ငလျင် လှုပ်လာပြီဆိုပါက
ငလျင်လှုပ်တဲ့အခါ သစ်သား အိမ်တွေကတော့ အလုံခြုံဆုံး အိမ် ပုံစံဖြစ်ပါတယ်။ ပြိုကျခဲ့ရင် နေရာလွတ် အများကြီး ဖြစ်စေပါတယ်။ ကွန်ကရစ်အိမ်လို ခန္ဓာကိုယ်တွေကို ဖိညှပ်ကျေပျက်စေခြင်း မရှိပါဘူး။ အုတ်နဲ့ ဆောက်ထားတဲ့ အိမ်တွေ
ပြိုကျရင် အုတ်ခဲတွေ တစ်ခုစီ ကွဲကုန်ပြီး ဒဏ်ရာများစွာရစေပါတယ်။
ငလျင်လှုပ်ချိန်မှာ သင်သည် အပြင်ပြေးထွက်ဖို့ အချိန်မရှိခဲ့ရင် ဆိုဖာခုံ၊ ကုတင်၊ စားပွဲကြီး၊ ရေခဲသေတ္တာ စတဲ့ ကြီးမားတဲ့ အရာဝတ္ထုတစ်ခုခုရဲ့ ဘေးကပ်လျက်မှာ ပုဇွန်တုပ်ကွေး ကွေးပြီးနေလိုက်ပါ။ အဓိကတော့ ဦးခေါင်းပေါင်းက ပိုအရေးကြီးပါတယ် ခေါင်းကို ထိခိုက်ခြင်း နည်းပါးစေရန် ဖော်ပြသည့် အတိုင်း မဖြစ်ပါက လက်နှစ်ဖက်နဲ့ ဦးခေါင်းကို မိုးပေးထားရပါလိမ့်မည် ။
သက်ကြီးအိုများ လူနာများရှိပါက စောင်ထူထူကို ဖုံးပေးထားလိုက်ပါ ။ ကွင်းပြင်ကို အရောက်ထွက်နိုင်တယ် သွားနိုင်ရင်တော့ ပိုကောင်းပါသည် ။
ညဘက်ချိန်ခါ အိပ်ချိန်မှာ ငလျင်လှုပ်ခဲ့ရင် အလွယ်တကူ ကုတင်ဘေးကို လှိမ့်ချလိုက်ပါ။ ပုဇွန်တုပ်ကွေး ကွေးပြီးကုတင်ဘေး ဒါမှ မဟုတ် အောက်ကို ဝင်ရောက်နေရာယူလိုက်ပါ ။
အဆောက်အအုံပြိုကျတဲ့အခါ အိမ်တံခါးပေါက်ဝမှာ ပုံးနေတဲ့လူက တံခါးမကြီးဟာ အတွင်းဖက် သို့မဟုတ် အပြင်ဖက်ကိုလှဲကျပြီး အပေါ်ကမျက်နှာကြက် ပြိုကျဖိမိပြီး သေကြရပါတယ်။
ငလျင်လှုပ်တဲ့အခါ လှေကားပေါ် လုံးဝမသွားပါနဲ့။ ငလျင်ကြောင့် လှေကားပျက် မကျခဲ့ရင်တောင် လူတွေအများရဲ့ အလေးချိန်နဲ့ နောက်ပိုင်းမှာ ပြိုကျနိုင်ပါတယ်။ နောက်ပိုင်းပြိုကျခြင်း မရှိခဲ့ပါက မိမိအိမ် အနေအထားအားလုံးကို လိုက်လံစစ်ဆေးခြင်းကို မဖြစ်မနေ လုပ်ဆောင်ကြရပါလိမ့်မယ် ။
အပြင်ဆုံးအိမ်နံရံဖက် သို့မဟုတ် အိမ်အပြင်ဖက်ကို နီးနိုင်သမျှ အရောက်သွားနေပါ။ အိမ်အတွင်းထဲမှာနေသူဟာ အပြင်ထွက်ဖို့လမ်းကြောင်း ရှာဖွေနိုင်ဖို့ ပိုမိုခက်ခဲပါတယ်။
သင်ကားမောင်းရင်တွေ့ ကြုံလာရင် လမ်းကြောပိတ်လာရင် ကားထဲမှာ လုံးဝ မနေပါနဲ့ ကားကိုရပ် အပြင်ကိုထွက်ပြီး ကားဘေးမှာ နေပေးပါ ကားအပေါ်ကို တခုခု ပြိုကျခဲ့ရင်တောင် လူအနေနဲ့ လွတ်နိုင်ကျန်နိုင်ပါတယ် ။
အထက်ပါ ဖော်ပြချက်က အားလုံးပြည့်စုံလားဆိုလာရင် သိသလောက်ကိုသာ တင်ပြပေးပါတယ် လိုအပ်တာလည်းရှိပါမယ် အလုံးစုံပြည့်စုံပါတယ်လို့ တော့ မဆိုပါ ။
လုံးစုံ သက်ရှိသတ္တဝါတွေ သဘာဝ ကပ်ဘေးအပေါင်းမှ ကင်းဝေးကြပါစေ
ချမ်းသာကြပါစေ
ကျန်းမာကြပါစေ
အသက်ရာကျော် ရှည်ပါစေ
Mg Mandalay

https://www.facebook.com/mg.mandalay
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) လျှပ်စစ် ဖော်မြူလာ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးSamsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF)ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ
- (အနောကျသို့) Bleeding gums သွားဖုံး သွေးယိုခြင်း စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးSamsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF)ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