မြန်မာကျောင်းသားတွေ စိတ်ဝင်စားမှုများလာတဲ့ စိတ်ပညာဘာသာရပ်


အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပညာသင်ယူခြင်းဟာ ယှဉ်တွဲနေပြီးမြန်မာကျောင်းသူ၊ ကျောင်းသားတွေ အလုပ်အကိုင်အခွင့်အလမ်းတွေအပေါ် ပိုမိုကျယ်ပြန့်တဲ့အမြင်နဲ့ ရှုမြင်လာကြပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းလို့ပြောရာမှာ အရင်ကအင်ဂျင်နီယာ၊ အိုင်တီ၊ ခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှု ဘာသာရပ်တွေကိုသာ အလေးပေးပြီး စိတ်ပညာ (Psychology) ဘာသာရပ်ကို ကျောင်းသူ၊ ကျောင်း သားတွေအနည်းငယ်သာ ရွေးချယ်တက်ရောက်လေ့ရှိကြပါတယ်။ အခုနောက်ပိုင်း အဲသည်ဘာသာ ရပ်အပေါ် ပိုမိုစိတ်ဝင်စားလာကြပြီး စိတ်ပညာဘာသာရပ်နဲ့ အရေးပါမှုကို လူငယ်တွေ ပိုမိုမေးမြန်းလာ ကြတယ်လို့ Crown Education ကသိရပါတယ်။

စိတ်ပညာဘာသာရပ်က တစ်နည်းအားဖြင့် ကျွမ်းကျင်မှုတွေကို လေ့ကျင့်သင်ကြားပေးတဲ့ ဘာသာရပ် တစ်ခုဖြစ်ပါတယ်။ ဥပမာစိတ်ပညာမှာ သုတေသနပြုလုပ်တာ၊ တိုင်းတာတာ၊ တွက်ချက် တာ၊ ပြဿနာ တွေဖြေရှင်းတာ၊ ဆန်းစစ်ဝေဖန်စတာတွေကို လေ့လာသင်ယူနေရပါတယ်။

စိတ်ပညာဘာသာရပ်မှာ ဘွဲ့ယူပြီးအလုပ်လုပ်ကိုင်နိုင်တဲ့ နေရာတွေအများကြီးရှိပါတယ်။ Clinical & Counseling Psychology, Community Psychology, Cross-cultural Psychology, Develop-ment Psychology, Environmental Psychology, Industrial & Organizational Psychology, Health Psychology, School and Education Psychology, Social Psychology စသဖြင့်နယ်ပယ် တွေ အများကြီးရှိပါတယ်လို့ Crown Education မှပညာရေး အတိုင်ပင်ခံတစ်ဦးကပြောပါတယ်။

စိတ်ပညာဘွဲ့ရတွေအနေနဲ့ လူ့စွမ်းအားအရင်းအမြစ်ဌာနတွေ၊ ကြော်ငြာဌာနတွေ၊ အာမခံလုပ် ငန်း၊ ချေးငွေဌာနတွေ၊ အများပြည်သူနဲ့ဆက်ဆံတဲ့နေရာတွေ၊ လက်လီအရောင်းစီမံခန့်ခွဲမှု၊ အရောင်းကိုယ် စားလှယ်စသဖြင့် လုပ်ကိုင်နိုင်ပြီး သုတေသနဘက်မှာလည်း သတင်းအချက်အလက် အထူးပြုသူ၊ သုတေသနပညာရှင်၊ ဈေးကွက်သုတေသနပညာရှင်၊ သုတေသနဆိုင်ရာ ခွဲခြမ်းစိတ်ဖြာသူ စသဖြင့် လုပ်ကိုင်နိုင်တယ်လို့ သိရပါတယ်။

James Cook University Singapore ရဲ့ စိတ်ပညာပရိုဂရမ်တွေက စင်ကာပူနိုင်ငံမှာ သင်ကြား ပို့ခွင့်ရှိတဲ့ Australia Psychology Accreditation Council (APAC) ကအသိအမှတ်ပြုထားတဲ့ တစ်ခုတည်းသော ပရိုဂရမ်ဖြစ်ပြီး လက်တွေ့ Clinical သင်ယူမှုပါဝင်တဲ့ Master of Psychology ကိုဆက်လက် သင်ယူနိုင်ကာ Ph.D အထိပါ ဂျေစီယူမှာသင်ယူနိုင်ပါတယ်။ အဲသည်ဘာသာရပ်တွေကို အမ်ဘီဘီအက်စ်ဘွဲ့ ရရှိထားပြီး စိတ်ပညာဘာသာရပ်ကို စိတ်ဝင်စားတဲ့သူတွေက နိုင်ငံတကာမှာ အလုပ်အကိုင် အခွင့်အရေးကောင်းများ ရရှိနိုင်မှာဖြစ်ပါတယ်။

မာစတာပရိုဂရမ်ပြီးရင် စိတ်ပညာရှင် တစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်းပြုလိုပါက Australian Psychology Society (APS) နဲ့ Singapore Psychological Society တို့မှာအသင်းဝင် လျှောက် ထား နိုင်ပါတယ်။

အဲသည်ဘာသာရပ်နဲ့ ပတ်သက်ပြီး မတ် ၂၅ ရက်နေ့နံနက် ၁၀း၀၀ နာရီကနေ မွန်းတည့် ၁၂း၀၀ နာရီ အထိ Crown Education ရုံးခန်းမှာ ပြုလုပ်ပါမယ်။

မော်ဒန်သတင်းဂျာနယ်
အမှတ်(၄၀၀)၊ မတ်လ(၁၄) ရက်၊ ၂၀၁၄ ခုနှစ်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...