Camera နှင့် Lens များအား ထိမ်းသိမ်းခြင်း...

မနက်ကတော့ Lighting အကြောင်းရေးနေတာပဲ..။ ရေးနေရင်းနဲ့ လူက တော်တော် Down လာတာနဲ့ နောက်နေ့မှပဲ ဆက်ရေးဖို့ သိမ်းထားလိုက်ပါတယ်..။

ဒီ Post ကတော့ Camera တွေ Lens တွေကို ဘယ်လိုထိမ်းသိမ်းရမလဲဆိုတဲ့ အကြောင်းလေးပါ...။ အမှတ်တမဲ့ဆိုရင်တော့ Child Play ပါပဲ... လူတိုင်းသိပါတယ်..။

Camera သမားတိုင်း ကိုယ့် Camera ကို ကိုယ့်ရည်းစားထက် ပိုချစ်ကြတာများပါတယ်..။ ရည်းစားကိုမှ တစ်ရက်နေ့လို အာဘွား တစ်ခါ ပေးချင်မှပေးမယ်..။ Camera ကိုတော့ နေ့တိုင်း သန့်ရှင်းရေး လုပ်ပါတယ်...။ ချောက်ထဲ ပြုတ်ကျခါနီးရင်တောင် ..။ လူကျရင် ကျပါစေ..။ အိတ်တော့ မကျပါစေနဲ့ ဆိုတဲ့သူတွေ များပါတယ်...။

ကျွန်တော့် မိတ်ဆွေ တစ်ယောက်ရဲ့ အဖြစ် အပျက်လေး နဲနဲပြောပြချင်တယ်..။ သူက Facebook မှာ လူသိများတဲ့ Journalist Photographer တစ်ယောက်ပါပဲ..။ တစ်နေ့ သူ သတင်းလိုက်ရင်းနဲ့ ချော်လဲ ပါတယ်..။ အဲ့ဒီ့အချိန် အခြား Camera သမားတွေ ၂ ယောက် ၃ ယောက်လောက် ပြေးလာပြီး အသဲအသန်မေးကြပါတယ်..။

" Camera ဘာဖြစ်သွားသေးလဲ....?"

ထားပါတော့..။ ကျွန်တော် ဒီနေ့ Camera တွေ Lens တွေကို မလိုအပ်တဲ့ Damage တွေ Fungus တွေရဲ့ ဘေးက ဘယ်လိုကာကွယ်ရ မလဲဆိုတာ နဲနဲ ပြောပြချင်ပါတယ်..။

ကျွန်တော့် အရင် 50D တုန်းက..။ ဒီ အချက်တွေကို မသိလို့..။ တော်တော်လေး ခံစားလိုက်ရပါတယ်...။ Sensor မှာ Dust တွေ တက်တာမှ ဗျာ..။ ပက်ပက်စက်စက်...။ မြင်မကောင်းဘူး..။ ကြိုက်တဲ့ Lens တပ်..။ ကြိုက်တဲ့ပုံရိုက်..။ f/8 ရဲ့ အောက် တော့ ထပ် Down ဖို့ မစဉ်းစားနဲ့ ဥပမာ f/11, f/16 ပေါ့ဗျာ..။ ပုံမှာ အစက် အစက်တွေ အကွက်အကွက်တွေ ပေါ်လာပါတော့တယ်..။ဒါဘာတွေလဲ...။ အဲ့ဒါ ဖုန်တွေဗျ..။ ဖုန်တွေကများလာတော့ဂျီးတွေ ဖြစ်ကုန်တယ်..။ ဂျီးတွေများလာတော့ Sensor Cleaning System လည်း မနိုင်တော့ဘူးဗျ..။

စကားမစပ် Camera အဖွင့်အပိတ်လုပ်ရင် Sensor Cleaning System တပ်လာတာကို သတိထားမိကြမယ် ထင်ပါတယ်..။

