Kyonggi University

အတွဲ (၁၅)၊ အမှတ် (၁၂)

1947 တွင် စတင်တည်ထောင်ခဲ့ပြီး အစိုးရအသိအမှတ်ပြု ပုဂ္ဂလိကပိုင် တက္ကသိုလ်တစ်ခုဖြစ်ကာ ဆိုးလ်၊ ဆူဝန်စသော မြို့ကြီးများတွင် တည်ရှိသော ရိုးရာ အစဉ်အလာ ထိန်းသိမ်းထားသည့် ကျောင်း တစ်ကျောင်း ဖြစ်သည်။ ကျောင်းသားဦးရေ ၁၇၀၀၀ ခန့် ပညာဆည်းပူးလျက်ရှိပြီး အထူးပြု ဘာသာပေါင်း ၈၀ ခု ခန့် သင်ကြားပးကာ ခရီးသွားလုပ်ငန်း၊ စီးပွားရေးအုပ်ချုပ်မှု နည်းပညာ၊ ဒီဇိုင်း၊ ကာတွန်းရေး ဆွဲခြင်း ဘာသာရပ်များကို ကျောင်းသားအများစု နှစ်ခြိုက်ကြသည်။ နှစ်ပေါင်း ၂၀ ကျော်မှ နိုင်ငံခြားသား ကျောင်း သားပေါင်း ၈၀၀ ကျော် ခန့်မှာ ကိုရီးယား ဘာသာစကားလေ့လာခြင်း၊ ဘွဲ့နှင့် ဘွဲ့လွန်စသော ပညာရပ်များ သင်ကြားလျက်ရှိသည်။ ပညာသင် စရိတ်သက်သာခြင်း၊ ပညာသင်ဆု အစီအစဉ်များ၊ ဟိုတယ်အဆင့်ရှိသည့် အဆောင်များ ထားရှိပေးထားပြီး နိုင်ငံပေါင်း ၃၀ ခန့်မှ တက္ကသိုလ်ပေါင်း ၁၆၀ ဖြင့် ရင်းနှီးသော ဆက်ဆံရေးများ ရှိသော တက္ကသိုလ် အချင်းချင်း ပညာသင်များ အပြန်အလှန် ဖလှယ်ခြင်း အစီအစဉ်များလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။


လေ့လာနိုင်သော ဘာသာရပ်များ

ပင်မတက္ကသိုလ်တွင် ဒဿနိကဗေဒ၊ ဓာတုဗေဒဓာတ်ပေါင်းမှုနှင့် အန္တရာယ်ကင်းရှင်းရေး ပညာရေးဌာန များရှိသည်။ လူမှုရေး ဘာသာရပ်များအနေဖြင့် ကိုရီးယား၊ အင်္ဂလိပ်၊ ဂျပန်၊ တရုတ်၊ ပြင်သစ်၊ ဂျာမန် စာပေနှင့် ယဉ်ကျေးမှု၊ ရုရှားဘာသာစကားဌာန၊ ကိုရီးယား ရှေးအက္ခရာရေးနည်း ပညာစသည်ဖြင့် လေ့လာနိုင်သည်။ ဥပဒေပညာဌာနလည်းရှိပြီး လူမှုသိပ္ပံတက္ကသိုလ်တွင် စီမံခန့်ခွဲမှုပညာ၊ လူမှုဝန်ထမ်း ကယ် ဆယ်ရေးပညာ၊ သွားနှင့် မေးရိုးဆိုင်ရာ ကုသပေးရေး ပညာ၊ လူငယ်ပညာရေးဌာန၊ ရဲဝန်ထမ်းနှင့် စီမံခန့်ခွဲမှု ဌာနများရှိသည်။ စီးပွားရေး တက္ကသိုလ်၊ နိုင်ငံတကာ ကုန်သွယ်မှုပညာ၊ ခရီးသွားလာမှုဆိုင်ရာ တက္က သိုလ်၊ အပြည်ပြည်ဆိုင်ရာ သိပ္ပံဌာန၊ စက်မှုတက္ကသိုလ်၊ အနုပညာတက္ကသိုလ်၊ အားကစားတက္ကသိုလ်ဟူ၍ နယ်ပယ်အရပ်ရပ်မှ အထူးပြု ဘာသာရပ်များကို စိတ်ကြိုက်ရွေးချယ် သင်ကြားနိုင်သည်။ မဟာဘွဲ့များ အနေဖြင့် ပညာရေးဆိုင်ရာ မဟာဘွဲ့၊ အုပ်ချုပ်ရေးဆိုင်ရာ မဟာဘွဲ့၊ ၀န်ဆောင်မှုနှင့် အုပ်ချုပ်မှုဆိုင်ရာ မဟာဘွဲ့၊ ခရီးသွားလာရေးဆိုင်ရာ မဟာဘွဲ့၊ နိုင်ငံရေးဆိုင်ရာ မဟာဘွဲ့၊ စက်မှုလုပ်ငန်းနည်းပညာဆိုင်ရာ မဟာဘွဲ့၊ ပန်းချီနှင့် ဒီဇိုင်းပညာဆိုင်ရာ မဟာဘွဲ့၊ အားကစားနှင့် သိပ္ပံမဟာဘွဲ့များလည်း လေ့လာရယူနိုင်သည်။


