စင်ကာပူနိုင်ငံမှာ မာရစ်စကောလားရှစ် လျှောက်ထားနိုင်


စင်ကာပူနိုင်ငံမှာ မေဂျာပေါင်းစုံတက်ရောက်နိုင်တဲ့ အမ်ဒီအိုင်အက်စ်က ပေးအပ်မယ့်မာစတာနဲ့ ဘွဲ့ဒီဂရီတန်းတွေအတွက် မာရစ်စကောလားရှစ်ကို Study Abroad ကလျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

အမ်ဒီအိုင်အက်စ်ရဲ့ မာရစ်စကောလားရှစ်မှာ မာစတာဒီဂရီတွေအတွက် စင်ကာပူဒေါ်လာ ၄၀၀၀ နဲ့ ဘွဲ့ဒီဂရီတွေအတွက် စင်ကာပူဒေါ်လာ ၃၂၀၀ ရရှိနိုင်တယ်လို့ Study Abroad Information Centre ကသိရပါတယ်။

လျှောက်ထားသူ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ထူးချွန်တဲ့ပညာရပ်ဆိုင်ရာ မှတ်တမ်းတွေ ကို ပြသနိုင်ရမှာဖြစ်ပါတယ်။

အမ်ဒီအိုင်အက်စ်ကျောင်းမှာ စီးပွားရေး၊ အင်ဂျင်နီယာ၊ ဖက်ရှင်ဒီဇိုင်း၊ အိုင်တီ၊ ကျန်းမာရေးနဲ့ လူမှုဘဝ သိပ္ပံ၊ လူထုဆက်သွယ်ရေး၊ ခရီးသွားနဲ့ဟိုတယ်စီမံခန့်ခွဲဘာသာရပ်တွေကို တက်ရောက်နိုင်ပါတယ်။

မာရစ်စကောလားရှစ် လျှောက်ထားလိုပါက Study Abroad ကိုဆက်သွယ်စာရင်းပေးသွင်းရမှာ ဖြစ်ပါ တယ်။

မော်ဒန်သတင်းဂျာနယ်
အမှတ်(၄၀၀)၊ မတ်လ(၁၄) ရက်၊ ၂၀၁၄ ခုနှစ်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...