ဟဲ ဟဲ..။ အဲ့ဒါ အလှ Welcome Screen လုပ်ထားတာ မဟုတ်ပါဘူး..။ တော်တော်များများက အဲ့ဒါ တက်လာရင် စိတ်မရှည်လို့..။ တွေ့ တဲ့ ခလုပ်တစ်ခု ကောက်နှိပ်ပြီး အဲ့ဒီ့ System (Function) ကို Stop ဖြစ်သွားအောင်လုပ်ပြီး တန်းရိုက်ကြပါတယ်..။

မိုက်ကန်းကြပါပေတယ်..။ ကျွန်တော့် နီးနီးပါပဲ...။ အမှန်က...။ ဒီ System က Sensor မှာ တပ်နေတဲ့ ဖုန်တွေကို Vibrate လုပ်ပြီး ခါထုတ်ပေးတာပါ။ သူက Sensor အတွက်ဖုန်ခါပေး တာဆိုတော့ ဖုန်းလာရင် တုန်တဲ့ Vibrate လောက်တော့ မသိသာဘူးပေါ့ဗျာ..။ ( အဲ့လို မသိသာလို့လဲ Stop လုပ်လုပ်ပြစ်ကြတာ ထင်ပါတယ်..။ :D)

ဒါဆို Camera ထဲကို ဘယ်လို ဖုန်တွေရောက်လာသလဲ..။ ရောက်နိုင်တဲ့ နည်းလမ်းတွေက အများကြီး ပါ...။ အဲ့ဒီ့မှာ Body ကောင်းကောင်း သမားတွေ Lens ကောင်းကောင်း သမားတွေက နှာတစ်ဖျား စသာပါတယ်..။

ဒီလိုပါ..။ Body ထဲ (Sensor ပေါ်) ကို အဓိက ဖုန်ဝင်ရခြင်း အကြောင်းအရင်းက Lens တွေ ခဏခဏ လဲလို့ပါ..။ ဖုန်ဆိုတာ ဖုန်းလို အကြီးကြီးမှ မဟုတ်တာဗျာ.. ဘယ်လိုလုပ်မြင်ရမလဲ...။ နောက်ပြီး Lens ဆိုတာကလည်း ခဏတိုင်းမဟုတ်တောင် အမြဲတမ်း နီးပါး လဲပြီး ရိုက်နေရတာ..။ (ဒီနေရာမှာ Lens တစ်လုံးပဲ ရှိတဲ့သူတွေကတော့ တကယ်အားသာတယ်ဗျို့...။ လဲ စရာ Lens မရှိတော့ ဖုန်လဲ အလုံးလိုက် အရင်းလိုက် မဝင်တော့ဘူးပေါ့ဗျာ..။ :D )

Sensor ပေါ်ကို ဖုန်တွေ အလုံးလိုက်အရင်းလိုက်အဓိက ဝင်ရခြင်းကတော့ Lens လဲလို့ပါပဲ..။ အဲ့ဒီ့တော့ ဖုန်မဝင်အောင် Lens ဘယ်လိုလဲ မလဲ..။ ဟုတ်ကဲ့..။ ဖုန်မဝင်အောင် Lens လဲချင်တယ်ဆိုရင် ရေအောက် ထဲ ဆင်းပြီးလဲမှပဲရပါမယ်..။ ဖုန်တော့မဝင်ပါဘူး..။ ရေတွေ ဝင်ရင်တော့ ကျွန်တော်နဲ့ မဆိုင်ဘူးပေါ့...။

ကျွန်တော်က ဖုန်မဝင်အောင်ပဲပြောတာ..။ :D

မရပါဘူး..။ ဘယ်လိုမှ ဖုန်မဝင်အောင်လဲလို့မရပါဘူး..။ ဖုန်နဲနဲဝင်တာနဲ့ များများဝင်တာပဲ ကွာပါမယ်..။ အကောင်းဆုံး နည်းလမ်းကတော့