ကိုရီးယား ဘာသာစကား လေ့လာခြင်း ဆိုင်ရာ အချက်အလက်များ

သင်တန်းအဆင့် ၁ မှ ၆ အထိ ရှိပြီး အဆင့်တစ်ခုချင်းစီ၏ သင်ကြားချိန်မှာ ၁၀ ပတ်၊ နာရီ ၂၀၀ တစ်နှစ်လျှင် အဆင့် ၄ ဆင့်အထိ လေ့လာနိုင်သည်။ သင်တန်းကြေးမှာ အဆင့်တစ်ဆင့်အတွက် ၀မ် ၁၂၈၀၀၀၀ ဖြစ်ပြီး လျှောက်ထားခမှာ ၁၀၀၀၀၀ ၀မ်ဖြစ်သည်။ နွေဦးရာသီတွင် မတ်လတတိယ အပတ်တွင် ဖွင့်လှစ်မည့် အတန်းအတွက် ဇန်န၀ါရီလကုန်တွင် လျှောက်ထားရမည် ဖြစ်သည်။ နွေရာသီ၏ ဇွန်လ တတိယအပတ်ကို ဧပြီလအကုန်၊ ဆောင်းဦးရာသီ၏ စက်တင်ဘာ တတိယအပတ်အတွက် ဇူလိုင်လကုန်၊ ဆောင်းဦးရာသီ၏ ဒီဇင်ဘာ တတိယအပတ်အတန်းအတွက် စက်တင်ဘာလကုန် အသီး သီး လျှောက်ထားရမည် ဖြစ်သည်။ တက္ကသိုလ်တန်းအတွက် TOPIK Level 3 ရရှိထားရန်လိုပြီး ၎င်းတို့ တက္ကသိုလ်မှ ကိုရီးယား ဘာသာစကား သင်တန်းအဆင့် ၃ အောင်မြင် ရမည် ဖြစ်သည်။ မဟာ တန်းနှင့် ဒေါက်တာဘွဲ့အတွက် TOPIK Level 4 ရရှိထားရန်နှင့် ၎င်းတို့တက္ကသိုလ်မှ ကိုရီးယားဘာသာစကားသင်တန်း အဆင့် ၄ ကို အောင်မြင်ရမည် ဖြစ် သည်။ နွေဦးစာသင်ကာလ အတွက် ကျောင်းဖွင့်ချိန်မှာ မတ်လဖြစ်ပြီး ဒီဇင်ဘာမှ ဇန်န၀ါရီလ အတွင်း ကျောင်းလျှောက်ခြင်း များ ပြုလုပ်ရမည်။ ဆောင်းဦး ကျောင်းဖွင့်ချိန်မှာ စက်တင်ဘာလဖြစ်ပြီး ကျောင်းလျှောက်ခြင်းကို မေလမှ ဇူလိုင်လအတွင်း ပြုလုပ်ရမည်။


နိုင်ငံခြားသား ကျောင်းသား ပညာသင်ဆုဆိုင်ရာ အချက်အလက်များ

တက္ကသိုလ်ဝင်တန်းများ အတွက် ကျောင်းအပ်ခ၏ ၃၀ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းအထိ ရရှိနိုင်ပြီး လိုအပ်သည့် အချက်အလက်များမှာ ပထမဆုံး ပညာသင်ကာလ ၃၀ ရာခိုင်နှုန်း၊ TOPIK အဆင့် 4 အထက် ရရှိပါ က 50 ရာခိုင်နှုန်း၊ ဘာသာရပ်တိုင်းတွင် ရမှတ် ၁၅ အထက်ရရှိရန် လိုအပ်သည်။ ဒုတိယပညာသင်ကာလတွင် ပျမ်းမျှ ရမှတ် GPA အရ ပညာသင်ဆုများ ချီးမြှင့်မည်ဖြစ်သည်။ 40 ရာခိုင်နှုန်း 3.0 အထက်၊ ၆၀ ရာခိုင်နှုန်း ၄.၀ အထက်၊ ၈၀ ရာခိုင်နှုန်း ၄.၃ အထက် ရရှိမည်ဖြစ်သည်။ ညီအစ်ကို မောင်နှမဆက်ဆံရေးရှိသည့် ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အဆိုပါကျောင်းတွင် ကိုရီးယား ဘာသာစကား တစ်နှစ်အထက် တက်ရောက်လေ့လာ ထားသူရှိပါ က ကျောင်းအပ်ခ ကင်းလွတ်ခွင့်ရရှိမည်ဖြစ်သည်။မဟာဘွဲ့နှင့် ဒေါက်တာဘွဲ့၊ ဘွဲ့လွန်အတွက် ပျမ်းမျှ GPA ရမှတ် အထက်ပို ရရှိထားသူများသည် ကျောင်းလ ခ၏ 60 ရာခိုင်နှုန်း ပညာသင်ဆု ချီးမြှင့်ငွေ အဖြစ်ရရှိနိုင်မည်။

ကျောင်းအကြောင်း စုံစမ်းနိုင်မည့် ဝက်ဘ်ဆိုက်လိပ်စာ
www.kgu.ac.kr

Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...