တီဗီ ကြာမြင့်စွာ ကြည့်ခြင်းနှင့် အထီးကျန် စိတ်ဝေဒနာ
By မြတ်ဆုကို
ညဆို တီဗီရှေ့ထိုင်ပြီး တစ်ခုပြီး တစ်ခု၊ တစ်ခွေပြီး တစ်ခွေ မဆုံးနိုင်အောင် ကြည့်တတ် ပါသလား။ ထိုသို့ဆိုလျှင် အထီးကျန် စိတ်ဝေဒနာ ခံစားနေရ သူ ဖြစ်ဖို့ အလွန်နီး စပ်နေပြီ။
အရက်ကို တစ်ချီတည်းနှင့် အလွန်အမင်း သောက် သုံးကာ လူမှန်းသူမှန်း မသိအောင် ကိုယ့်ကိုယ့်ကို ဖန်တီး လိုက်ခြင်းသည် အထီးကျန်မှုကို ဖြေဖျောက် လိုသူတို့၏ လက္ခဏာ တစ်ရပ် ဖြစ်သည်။ အလားတူပင် တီဗီကို နာရီ တော်တော် ကြာအောင် တစ်ချီတည်း ထိုင်ကြည့်ခြင်းသည်လည်း မိမိ၏ အထီးကျန်စိတ်ကို ဖျောက်လိုသူ များ၏ လုပ်ရပ် ဖြစ်ကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ်က ဆိုလိုက်သည်။ တီဗီကို အချိန်ကြာကြာ ထိုင်ကြည့်ခြင်းသည် အထီးကျန်ခြင်း၊ စိတ်ကျခြင်း လက္ခဏာ ဖြစ်သည်။
လက်တွေ့ လေ့လာမှု အရလည်း လူတွေဟာ အထီးကျန်ဆန်လာလေ၊ စိတ်ကျလာလေ သူတို့မှာပေါ်လာ မည့် အဆိုးမြင် အဖျက်တွေး စိတ်များ ရန်မှ ခုခံရန် တီဗီကို ဖိကြည့်တတ် ကြကြောင်း တွေ့ရှိရသည်။ တီဗီကြည့်ခြင်းသည် ဘာမျှ ပြဿနာ ရှိသော အလုပ် မဟုတ်ဟု ထင်ကောင်း ထင်လိမ့်မည်။ သို့သော် တီဗီရှေ့ ထိုင်ပါများသူသည် အ၀လွန်ခြင်း၊ မောပန်းစိတ်ကျခြင်းတို့ ပိုကြုံရ တတ်ကြောင်း လေ့လာ သုတေသန များက ဖော်ပြ ထားသည်။
လေ့လာမှု စစ်တမ်းကို အမေရိကန် နိုင်ငံ အော်စတင်မြို့ရှိ တက္ကဆက်ပြည်နယ် တက္ကသိုလ် သုတေသန အဖွဲ့ ပြုလုပ် ထားခြင်း ဖြစ်သည်။ အသက် (၁၈) မှ (၂၉) ကြား လူ (၃၀၀) ကို လေ့လာထားခြင်း ဖြစ် သည်။ ထို သူများ တီဗီ ကြည့်နှုန်း၊ အထီးကျန် စိတ်ဝေဒနာ ခံစားရနှုန်း၊ စိတ်ဓာတ် ကျနှုန်း၊ မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင် တော့သည့် စိတ် အနေအထားသို့ ရောက်ရှိနှုန်း များကို စစ်တမ်း ကောက်ယူ ခဲ့သည်။
မိမိမှာ အခြား လုပ်စရာများ ရှိနေသေး သည့်တိုင် တီဗီ အစီအစဉ်များကို တစ်ခုပြီး တစ်ခု ပြောင်းကြည့်နေ သည့် လုပ်ရပ်ကို မရပ်နိုင်ဘဲ ဆက်ကြည့် နေမိခြင်းကို မိမိကိုယ်ကို မထိန်းချုပ်နိုင်ခြင်းဟု ဆိုလိုသည်။ ထိုသို့ ဖြစ်လာပါက ဆက်မကြည့်သင့် တော့ဘူးဟု စိတ် ကသိနေသည့်တိုင် ကိုယ့်ကိုယ်ကို မတား ဆီး နိုင်ဖြစ်ရတတ်သည်။ ယခုတွေ့ရှိချက်သည် လူမှု စိတ်ပညာ နယ်ပယ် အတွက် အရေးကြီးသော တွေ့ရှိ မှု တစ်ရပ် ဖြစ်ကြောင်း သုတေသန အဖွဲ့ခေါင်း ဆောင် ယွန်ဟီဆန်ကပြောသည်။
Source: Daily Mail
The Messenger
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) သတိထားရမည့် ဖေ့စ်ဘွတ်ခ် မသမာသူ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Android version 1.6 မွ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် မြန်မာမယ် အွန်လိုင်းမဲ လိမ်ညာခံနေရမှု ဖြေရှင်းချက်မပေး၍ မြန်မာပရိသတ်များ အွန်လိုင်းမဲ မပေးကြရန် မေတ္တာရပ်ခံရုရှားက ဆယ်ကျော်သက် Shatuniha ဆိုသူက အွန်လိုင်းမှာ တစုံတရာကို လေလံတင်မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်
- (အနောကျသို့) မှတ်ဉာဏ်ကောင်းအောင် ဤသုံးချက်ဆောင် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Android version 1.6 မွ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် မြန်မာမယ် အွန်လိုင်းမဲ လိမ်ညာခံနေရမှု ဖြေရှင်းချက်မပေး၍ မြန်မာပရိသတ်များ အွန်လိုင်းမဲ မပေးကြရန် မေတ္တာရပ်ခံရုရှားက ဆယ်ကျော်သက် Shatuniha ဆိုသူက အွန်လိုင်းမှာ တစုံတရာကို လေလံတင်မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်