(၁) ဖုန်အရမ်းများတဲ့နေရာမှာ ဖြစ်နိုင်ရင် (လုံးဝ) Lens မလဲပါနဲ့ ။

(၂) Lens လဲတဲ့အခါ Body ကို အောက်ကို စိုက်ပြီး Upside Down အနေအထားနဲ့ လဲပါ။

(၃) Body ကို အပေါ်ဘက် မျက်နှာမူပြီး (လှန်ပြီး) Lens လဲခြင်းကို ရှောင်ပါ...။

ဒါဆိုရင် အလုံးလိုက်အရင်းလိုက် ဝင်မယ့် ဘေးကတော့ တော်တော်လေး ကာကွယ်ပြီးသွားပါပြီ..။ ကြိုကြား ကြိုကြားဝင်တာကတော့ ကျွန်တော်လည်းမတတ်နိုင်ပါဘူး..။ Weather & Dust Sealed ဖြစ်တဲ့ Body တွေ Lens တွေ ဝယ်ထားတဲ့သူတွေကတော့ ပိုက်ဆံကုန်ရကျိုးက ဒီနေရာမျိုးမှာ သိသိသာသာ နပ်သွားပါတယ်..။

နောက်တစ်ခုက ကျွန်တော့်လို (ကျွန်တော်အပါအဝင်) အသားကုန် ဓာတ်ပုံရိုက်တဲ့ သူတွေဆီက ရောင်းတဲ့ Second Hand Body ဘယ်တော့မှ မဝယ်ပါနဲ့....။

အထဲမှာ နိုင်ငံတကာသော်လည်းကောင်း၊ ပြည်နယ်နှင့် တိုင်းပေါင်းစုံကသော်လည်းကောင်း သံယောဇဉ် အမျှင် မပြတ်ပဲ ပါလာတဲ့ International နဲ့ Domestic ဖုန်တွေ အများအပြားရှိပါတယ်...။ အမလေး ကို Black ကြီး ကိုင်သွားတဲ့ Camera မို့ အမှတ်တရ ဆိုပြီး ဝယ်မယ်၊ Setting တွေ အကုန်ချိန်ပြီးသားမို့ Ready To Shoot ပဲ ဝယ်လိုက်မဟဲ့ ဆိုပြီး မစဉ်းစားပါနဲ့..။

သားမှားပြီ..။ မှားပြီမေမေရဲ့ ..။ ချစ်ဇောတွေကြွယ်.... ဆိုတဲ့ သီချင်းထဲကလို ဖြစ်သွားပါလိမ့်မယ်..။ :D

ကျောက်တုံးပေါ်တင်ရိုက်..။ သစ်ကိုင်းကြားထဲ ညှပ်ရိုက်တာမျိုးတွေလုပ်တဲ့အတွက်...။ Body မှာလဲ ဆေးတွေပွန်းပြီး အောက်က Magenesium Alloy တွေ ပေါ်နေတတ်ပါတယ်..။ စေတနာ ဗရဗွနဲ့ ဈေးကွက် အပျက်ခံပြီး ပြောပေးတာပါ..။ :D

ဖြစ်နိုင်ရင် DSLR ကို Party ပွဲမှာ လူရှိန်အောင် ရိုက်ဖို့ဝယ်ထားတဲ့သူတွေဆီက ပဲ ပြန်ဝယ်သင့်ပါတယ်..။ တစ်ချို့ DSLR Second Hand လေးတွေဆို ရေမွှေးနံလေးတွေတောင် သင်းနေပါသေးတယ်..။ (ကျွန်တော့်အထင်တော့ Hand Cream အနံ့ ဖြစ်မယ်..။) ကျွန်တော်တို့ Camera တွေကတော့ ရေမွှေးနံ့ မပြောနဲ့..။ ဟဲ ဟဲ..။ တော်ပါပြီဗျာ..။ ပြောတော့ပါဘူး..။ :D

ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရဲ့ Camera ဆိုရင် ပြတိုက်တောင် လုပ်ထားပါတယ်..။ ပုရွက်ဆိတ်ပြတိုက်ပါ..။ ပုံတစ်ခုခုရိုက်မလို့ View Finder ကနေ ကြည့်လိုက်တာနဲ့..။ View Finder ထဲမှာ ပုရွက်ဆိတ်ကလေးတွေက တောင်ပြေးလိုက် မြောက်ပြေးလိုက်နဲ့..။ အရောင်စုံ... Size အစုံပါပဲ...။

