အချစ်စစ်ကို ပြသခဲ့တဲ့ ဇနီးမောင်နှံ
By အေသင်အောင်
တရုတ်နိုင်ငံမှာရှိတဲ့ ဇနီးမောင်နှံ နှစ်ဦးဟာ ဒုက္ခတွေ အမျိုးမျိုးကြုံခဲ့ပေမယ့် တွဲလက်တွေ ဘယ်တော့မှ မဖြုတ်ခဲ့ဘဲ ဘ၀ခရီးကြမ်း ကို ဆက်လက် ဖြတ်သန်းနေဆဲ ဖြစ်ကြောင်း ဒေးလီးမေးလ် သတင်းတစ်ရပ် မှာဖော်ပြထား ပါတယ်။ လက်ရှိအချိန်မှာ သူတို့ဇနီးမောင်နှံ အကြောင်းဟာ တရုတ်နိုင်ငံရဲ့ လူမူကွန်ရက် ၀က်ဘ်ဆိုက်တွေမှာ လူပြောအများဆုံး ဖြစ်နေ ပါတယ်။ တကယ်တော့ သူတို့ဇနီးမောင်နှံဟာ အလွန် သနားစရာကောင်း ပါတယ်။ နှစ်ဦး စလုံးပာာ အသက်အရွယ်ကြီးနေကြပြီး သားသမီးလည်း မရှိတာကြောင့် တစ်ဦးနဲ့တစ်ဦး မှီခို သွားလာ လူပ်ရှားနေရပါတယ်။
လက်ထပ်ခဲ့တာ နှစ်ပေါင်း (၅၅) နှစ်ရှိ သွားခဲ့ပြီဖြစ်ပြီး အသက် (၇၆)နှစ် ရှိနေပြီဖြစ် တဲ့ ဇနီးဖြစ်သူဝေဂူယီဟာ အရိုးအဆစ် ဝေဒနာကြောင့် ခါးကိုင်းနေတဲ့ ဝေဒနာရရှိနေကာ အသက် (၈၀) နှစ်ရှိပြီဖြစ်တဲ့ ခင်ပွန်းဖြစ်သူ ဖန်အန်ဟာ မျက်လုံးကွယ်တဲ့ ဝေဒနာရရှိနေ ပါတယ်။ သူတို့ ဇနီးမောင်နှံ သွားလာနေတဲ့ မြင်ကွင်းဟာ အလွန်သနားစရာ ဖြစ်ခဲ့ပါတယ်။ ခါးကိုင်းနေတဲ့ အဘွားအိုဟာ မျက်စိမမြင်တဲ့ အဘိုးအိုကို ၀ါးလုံးနဲ့ချိတ်ဆက်ပြီး ခေါ်ယူ သွားလေ့ရှိပါတယ်။ ဒါကို ဓာတ်ပုံမှတ်တမ်း တင်ပြီး ဖော်ပြခဲ့ရာမှာ လူမူကွန်ရက်တွေမှာ မှတ်ချက်မျိုးစုံ ပေါ်ထွက်လာပြီး ဇနီးမောင်နှံ နှစ်ဦးရဲ့ ချစ်ခြင်း မေတ္တာကို ချီးကျူးစကား ပြောကြားခဲ့ပါတယ်။ ဖန်အန်ဟာ ၁၉၈၅ ကတည်းက မျက်စိ ကွယ်သွားခြင်း ဖြစ်ပါ တယ်။ ဒါပေမဲ့ ဇနီးဖြစ်သူ ဝေဂူယီဟာ ဖန်အန်ကို စွန့်လွှတ်ခဲ့ခြင်း မရှိဘဲ အနစ်နာခံ စောင့်ရှောက်ခဲ့ ပါတယ်။ နေ့စဉ်ပြုလုပ်ရတဲ့ ကိစ္စမှန်သမျှကို ဝေဂူယီက တာဝန်ကျေစွာ ဆောင်ရွက်ခဲ့ပါတယ်။ သူတို့ဟာ လက်ထပ်တဲ့နေ့ ကတည်းက သစ္စာဆိုပြီး တစ်ဦးနဲ့တစ်ဦး ချစ်ခင်စွာ နေထိုင် သွားမယ်လို့ ကတိပြုထား ကြပါတယ်။ ဇနီးဖြစ်သူ ဝေဂူယီက မိမိ တို့အနေဖြင့် လက်ရှိဘ၀ကို ကျေနပ်ကြောင်း၊ မိမိသည် ခင်ပွန်း ဖြစ်သူ၏ မျက်လုံးတွေ ဖြစ်နေ သလို ခင်ပွန်းဖြစ်သူ ဟာလည်း မိမိအတွက် အရာရာ စွမ်းဆောင်ပေးသူ ဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။ ခင်ပွန်းဖြစ်သူ ဖန်အန် ကလည်း အသက်ထက်ဆုံး ချစ်သွာကြမှာ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

http://www.messengernewsjournal.com/General/Eventure/detail.php?id=35190
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) သေႏ္ဓတားဆေးများကြောင့် ဦးနှောက် ကျုံ့နိုင်သည်ဟုဆို Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးသရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်း
- (အနောကျသို့) နေ့လယ်ဘက် (၄၅) မိနစ်လောက် တရေး အိပ်ပါက မှတ်ဉဏ်ငါးဆ ပိုကောင်းလာ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးသရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်း