေ ပါဝင်တယ်။ (ရေဘင်ဗျုခ်) ကင့်မှာ အရိုးအစားထိုးနည်းကို စမ်းသပ်တယ်။ ဆာလ်ဖါဆေး အစွမ်းကိုလဲ အဲဒီမှာဘဲ စမ်းသပ်ခဲ့တယ်။ အကျဉ်းသားတွေကို (ဖေါ့စ်ဂျင်း) နဲ့ မုန်ညင်း အဆိပ်ဓါတ်ငွေ့စမ်းရာမှာသုံးတယ်။

(၃) နာဇီမျိုးဗီဇနဲ့ အိုင်ဒီယော်လော်ဂျီအတွက် စမ်းတာဖြစ်တယ်။
(ဂျိုးဖက် မင်ဂလေး) ကနေ (အော့ဇ်ဝခ်ျ) မှာ အမွှာ (၁၅ဝဝ) ကို စမ်းသပ်ခဲ့တယ်။ ၂ဝဝ လောက်သာ အသက်ရှင် ကျန်ရစ်တော့တယ်။ (သြဂတ်စ် ဟာ့တ်) ကနေ (စထွက်စ်ဘဂ်) တက္ကသိုလ်မှာ Jewish racial inferiority ဂျူးတွေ ဘယ်လောက် နိမ့်ကျသလဲ ဆိုတာအတွက် စမ်းသပ်တယ်။

အဲဒါတွေအပြင် လူတွေ (ဂျူးနဲ့ ဂျစ်ပစီ) အစုလိုက်အပြုံလိုက် မျိုးဆက်ဖြတ်နည်းတွေကို (အော့ဇ်ဝခ်ျ) နဲ့ (ရာဘင်စ်ဗျုခ်) မှာ စမ်းတယ်။ လက်နက်ဆန်းတွေအတွက်လဲ စမ်းတယ်။

စမ်းသပ်နည်းတွေကို စာရင်းချရရင် -
1. Bone, muscle, and nerve transplantation experiments အရိုး၊ ကြွက်သားနဲ့ အာရုံကြော အစားထိုးနည်း၊
2. Experiments on twins အမွှာ၊
3. Experiments with poison အဆိပ်အမျိုးမျိုး၊
4. Freezing experiments အေးခဲနည်း၊
5. Head injury experiments ဦးခေါင်ဒဏ်ရာရခြင်း၊
6. High altitude experiments အမြင့်ပေစမ်းသပ်မှု၊
7. Immunization experiments ကာကွယ်ဆေး၊
8. Incendiary bomb experiments မီးလောင်ဗုန်း၊
9. Malaria experiments ငှက်ဖျား၊
10. Mustard gas experiments မုန်ညင်းအဆိပ်ဓါတ်ငွေ့၊
11. Sea water experiments ပင်လယ်ရေစမ်းသပ်မှု၊
12. Sterilization experiments မျိုးဆက်ဖြတ်နည်း၊
13. Sulfonamide experiments ဆာလ်ဖါဆေး၊

(အက်ဒဝပ် ဟာ့သ်စ်) က ခေါင်းဆောင်ပြီး အကျဉ်းသားတွေကို ရွေးချယ်တယ်။ (အဲလ်ဗတ် ဟိမ်း) နဲ့ (ကားလ် ဘာနက်) တွေကလဲ ခေါင်းဆောင်တွေ ဖြစ်ကြတယ်။ ဒုတိယလူက လိင်တူသမားတွေကို ဘယ်လိုကုသနိုင်မလဲဆိုတာကို စမ်းသပ်တယ်။

ငှက်ဖျားကိုစမ်းရာမှာ လူကောင်းတွေကို ငှက်ဖျားခြင်မတွေရဲ့ ချွဲအိတ်တွေဆေးထိုးပေးပြီး စမ်းတယ်။ ရောဂါရလာပြီဆိုရင် ဆေးတွေအမျိုမျိုးပေးစမ်းတယ်။ တဝက်မကသေကြရတယ်။

၁၄-၇-၁၉၃၃ မှာ မျိုးဗီဇညံ့သူလို့ သူတို့သတ်မှတ်ထာ ခံရသူတွေကို ဥပဒေလုပ်ပြီး မျိုးဆက်ပွါး တာကိုတားမြစ်တယ်။ ဥာဏ်ရည်နိမ့်သူတွေ၊ ရူးသွပ်နေသူတွေ၊ (စကီဇိုဖရီနီးယား) စိတ်ဝေဒနာသည်တွေ၊ အရက်စွဲနေသူတွေ၊ မျက်စိမမြင်သူတွေ၊ နားမကြားသူတွေ၊ ကိုယ်လက်အင်္ဂါ ချို့ယွင်းနေသူတွေကို စာရင်းထဲမှာ ထည့်တယ်။ Aryan race အာရီယန်မျိုးနွယ်တွေသာ လွှမ်းမိုးစေဘို့ရည်ရွယ်တာ ဖြစ်တယ်။ ၄ နှစ်အတွင်း လူပေါင်း ၃ သိန်းကို မျိုးမပွါးနိုင်တော့အောင် လုပ်ခဲ့တယ်။

စမ်းသပ်ခံရသူတွေဟာ သေချင်သေမယ်။ မသေလဲ ပုံပျက်ပမ်းပျက်ဖြစ်ကြရတယ်။ ရာသက်ပန် ဒုက္ခိတဖြစ်တယ်။ မသေဘဲကျန်ရစ်သူတွေကိုလဲ သတ်ပြစ်တယ်။ တချို့ကို မသတ်ဘဲ တစစီဖြတ်ပစ်သေး တယ်။ အလောင်းတွေကို ခွဲစိတ်ပြီး စစ်ဆေးတယ်။ လိင်ကတဆင့် ကူးစက်ရောဂါတွေရနေတဲ့ ပြည့်တန် ဆာအမျိုးသမီးတွေလဲ စမ်းသပ်ခံရသူတွေထဲမှာ ပါတယ်။

ဓါတ်ပုံ = စမ်းသပ်ခံရတဲ့ကလေးတွေရဲ့ ချိုင်းကတက်စေ့တွေကို ခွဲစိတ်ပြီး တီဘီပိုးတွေ ကူးစက်စေတယ်။ အဲဒီ (ငုယင်ဂါမီး) ထိန်းသိမ်းရေးစခန်းက ကလေးအားလုံးကို နောက်ဆုံးမှာ သတ်ပြစ်လိုက်တယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၃-၂ဝ၁၄

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...