Camera ရဲ့ သဘောတရားအရ ပိတ်ထားတဲ့အချိန်မျိုး..။ Lens ဖြုတ်တဲ့အချိန်မျိုးမှာ ..။ Mirror ကို Down ထားတဲ့အတွက် အထဲကို ဖုန်ဝင်ဖို့ သိပ်မလွယ်ပါဘူး..။ ဒါပေမယ့်လည်း ကျွန်တော်ပြောသလို ဖုန်ဆိုတဲ့ အမျိုးက ချိုပါတာမှ မဟုတ်တာဗျာ..။ ဝင်သွားသလား မဝင်သွားသလား ဘယ်လိုလုပ် သိနိုင်ပါ့မလဲ...။

ဒီလိုတွေ ဖုန်များလာပြီ..။ Dust တွေရှိလာပြီဆိုရင် ...

ပထမအဆင့် - Camera Lens ကို ဖြုတ်ပါ..။ Camera Mode ကို Bulb Mode မှာ ထားပါ..။ ပြီးရင် Camera ကို Upside Down ထားပြီး Shutter Release ကို နှိပ်ထားပါ..။ Mirror Up သွားပါလိမ့်မယ်..။ အဲ့ဒီ့အခါကြရင် Mirror Up လို့ ပွင့်သွားတဲ့ အပေါက်ထဲကို Blower နဲ့ မှုတ်ပေးပါ..။

အားမရလို ပန်ကာနဲ့ မှုတ်တာမျိုးမလုပ်ပါနဲ့..။ ဖုန်တွေ မရှင်းပဲ..။ Sensor ဗွက်ထသွားပါလိ့မ်မယ်..။

Blower မှာ ဈေးသက်သက်သာသာဟာနဲ့ မှုတ်ပေးရင်လည်း အဆင်ပြေသလို..။ ဖုန်တွေရဲ့ Electron တွေ ကို + , - ခွဲပေးပြီး Static နဲ့ စုတ်ပေးတဲ့ Blower တွေလည်းရှိပါတယ်...။ Blower တန်ဖိုးကိုက ငါးသောင်းနဲ့ ရှစ်သောင်းကြားရှိပါတယ်..။ ရိုးရိုး Blower လေးကတော့ ရှစ်ရာနဲ့ တစ်ထောင်ကြားဆိုရပါပြီ..။ ဒါကတော့ မိတ်ဆွေရဲ့ Choice ပါပဲ..။

ဒုတိယအဆင့် - Blower နဲ့ မှုတ်လို့လဲ အဆင်မပြေတော့ဘူးဆိုရင်..။ အနုနည်းနဲ့ မအောင်မြင်တဲ့ အတွက် နဲနဲ အကြမ်းနည်းကို သုံးရပါတော့ မယ်..။ Sensor ဆေးတဲ့ အတံလေးတွေရှိပါတယ်..။ နားဆေးတဲ့ အချောင်းလေးတွေလိုမျိုးပါပဲ..။ ထိပ်မှာ ဂွမ်းလေးနဲ့ပေါ့..။ ဒါပေမယ့် သူကတော့ သေသေချာချာ လုပ်ထားတာပါ..။ ဂွမ်းစမထွက်တဲ့... Sensor မှာ ကပ်ပြီး ငြိ မသွားနိုင်တဲ့ ဂွမ်းလေးတွေနဲ့ လုပ်ထား တာပါ..။

ဘယ်လောက်ပဲ အစဉ်းရာမထင်ဘူး.. ။ မငြိဖူးပြောပြော..။ Sensor မှာကတော့ မျက်လုံးနဲ့ မြင်နိုင်တာနဲ့ မမြင်နိုင်တာသာကွာမယ်..။ အစင်းရာကတော့ ထင်သွားပြီ ဖြစ်ပါတယ်...။ ဒါကြောင့် ဒါက ဒုတိယနည်းပါ..။

