Gurung လူမျိုးစုတွေရဲ့ ရှေးရိုးရာ တောရိုင်းပျားရည် စုဆောင်းခြင်း..



ဓါတ်ပုံဆရာ Andrew Newey က သူ့ရဲ့ နီပေါနိုင်ငံ ခရီစဉ်အတွင်း စိတ်ဝင်စားဖွယ်ရာ ဓါတ်ပုံအချို့ကို ရိုက်ကူး မှတ်တမ်းတင်ခဲ့ပါတယ်... နီပေါနိုင်ငံ Himalayas တောင်တွေမှာရှိတဲ့ တောရိုင်းပျားအုံတွေ ကနေ ပျားရည်စုဆောင်းနေတဲ့ ပုံတွေကို ရိုက်ကူးခဲ့တာပါ...

အန္တရာယ်များလှတဲ့ Himalayas တောင်တွေအကြားရှိ တောရိုင်းပျားအုံတွေကနေ ပျားရည်စုဆောင်းတာ ဟာ နီပေါနိုင်ငံအလယ်ပိုင်းရှိ Gurung လူမျိုးစုတွေရဲ့ ရှေးရိုးရာထုံးတမ်းအစဉ်အလာ တစ်ခုဖြစ်ပြီး... တနှစ်ကို ၂ ကြိမ် ရိုးရာမပျက် စုဆောင်းလေ့ရှိပါတယ်... အခုလို ကမ္ဘာ့အကြီးဆုံး တောရိုင်းပျားအုံတွေ ကနေ ပျားရည်တွေကို တောင်တက်သမားတွေလို စွန့်စွန့်စားစားနဲ့ စုဆောင်းနေတာဟာ တကယ့်ကို အံ့ဖွယ်တခုပါ...

တောရိုင်းပျားတွေဟာ သူတို့ရဲ့ အုံတွေကို တောင်ကမ်းပါးရံတွေမှာ စောက်ထိုးတွဲလောင်း ပြုလုပ်ထားတဲ့ အတွက် ပျားရည်စုဆောင်းသူတွေအတွက် အတော်လေးကို အန္တရာယ်များပါတယ်...



ဒီလို အန္တရာယ်များတဲ့ အလုပ်ကို လုပ်ဆောင်ဖို့ဆိုတာ တော်ရုံတန်ရုံ Skill နဲ့တော့ ရဖို့မလွယ်ကူပါ... Gurung လူမျိုးစုတွေအနေနဲ့ ဒီလုပ်ငန်းကို မျိုးဆက်တခုပြီးတခု လက်ဆင့်ကမ်းလာခဲ့တာ နှစ်ပေါင်းရာချီ ရှိခဲ့ပြီလို့ ဆိုပါတယ်..





ဒါပေမဲ့ အခုဆိုရင် တောင်တွေမှာ တောရိုင်းပျားရည် စုဆောင်းသူတွေဟာ တနှစ်ထက်တနှစ် အရေအတွက် နည်းလာပါပြီ... ဘာဖြစ်လို့လဲဆိုတော့ အများစုဟာ အိမ်တွေမှာ သူတို့ကိုယ်တိုင် ပျားတွေကို မွေးမြူပြီး ပျားရည် စုဆောင်းလာကြလို့ ဖြစ်ပါတယ်... ဒီနည်းဟာ လုံခြုံမှုနဲ့ အကျိုးအမြတ် လည်း ရှိတယ်လို့ ဆိုပါတယ်...







လုပ်ငန်းအောင်မြင်သွားလို့ နားရင်း စားရင်း....






Oddstuffmagazine/ http://lwanmapyay.blogspot.com/ Ko Myo

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...