Men's Friendship Rules


ယောကျာင်္းလေး တွေအချင်းချင်း ဆက်ဆံရေးက မိန်းကလေး တွေလောက် မရှုပ်ပါဘူး။ ဒါပေမယ့် ယောကျာင်္းလေးတွေ စောင့်စည်း ရမယ့် ရဲဘော်ရဲဘက် စည်းမျဉ်းတွေ ရှိပါတယ်။ ဖတ်ကြည့် ပါဦး။

၁။ ကိုယ့်ဘော်ဘော်ရဲ့ အဆက်ဟောင်းနဲ့ ဘယ်တော့မှ မချစ်ကြိုက် ပါနဲ့။ သူမ ဘက်က စခဲ့ရင်တောင် လုံးဝ မလုပ်ပါနဲ့။
၂။ သင့်ရဲ့ ပြဿနာ တွေကို ပြောပြ၊ အကြံတောင်းလို့ ရပါတယ်။ ဒါပေမယ့် ခိုလို မညည်းပါနဲ့။ အင်မတန် စိတ်ရှုပ်ဖို့ ကောင်းပါတယ်။
၃။ သင့်အိမ်က သူ့အိမ် ပါပဲ။ အချိန်မရွေးပေါ့။
၎။ ခင်မင်မှု ဆိုတာ ဘာမဆို ချေးငှားလို့ ရမယ် ဆိုတဲ့ အဓိပ္ပါယ်ပါ။ ဒါပေမယ့် သူက ပြန်မတောင်းလည်း ကိုယ့်ဘက်က အလိုက်သိသိနဲ့ ပြန်ပေး ရပါမယ်။
၅။ တစ်ခုခု ခံစားနေ ရရင် ထုတ်ပြော လိုက်ပါ။ မြုံမထား ပါနဲ့။



၆။ သင့်ကို ဟာသ တစ်ခုခု ပြောနေရင် ငြိမ်ငြိမ်လေး နားထောင် ပေးလိုက်ပါ။ လွန်ခဲ့တဲ့ တစ်နာရီ ကမှ ပြောထားတဲ့ ရယ်စရာ တစ်ခုဖြစ်နေ ပေမယ့်လည်း ဆုံးအောင် နားထောင်ပါ။
၇။ သင့်သူငယ်ချင်းက ကြိုက်နေတဲ့ ကောင်မလေး ဆိုရင် လက်ရှောင် နေပါ။
၈။ သူတို့ သမီးရည်းစား ကိစ္စမှာ ၀င်မပါ ပါနဲ့။ ဒါပေမယ့် သူ့အတွက် အိပ်စရာ နေရာတော့ ကြိုပြင်ဆင် ထားပါ။ အချိန်မရွေး သင့်အိမ်ရှေ့ကို အထုပ် တစ်ထုပ်နဲ့ ရောက်လာ နိုင်ပါတယ်။
၉။ သူ့ရဲ့ အမျိုးသမီးနဲ့ တည့်အောင် နေပါ။ သင်က သူမကို မကြိုက် ပေမယ့် သူမကို မနိုင်ပါဘူး။
၁၀။ တစ်ခါတစ်လေ သူ့အခြေအနေ သိအောင် ဖုန်းခေါ်ပါ။ သင်အလို ရှိမှ ဖုန်းခေါ်တာမျိုး မလုပ်ပါနဲ့။



၁၁။ တစ်ခုခု ချေးငှား ပြီးရင်လည်း ယူတုန်းက အတိုင်း ပြန်ပေးပါ။
၁၂။ ရဲဘော်ရဲဘက် လိုနေပါ။ အရာရာသိတဲ့ ဆရာကြီး ဒီဇိုင်း မဖမ်းပါနဲ့။
၁၃။ မိန်းမ တွေက တစ်ယောက်ပြီး တစ်ယောက်သွား မှာပါ။ အလုပ် မှာလည်း အပြောင်းအလဲ ဆိုတာ ရှိစမြဲပါ။ အိတ်ဖောင်း၊ အိတ်ပိန်တဲ့ အ ခိုက်အတန့် တွေလည်း ရှိမှာပါ။ ဆံဖြူ သွားကျိုး ပါစေ။ တကယ့် သူငယ်ချင်း တွေဆိုရင် တစ်ဘ၀လုံး စာပါ။ မိန်းမ ကိစ္စ၊ အလုပ်၊ ငွေကြောင့် သူ ငယ်ချင်း သံယောဇဉ် မပျက်ပါ စေနဲ့။
၁၄။ သူ့မှာ ပြဿနာ တစ်ခုခု ရှိခဲ့ရင် ငါဘာလုပ် ပေးရမလဲလို့ မမေးပါနဲ့။ လုပ်စရာ ရှိတာ လုပ်ပါ။
၁၅။ အရာရာတိုင်းကို အသေးစိတ် လိုက်ပြော မနေပါနဲ့။ အဲ့ဒါ သူ့မိန်းမ လုပ်ရမယ့် ကိစ္စပါ။



၁၆။ သူ့ရဲ့ အမှားကို အချိန်တိုင်း လိုက်ထောက်ပြ မနေပါနဲ့။ ခင်မင်မှုမှာ တစ်ခါတစ်လေ မေ့ထားတာ အကောင်းဆုံးပါ။
၁၇။ ရူးကြောင်ကြောင် အလုပ်တွေ လုပ်ဖို့ သူ့မှာ အခွင့်အရေး ရှိသလို မင်းရူးနေ ပြီလား လို့မေးပိုင်ခွင့်လည်း သင့်မှာ ရှိပါတယ်။

Images from kinja, fueld, rixxbolg, huffpost, chicagotribune. Source: 9gag.com

Author Arr Luu
MYMC

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...