တတိယအဆင့် - ဒါကတော့ ကျောက်ပန်းတောင်း ဂိတ်ဆုံးပါ..။ ဘယ်လိုမှ မိတ်ဆွေကိုယ်တိုင်လုပ်လို့ မဖြစ်နိုင်တော့ပါဘူး..။ Service Center သာ ပို့လိုက်ပါတော့..။ :D

Body (Sensor) ပြသနာပြီးတော့ အခု Lens ပြသနာလာပါမယ်...။

Lens တွေမှာ အဖြစ်များတာက Fungus (မှို) စွဲတာ ဖြစ်ပါတယ်..။ အဓိက ကတော့ Moisture ကြောင့် ပါ... ။ မှိုမစွဲစေချင်ရင် Lens ပေါ်မှာ ထုံးလေးတွေ ဖြူးထားလိုက်ပါ..။ ဟဲ ဟဲ..။ မှိုတင်မကပါဘူး..။ ကန်စွန်းရွက်လည်း မပေါက်တော့ပါဘူး..။

Note - ကျွန်တော် အခု Post ရေးရင်း အိပ်ချင်နေတာဗျ..။ အဲ့ဒါကြောင့် ကိုယ်တိုင်မျက်စိ ကျယ်အောင် ပေါက်ကရတွေ ထည့်ရေးနေတာပါ..။ စိတ်မရှိပါနဲ့..။ :D

Fungus မတက်ချင်ရင် Temperature Difference များတဲ့ နေရာတွေကို မလိုအပ်ပဲ ခဏခဏ အဝင်အထွက်လုပ်ခြင်း..။ သွားလာခြင်း ရှောင်ကြဉ်ရပါမယ်..။ ဥပမာ အဲယားကွန်းအခန်းထဲ ဝင်လိုက်..။ အပြင် လမ်းပေါ် ပြန်ထွက်လိုက်ပေါ့ဗျာ..။ အဲ့လိုတွေ မလုပ်ရ ပါဘူး...။

နောက်ပြီးတော့ Camera Bag ထဲမှာ Silicon အထုပ်လေးတွေ ထည့်ထားဖို့ လိုပါမယ်..။ Silicon အထုပ်လေးတွေ အနော်ရထာလမ်းပေါ် မှာ ပေါင်ထုပ်တစ်ထုပ်မှ ၁၀၀၀ လောက်ပဲပေးရပါတယ်..။ အဲ့ဒီ့ တစ်ပေါင်ထုပ် တစ်ထုပ်လုံးကို ထည့်ထားဖို့ပြောတာမဟုတ်ပါဘူး..။ အိတ်သေးသေးလေးနဲ့ ခွဲပြီး နဲနဲချင်းစီ ထည့်ထားဖို့ပြောတာပါ..။

အိတ်က Lens နဲသေးလို့..။ နေရာလည်းပိုတယ်..။ အိတ်ကလည်းပေါ့နေလို့ ..။ လူရှိန်အောင် တစ်ပေါင်ထုပ် တစ်ထုပ်လုံးထည့်ထားချင် တယ်ဆိုရင်လည်း မိတ်ဆွေရဲ့ သဘောပါပဲ..။ ကျွန်တော် မတားပါဘူး...။

ဒါက Fungus မတက်အောင်လုပ်တဲ့နည်းပါ..။

နောက်တစ်ခုက Lens မှာ ခြစ်ရာ ရှရာတွေ..။ မလိုအပ်ပဲ.. ထိခိုက်တာတွေ မဖြစ်အောင်ပါ..။ အဓိကကတော့ ကိုယ်က ဂရုစိုက်ရမှာပေါ့ဗျာ..။ ကိုယ်က ဂရုမစိုက်ရင်တော့ အလကားပဲပေါ့..။ Lens မှာ အဲ့လို အစင်းရာတွေ မထင်ဖို့ Filter တပ်ထားဖို့ အကြံ ပေးချင်ပါတယ်..။

