Facebook Messenger ကို ဗီဒီယို chat ဖြင့် အသုံးပြုနိုင်မည်
ဗီဒီယို chat သည် သူငယ်ချင်းများနှင့် မိသားစု များအကြား အပြန်အလှန် ဆက်သွယ်ရာတွင် အလွန် အသုံးဝင်သည့် နည်းလမ်းတစ်ရပ် ဖြစ်လာခဲ့ပြီးနောက် Facebook က အဆိုပါ လုပ်ဆောင်ချက်ကို Messenger app တွင် ထည့်သွင်းပေးခဲ့သည်။
Facebook သုံးစွဲသူများသည် မကြာမီတွင် Messenger app ကို အသုံးပြုကာ Wi-Fi နှင့် ဆယ်လူလာ ကွန်ရက်များပေါ်မှတစ်ဆင့် သူငယ်ချင်း သို့မဟုတ် မိသားစုများဖြင့် မျက်နှာချင်းဆိုင် စကားပြောဆိုမှု ပြုလုပ်နိုင်မည် ဖြစ်သည်။ Facebook Messenger တွင် ဗီဒီယို chat ပြုလုပ်ရန်အတွက် app ၏ ထိပ်ဘက်ရှိ ဗီဒီယိုကင်မရာ icon ကိုနှိပ်၍ အသုံးပြုရမည် ဖြစ်သည်။ အဆိုပါ ဝန်ဆောင်မှုကို Apple ထုတ်ကုန်များနှင့် Google ၏ Android ဆော့ဖ်ဝဲ အသုံးပြုထုတ်ကုန်များတွင် အသုံးပြနိုင်မည် ဖြစ်သည်။
Facebook ၏ Messenger video chat သည် Apple FaceTime, Google Hangouts နှင့် Microsoft Skype တို့အပါအဝင် ပြိုင်ဘက်များစွာဖြင့် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။
Messenger video chat သည် ကောင်းမွန်သည့် အသံနှင့် ဗီဒီယိုအရည်အသွေးကို ထောက်ပံ့ပေးနိုင်ပြီး ကွဲပြားခြားနားသည့် အင်တာနက်ချိတ်ဆက်မှုများမှတစ်ဆင့် အသုံးပြုနိုင်မည်ဟု Facebook မှ ပြောကြားခဲ့သည်။
Facebook messaging ၏ ထုတ်ကုန်ဆိုင်ရာ အကြီးအကဲဖြစ်သူ စတန်ချတ်နော့စကီးက “အမေရိကန်မှာနေတဲ့ iPhone သုံးစွဲသူတစ်ယောက်က အိန္ဒိယမှာနေတဲ့ Android သုံးစွဲသူ တစ်ယောက်ဆီ ဖုန်းခေါ်ဆိုမှု ပြုလုပ်နိုင်စေဖို့ ကျွန်တော်တို့ ဆန္ဒရှိပါတယ်” ဟု ပြောကြားခဲ့သည်။
အင်တာနက်ပေါ်တွင် အသံဖြင့် chat ပြုလုပ်သူ ၁၀ ရာခိုင်နှုန်းသည် Messenger ကို သုံးစွဲသူများ ဖြစ်ကြောင်း Facebook မှ ပြီးခဲ့သည့် ရက်သတ္တပတ်က ကြေညာခဲ့သည်။ အဆိုပါ feature ကို လွန်ခဲ့သည့် နှစ်နှစ်ခန့်က ဖြန့်ချိခဲ့ခြင်းဖြစ်သည်။
Ref: CNET

Internet Journal
http://internetjournal.media/news/2381
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) Samsung Devices & Nexus Devives For Total Solution 2.0 ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...ကိုယ့်ကို ကမ်းလှမ်းလာကြတဲ့ ဇာတ်အပေါ်မှာပဲ လက်ခံပြီးတော့ ရိုက်ကူးဖြစ်တယ်လို့ဆိုတဲ့ အိချောပို
- (အနောကျသို့) ကွန်ပျူတာတက္ကသိုလ် ပါရဂူဘွဲ့သင်တန်းသားများခေါ်ယူ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...ကိုယ့်ကို ကမ်းလှမ်းလာကြတဲ့ ဇာတ်အပေါ်မှာပဲ လက်ခံပြီးတော့ ရိုက်ကူးဖြစ်တယ်လို့ဆိုတဲ့ အိချောပို