အမြင်အာရုံ ပြန်လည်ရရှိစေမယ့် ဆေးဝါးပေါ်ပေါက် လာတော့မည်လော


Health Updates Journal, No. 109

အသက်ကြီးလာတဲ့အခါ အမြင် အာရုံချို့ယွင်းလာခြင်းနဲ့ မြင်လွှာပြဿနာတွေကို ကုသနိုင်မယ့် ဓာတ်ပေါင်း တစ်မျိုးကို ရှာဖွေနိုင်ခဲ့ကြောင်း သုတေသနတစ်ရပ်မှာ ဖော်ပြထားပါတယ်။

မြင်လွှာဟာ အလွှာသုံးလွှာရှိတဲ့ အာရုံကြောဆဲလ်တွေ ဖြစ်ပါတယ်။ အပြင်ဘက်ဆုံးအလွှာမှာပဲ အလင်းကို တုံ့ပြန်နိုင်တဲ့၊ ကမ္ဘာကြီးကို မြင်တွေ့ရနိုင်တဲ့ ကန်တော့ပုံနဲ့ တုတ်ချောင်းပုံဆဲလ်တွေရှိတာပါ။ အဲဒါကြောင့် ရောဂါတစ်ခုခုကြောင့် အဲဒီ ဆဲလ်တွေသေဆုံးသွားပြီဆိုရင် ကျန်တဲ့မြင်လွှာ အစိတ်အပိုင်းတွေ ဘယ်လိုပဲအကောင်းအတိုင်းရှိရှိ အမြင်အာရုံကို မရနိုင်တော့ပါဘူး။

ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သုတေသီ Dr.Richard Kramer နဲ့အဖွဲ့ဟာ မျက်မမြင်ကြွက်တွေမှာ စမ်းသပ်မှုတစ်ခုလုပ်ခဲ့ပါတယ်။ အလင်းရောင်ကို မတုံ့ပြန်နိုင်တဲ့ အာရုံကြောဆဲလ်တွေကို တုံ့ပြန်လာစေနိုင် တဲ့ photoswitch လို့ ခေါ်တဲ့ ဓာတုပစ္စည်းတစ်မျိုးကို တီထွင်နိုင်ခဲ့ပါတယ်။

ဒီဓာတ်ပေါင်းဟာ မူလက အလွန်စူးရှတဲ့ ခရမ်းလွန်ရောင်ခြည်ကိုသာ တုံ့ပြန်နိုင်တာမို့ ဆေးပညာ သုတေသနတွေအတွက် မသင့်တော်ခဲ့ပါဘူး။ ဒါပေမယ့်Dr.Richard Kramer နဲ့အဖွဲ့ကပုံမှန်နေ့အလင်းကို တုံ့ပြန်နိုင်တဲ့ အခြေအနေကို ပြောင်းလဲနိုင်ခဲ့ပြီး ကြွက်တွေကို ထိုးသွင်းခဲ့ရာမှာ နေ့ပေါင်းများစွာအလင်းကို အာရုံခံနိုင်ခဲ့ကြောင်း ဖော်ထုတ် နိုင်ခဲ့ပါတယ်။ ဒါ့အပြင် မြင်လွှာပျက်စီးနေရင်လည်း အဆိုပါ ဓာတ်ပေါင်းက အလင်းကိုမြင်တွေ့စေနိုင်တာကြောင့် ဒီဓာတ်ပေါင်းကို အသုံး ပြုပြီးအမြင်အာရုံကို ပြန်ရစေမယ့် ဆေး ၀ါးတွေကို တီထွင်နိုင်မှာဖြစ်ကြောင်းသိရှိရပါတယ်။

ယခုလေ့လာမှုကို Cell Press Journal Neuron မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

သက်ကို
ref;ANI

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...