ကျွန်တော် Filter တွေ အကြောင်းရေးတုန်းက..။ ဒီအကြောင်းကို သေသေချာချာရေးခဲ့ပေးဖူးပါတယ်..။ Filter တပ်ရမယ်ဆိုတဲ့ အစွဲတွေ..။ Filter တပ်ရင် quality ကျတယ်ဆိုတဲ့အတွေးတွေ ကြားထဲမှာ မြောမနေပါနဲ့..။ တစ်ခုခုဆို ကိုယ့် Budget ပဲ အလုံးအရင်းနဲ့ ထိခိုက်တာ ပါ..။ သူတို့တွေက ကြားထဲက လာပြီး အသစ်ဝယ်ပေးမှာ မဟုတ်ပါဘူး..။

Filter ဝယ်တပ်တဲ့အခါမှာတော့ Multicoated ကို သာ ဝယ်ဖို့ ထပ်ပြီး သတိပေးပါတယ်.။ Multicoated က Lens ရဲ့ Sharpness quality,ှDiffraction တွေကို ထိမ်းပေးပါတယ်..။ (Multicoated ဆိုတာ ထောင်ကြည့်လိုက်ရင်..။ အရောင်စုံလေးတွေ ပြေးနေတာမျိုး ကိုပြောတာပါ..။)

နောက်တစ်ခုက Lens Hood ပါ..။ Lens Hood ဘာလို့တပ်ကြသလဲ..။ ဟဲ ဟဲ လူရှိန်အောင် တပ်ပါတယ်...။

Lens ကို Hood တပ်လိုက်တော့ ရွားသွားတယ်..။ လူရှိန်သွားတယ်..။ Lens က ပိုခန့်သွားတယ်..။ လှသွားတယ်..။ မှားပါတယ်...။

Lens Hood တပ်ရခြင်း အဓိက အကြောင်းအရင်းက

(၁) Lens ထဲကို သတ်မှတ်ထားတဲ့ Degree ဒေါင့်က အလင်းကလွဲပြီး အခြားအလင်းမဝင်အောင်..။

(၂) Lens ရဲ့ မှန်ကို မတော်တစ ထိခိုက်မိခြင်း..။ စောင့်မိခြင်းမှ ကာကွယ်ရန်..။ ဖြစ်ပါတယ်..။

အဲ..။ ဈေးကြီးတဲ့ Lens Hood တွေ (ဥပမာ Canon L Lens Hood) တွေနဲ့ Original Lens Hood တွေရဲ့ အတွင်းပိုင်းမှာတော့ ကတီပါ လို အသားလေးနဲ့ လုပ်ထားတာကို သတိထားမိကြမှာပါ..။ Luxury အတွက် အလှထည့်ပေးထားတာ မဟုတ်ပါဘူး..။

သူ့ရဲ့ ရည်ရွယ်ချက်က Lens ထဲကို ဝင်မယ့်ဖုန်တွေဟာ အဲဒီ့ ကတီပါစ ကြမ်းကြမ်းလေးတွေကို ဖြတ်ပြီး သွားရတဲ့အတွက်... ဖုန်တွေ အကုန်လုံး Lens ထဲ မဝင်တော့ပဲ ကပ်ပြီးတော့ ကျန်ခဲ့အောင် ပါ..။ နောက် တစ်ချက်က Lens Hood ရဲ့ အတွင်းသားဟာ ပြောင်ချောနေပါ က .... အဲ့ဒီ့ကနေတစ်ဆင့် မဆိုင်တဲ့ အလင်းတွေဟာ ရိုက်ပြီး Lens ထဲကို ဝင်လာနိုင်တဲ့အတွက်..။ မလင်း မပြန်နိုင်အောင်ဆိုတဲ့ ရည်ရွယ် ချက်နဲ့လည်း ထည့်ထားပေးခြင်း ဖြစ်ပါတယ်...။

ကျွန်တော်တို့ Lens တွေကို သန့်ရှင်းရေးလုပ်တော့မယ်ဆိုရင်...။ ရေကန်ထဲ ပစ်ချလိုက်ရုံပါပဲ...။ ဟဲ ဟဲ..။ ဒီ့ထက် ပိုသန့်ချင်ရင် OSO လေး ပါ ထည့်ထားလိုက်ပါ...။

