ကယ်လိုရီနည်းတဲ့ ၀ီစကီ သောက်ကြမလား
ကယ်လိုရီ နည်းပါးပြီး Diet လို့ခေါ်တဲ့ စနစ်တကျ သောက်သုံးဖို့ ထုတ်လုပ် ထားတဲ့ ၀ီစကီမျိုး မိတ်ဆွေ သောက် ဖူးပါသလား။ ဒီလို ၀ီစကီမျိုးဟာ အပြင်မှာလည်း တကယ် ရှိနေပါတယ်။ တကယ်လို့ ၀ီစကီ သောက်သုံးသူတွေ ဆိုတာ အသိပညာ မြင့်မားပြီး ၀ီစကီထဲမှာ ပါရှိတဲ့ ကယ်လိုရီပမာ ဏ ကိုလည်း သတိထား စောင့်ကြည့် တတ်ကြသူတွေ ဖြစ်ပါတယ်။
Sinfully Thinn Whiskey ကို ထုတ်လုပ်ထားသူတွေက သူတို့ရဲ့ ကုန်ပစ္စည်းကို ကယ်လိုရီပမာဏ နည်းနည်းနဲ့ သောက်သုံးရစေမယ်ဆိုတဲ့ ကတိမျိုးနဲ့ ထုတ်လုပ်ထားတာပါ။ ဒီဝီစကီ ထုတ်လုပ်သူတွေက ဒီလိုမျိုးကတိပေး ထားတယ် ဆိုပေမယ့် နောက်ပိုင်းမှာတော့ ရိုးရှင်းတဲ့ စာသားတွေနဲ့ ပြောင်းလဲကြေညာခဲ့ပါတယ်။
“ THINN Light Whiskey တွေကို အပူချိန်လျှော့ချထားတဲ့ အခြေအနေမှာ လေထုမရှိဘဲနဲ့ ချက်လုပ်ထားတာ ဖြစ်ပါတယ်။ ဂျုံရဲ့ ချောမွတ်မှုနဲ့ ချိုမြိန်မှုကိုလည်း အကောင်းဆုံး ပေါင်းစပ်ထားပါတယ်။
သန့်ရှင်းပြီး သေးသွယ်တဲ့ ပုလင်းပုံစံကလည်း နှလုံးသားကို ခပ်ပါးပါးလေး လှီးဖြတ်သလို ခံစားရမှာ ဖြစ်သလို အကောင်း မွန်ဆုံး အရည်အသွေးကိုလည်း ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်” လို့ ကြော်ငြာထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဝီစကီကို အရက်ချက်လုပ်ရာမှာ တဖက်ကမ်းခပ် ကျွမ်းကျင်သူတွေက တစ်ကြိမ်စီမှာ ပုလင်းနည်းနည်းသာ ထုတ်လုပ်တဲ့ စနစ်ကို သုံးထားတာကြောင့် သောက်သုံးသူတွေကို အကောင်းဆုံး အနံ့အရသာနဲ့အတူ ကယ်လိုနီနည်းနည်းသာ ထည့်ဝင်ထားတယ်လို့ ဆိုထားပါသေးတယ်။
ဒါပေမယ့် ကျွမ်းကျင်သူတွေကတော့ အရက်မှာ ပါဝင်တဲ့ အယ်လ်ကိုဟောမှာကိုက ကယ်လိုရီ ပါဝင်ပြီးသား ဖြစ်တဲ့အတွက် ကယ်လိုရီလျှော့ချ ချင်တယ်ဆိုရင် အယ်လ်ကိုဟော ပမာဏကိုပါ လျှော့ချရလိမ့်မယ်လို့ ထောက် ပြခဲ့ကြပါတယ်။ ဒီလိုသာ လျှော့ချလိုက်မယ်ဆိုရင်ရင်လည်း ဒီဝီစကီဟာ ကော့တေး အမျိုးအစားထဲကို ပါဝင်သွားလိမ့်မယ်လို့ ဆိုပါတယ်။
“ ၀ီစကီဆိုတာက အထွတ်အမြတ်ထားတယ်ဆိုတဲ့ အလေ့အကျင့်ကို ပျိုးထောင်မိစေတဲ့ တွယ်ငြိမှုတစ်မျိုးပါ။ ၀ီစကီချစ်သူတွေဟာ ၀ီစကီထဲမှာ ပါတဲ့အရာတွေ၊ ထုတ်လုပ်ထားတဲ့ နည်းစနစ်တွေနဲ့ သိုလှောင်ထားတဲ့ နှစ်အပိုင်းအခြားဆိုတာမျိုးတွေကို ရူးသွပ်လေ့ရှိပါတယ်။ ၀ီစကီ သောက်တယ်ဆိုတာရဲ့နောက်မှာ မှာယူရခြင်းနဲ့ နှစ်ခြိုက်ပျော်မွေ့ခြင်းဆိုတာတွေ ရှိနေတတ်ပါတယ်။ ကျန်းမာရေး အထောက်အကူပြုပြီး စနစ်တကျ ထုတ်လုပ်ထားတယ်ဆိုတာမျိုး သက်ရောက်တဲ့ Diet Whisky ဆိုတာမျိုးကို စစ်မှန်တဲ့ ၀ီစကီချစ်သူတွေက သဘောကျမှာ မဟုတ်ပါဘူး။ သူတို့အနေနဲ့ အစာစားတဲ့ အချိန်မျိုးမှာပဲ ကယ်လိုရီ လျှော့ချချင်တာမျိုးတွေ လုပ်ကောင်းလုပ်ပါလိမ့်မယ်။ ဒါပေမယ့် Diet Whisky ဆိုတာမျိုးကိုတော့ ၀ီစကီအစစ်လို့ အသိအမှတ်ပြုမှာ မဟုတ်ပါဘူး” လို့ စာရေးဆရာ အယ်လီဇာကယ်လာမန်းက သုံးသပ်ခဲ့ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူတွေအနေနဲ့ www.sinfullythinn.com မှာ သွားရောက်လေ့လာနိုင်ပါတယ်။
Ref - Mashable

http://www.planet.com.mm/detail/27641/World
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) လူအမ်ားစု မှားယွင်းစွာ မှတ်ထားလေ့ ရှိကြသောအရာများ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..
- (အနောကျသို့) လူငယ်များ၏ ပုန်ကန်စိတ်သည် မိဘများထံမှ ခွဲထွက်လို စိတ်ကြောင့်ဟုဆို ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..