အသက်နဲ့ ရင်းပြီး ပညာသင်ယူနေကြသူများ

ရေစီးကြမ်းနေတဲ့ ချောင်းတခုကို ဖြတ်ကူးမှ ကျောင်းတက်ရမယ့် ကျောင်းသား၊ ကျောင်းသူလေးတွေကို ဗီယက်နမ် အမျိုးသားတဦးက ပလပ်စတစ် အိပ် ထဲ ထည့်ပြီး တဖက်ကမ်းကို ကူးပေးနေတဲ့ ရုပ်/သံမြင်ကွင်း တခုပါ။ ဓာတ်ပုံ- Caters News Agency
ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း ဟနွိုင်မြို့နားက ဂျန်ဗျန်ခရိုင် ဆမ် လန်ဆိုတဲ့ ရွာက မူလတန်း ကျောင်းသား၊
ကျောင်းသူလေးတွေဟာ ကျာင်းတက်ဖို့ အရေး ချောင်းရေကြီးနေတော့ ဖြတ်ကူးပြီး ကျောင်းတက်ဖို့ အခက် တွေ့နေခဲ့ပါတယ်။
ဒါကို ကျောင်းသား မိဘ တဦးဖြစ်တဲ့ ဗီယက်နမ် အမျိုးသား တဦးက ကျောင်းသား၊ ကျောင်းသူလေး
တွေကို ပလပ်စတစ်အိပ်ထဲ ထည့်ပြီး သူက ကူးခတ်ပို့ဆောင်ပေးတာပါ။
သူ့လိုအတွေးမျိုး ဘယ်သူ တွေးခဲ့မိပါလိမ့်၊ ဒါမျိုး ဗီယက်နမ်မှာပဲ ရှိမယ်လို့ ကျမ ထင်ပါတယ်။ ဒါပေမယ့် အန္တရာယ်သိပ်များပေမယ့် ကလေးတွေအားလုံးက အဆင်ပြေပြေပဲ တဖက်ကမ်းကို ရောက်သွားကြပြီး စာသင်ကြားခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဒီဖြစ်စဉ်ကို ဗီယက်နမ် ရုပ်သံလိုင်းတခုက တင်ပြသွားတာလည်းဖြစ်ပါတယ်။ ရေစီး ကြမ်းတဲ့ ချောင်းတခု ကို ဖြတ်ကူးကျောင်းတက်ဖို့ ကလေးတွေအတွက် အသက်အန္တရာယ်ပါ ထိခိုက်နိုင်တဲ့ ပလပ် စတစ် အိပ်ထဲ ထည့်ပြီး ရေထဲ ကူးခတ်မှု သယ်ဆောင်မှုပါ။
အခု မြင်ရမယ့် ဗွီဒီယို ကလစ်ကို ဆမ်လန်ရွာက ဗီယက်နမ်ကျောင်းဆရာ တောင်သီ မင်း ဆိုသူက ရိုက်ကူးမှတ်တမ်းတင်ထားတာဖြစ်ပါတယ်။
ကျောင်း ယူနီဖောင်းဝတ်လာကြတဲ့ ကျောင်းသား၊ ကျောင်းသူလေးတွေကို ထည့်ပြီး တဖက် ကမ်း ကူးပြီး ဟိုဘက်ကမ်း ရောက်တော့ ကျောင်းသား၊ ကျောင်းသူလေးတွေရဲ့ အဝတ်အစားလည်း ရေလည်း မစိုခဲ့ ပါဘူး တဲ့။

ဗီယက်နမ် အမျိုးသား ကတော့ တယောက်ချင်းစီကို ဟိုဘက်ကမ်း ကူးပြီး သယ်ပို့လိုက်၊ ဒီဘက်
ပြန်လာပြီး နောက်တယောက်ကို ခေါ်သွားလိုက် လုပ်ခဲ့တယ်လို့ မေးလ်အွန်လိုင်း သတင်းတပုဒ် မှာ ဖော်ပြထားပါတယ်။
အိမ့်သံစဉ် ~
Irrawaddy
- (အရှေ့သို့) ထိုင်းရောက် မြန်မာလုပ်သားတွေ ရင်ဆိုင်ရမယ့် အလုပ်သမားလက်မှတ်သစ် Ei Chaw Po (အိချောပို)..Pregnancy expectation ကိုယ်ဝန်ရချင်လို့သရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSCytotec (Misoprostol) ဆေးသုံးနည်းFlibanserin အမျိုးသမီးတွေ အတွက်ဆေး
- (အနောကျသို့) အားကျနေရုံဖြင့် မပြီးပါ . . . Ei Chaw Po (အိချောပို)..Pregnancy expectation ကိုယ်ဝန်ရချင်လို့သရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSCytotec (Misoprostol) ဆေးသုံးနည်းFlibanserin အမျိုးသမီးတွေ အတွက်ဆေး