ထုံးစံအတိုင်း Blower နဲ့ပဲ အရင် သုံးကြည့်ပါ..။ Blower နဲ့ မရတော့ဘူးဆိုမှ Lens Pen လေးနဲ့ ဖွဖွလေး သုတ်ပေးပါ..။ ဘယ်လောက် ကောင်းတဲ့ Lens Pen နဲ့ သုတ်သုတ် အစင်းရာကတော့ ထင်မှာပါပဲ..။ အစင်းရာကို မျက်လုံးနဲ့ မြင်ရတာနဲ့ မမြင်ရတာပဲ ကွာပါလိ့မ်မယ်..။

အစင်းရာဖြစ်မှာခြင်းအတူတူ ၃ သိန်းကနေ သိန်း ၃၀ နီးပါးလောက်ရှိတဲ့ ကိုယ့် Lens မှန်ဘီလူးမှာ အဖြစ်ခံမလား..။ သုံးသောင်းလောက်ပဲ တန်တဲ့ Filter မှာ အဖြစ်ခံမလား..။ ဒါကတော့ မိတ်ဆွေ ရဲ့ ရွေးချယ်မှုအပေါ်မှာ မူတည်သွားပါပြီ..။ နောက်ဆုံးအနေနဲ့ အကြံပေးချင်တာကတော့..။

(၁) ဖုန်များတဲ့ဒေသတွေ (ဘကြီးရွာသွားလည်တာတို့..။ မအေးမိကို လှည်းလမ်းဘေးမှာ Portrait ရိုက်ပေးတာတို့) ရှောင်ပါ..။

(၂) Moisture များတဲ့နေရာတွေ ( မကြာခဏ Sedona တို့ Trader တို့မှာ ဘူဖေးသွားစားလိုက်..။ အပြန် ပိုက်ဆံမကျန်လို့ Bus ကား စီးလိုက် လုပ်ခြင်းမျိုး ) ရှောင်ပါ

(၃) Blower ကို အဓိက သုံးပါ ( အားမရလို့ ဖြစ်စေ..။ Blower မဝယ်နိုင်လို့ဖြစ်ေ ပါးစပ်ကြီး အတင်းဟပြီး အာငွေ့ထောင်းထောင်းဖြင့် တဖူးဖူးမှုတ်ခြင်း၊ ပန်ကာဖြင့် မှုတ်ခြင်း ရှောင်ပါ)

(၄) Lens Pen ကောင်းကောင်းဝယ်ပါ (မဝယ်နိုင်လို့ အိမ်က Lady ပန်းကန်ဆေးတဲ့ ရေမြှုပ်နဲ့ ပွတ်ခြင်းရှောင်ပါ)

(၅) Silicon လေးတွေဝယ်ထားပါ ( လူမှာသုံးတဲ့ Silicon နဲ့ မှားမဝယ်မိစေရန် သတိပြုပါ..)

(၆) Camera အိတ်ကောင်းကောင်းလေး ဝယ်ပါ (ဒါကတော့ အတည်ပြောတာပါ..။ ရေရှည်မှာ ကွာပါတယ်..)

(၇) ငွေကြေးတတ်နိုင်သူများနှင့် တစ်နေရာထဲတွင် အတည်တကျ နေထိုင်သူများ Dry Box လေးများ ဝယ်ထားပါ။

(၈) ပိုက်ဆံများများ စု (ရှာ) ထားပါ...။

ဒီလောက်ဆို အားလုံး အိုကေကြမယ်ထင်ပါတယ်..။ :)

လေးစားစွာဖြင့်

Black Dream
http://www.blackdream21.com

Dust တွေ ပါ...။

Blower လေးပါ...။

Lens Pen ... နှစ်ဖက်ပါပါတယ်..။

Sensor Cleaner...

Cleaning Sensor..!


Lens Cleaning...!

--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...