နိုဗယ်ဆုရ ပညာရှင်တစ်ဦး ထောက်ခံခဲ့တဲ့ HPV ကာကွယ်ဆေး


Health Updates Journal, No. 109

နိုဗယ်ဆုရ ဂျာမန်ဗိုင်းရပ်ပိုးဆိုင်ရာပညာရှင် Harald Zur Hausen ဟာ HPVနဲ့ ဆက်စပ်နေတဲ့ ကင်ဆာများ ကို ကာကွယ်နိုင်တဲ့ ဆေးဝါးကို ထောက်ခံချက်ပေးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ ပြုလုပ်တဲ့ BioAsia ၂၀၁၄ အခမ်းအနားမှာ ပိုးဝင်မှုကြောင့်ဖြစ်တဲ့ ကင်ဆာရောဂါရှင်တွေရဲ့ ၆၀%ကို ဗိုင်းရပ်ပိုးတွေက ဖြစ်ပွားစေတယ်လို့ ပြောကြားခဲ့ပါတယ်။ Harald Zur Hausenကို ရှာဖွေတွေ့ ရှိခဲ့တာကြောင့် ၂၀၀၈ခုနှစ်အတွက် ဇီဝကမ္မဗေဒ/ ဆေးပညာဆိုင်ရာ နိုဗယ်ဆုကို ရရှိခဲ့သူလည်းဖြစ်ပါ တယ်။

“ကမ္ဘာပေါ်မှာ သြစတေးလျ နိုင်ငံဟာ ကာကွယ်ဆေးထိုးနှံမှုနှုန်း အမြင့်မားဆုံးနိုင်ငံ ဖြစ်ပါတယ်။ တခြားနိုင် ငံတွေကလည်း အတုယူသင့်ပါတယ်။ ကင်ဆာရောဂါတွေရဲ့ ၂၁% ဟာ ပိုးကူးစက်မှုကြောင့် ဖြစ်ပွားရပြီး အဲဒီထဲကမှ ၆၀%လောက်ဟာ ဗိုင်းရပ်ပိုးကြောင့်ဖြစ်ပြီး ကျန်ခဲ့တဲ့ရာခိုင်နှုန်းကတော့ ဘက်တီးရီးယားနဲ့ ကပ်ပါးပိုးတွေကြောင့် ဖြစ်တာပါ”လို့ နိုဗယ်ဆုရပညာရှင်က ပြောပြခဲ့ပါတယ်။

Harald Zur Hausen ထောက်ခံခဲ့တဲ့ ကာကွယ်ဆေးကတော့ GAVI, Global Alliance for Vaccines and Immunisations အဖွဲ့က ကမ္ဘာပေါ်က ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ဖြန့်ချိနေတဲ့ HPV ကာကွယ်ဆေးပဲဖြစ်ပါ တယ်။ ဒီကာကွယ်ဆေးဟာ ဒေါ်လာ၁၃၀လောက် တန် ကြေးရှိတယ်လို့ သိရပါတယ်။ GAVI နဲ့ အာနိသင် တူညီတဲ့ ဆေးဝါးတွေကပိုပြီး ဈေးကြီးပါတယ်။ ဈေး နှုန်းကို ဆက်လက်လျှော့ချပေးဖို့ တောင်းဆိုထားပါ တယ်” လို့ Harald Hausenu က ပြောကြားထားပါတယ်။

သက်နှင်း
ref;PTI

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...