ချိစ်စားခြင်းဖြင့် ဦးနှောက်စွမ်းရည် မြင့်မားစေနိုင်
အစောပိုင်းက အဆီများသော အစားအသောက် များသည် ဦးနှောက်ကို နှေးကွေး လေးလံစေကြောင်း ယုံကြည်ထားကြသော်လည်း ချိစ်ကဲ့သို့ နို့ထွက် ပစ္စည်းများသည် ဦးနှောက်၏ ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်သော ဓာတ်စာများဟု ယခုတွေ့ရှိမှုက ဖော်ပြချိစ်များများ စားခြင်းသည် ဦးနှောက် စွမ်းဆောင်ရည်ကို မြင့်မားစေကြောင်း သုတေသီများ၏ ဖော်ထုတ်မှု တစ်ခုအရ အတည်ပြု တွေ့ရှိခဲ့သည်။
အစောပိုင်းက အဆီများသော အစားအသောက်များသည် ဦးနှောက်ကို နှေးကွေး လေးလံစေကြောင်း ယုံကြည်ထားကြသော်လည်း ချိစ်ကဲ့သို့ နို့ထွက် ပစ္စည်းများသည် ဦးနှောက်၏ ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်သော ဓာတ်စာများဟု ယခုတွေ့ရှိမှုက ဖော်ပြခဲ့သည်။ ဗြိတိန်၊ အမေရိကန်နှင့် ဩစတြေးလျတို့မှ သုတေသီများသည် လူပေါင်း (၁၀၀၀)၏ နေထိုင် စားသောက်မှု စနစ်ကို လေ့လာကာ ယခုရလဒ်ကို ဖော်ထုတ် ကြေညာခဲ့ခြင်းဖြစ်သည်။ ချိစ်အပြင် နွားနို့၊ ဒိန်ချဉ်စသည့် နို့နှင့် နို့ထွက် အစားအစာများသည်လည်း အလားတူ အာနိသင်မျိုး ရှိနေကြောင်း သိရသည်။
နို့ထွက် အစားအသောက်များကို လုံးဝ မစားခြင်း၊ သို့မဟုတ် အလွန် ရှားပါးစွာသာ စားသောက်လေ့ ရှိခြင်းတို့သည် နို့ထွက် ပစ္စည်းများ ပေါကြွယ်စွာ စားသောက်သူများထက် ဦးနှောက် စွမ်းရည် ဖွံ့ဖြိုးမှု နှေးကွေးကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။ အမေရိကန်တွင် ပင်စင်စား သက်ကြီးရွယ်အို (၁၀၄)ဦး၏ နေထိုင် စားသောက်မှု ပုံစံကို စောင့်ကြည့် လေ့လာခဲ့ပြီးနောက် နို့ထွက်ပစ္စည်းများ၏ ဦးနှောက်အတွက် ကောင်းမွန်သော လှုံ့ဆော်မှု အာနိသင်ကို တွေ့ရှိခဲ့သည်။ နို့နှင့် ငါးကြီးဆီတို့တွင် ပါဝင်သော omega-3 အဆီကဲ့သို့ ဓာတ်မျိုးသည် ဦးနှောက်၏ တက်ကြွမှု လုပ်ငန်းဆောင်တာပိုင်းကို အားပေးနိုင်ကြောင်း သိရသည်။
နို့တွင် omega-3နှင့် omega-6တို့ကဲ့သို့ ဦးနှောက်အတွက် အကျိုးဖြစ်ထွန်းစေသော အဆီဓာတ်များ ပါဝင်နေသည်။ အောက်စ်ဖို့ဒ် တက္ကသိုလ်မှ အဲလက်စ် ရစ်ချတ်ဆန်က “omega-3 လိုမျိုး အဆီတွေက ဦးနှောက်ရဲ့ ဓာတုဖြစ်စဉ်တွေကို ကောင်းကျိုး ပေါ်ပေါက်လာစေတာကို ဖော်ထုတ်နိုင်ပါတယ်။ သာမန်အားဖြင့်တော့ ပြည့်ဝဆီတွေဟာ ဦးနှောက်အတွက် အန္တရာယ် ဖြစ်နိုင်စေပေမယ့် ကွဲပြားတဲ့ ဖွဲ့စည်းပုံအရ essential fat အဆီတွေရဲ့ သက်ရောက်မှုက အကောင်းဘက်ကို ဦးတည်နိုင်ပါတယ်”ဟု ရှင်းလင်း ပြောကြားသွားသည်။
Source: DailyMail
ရွှေအိမ်စည် စာကြည့်တိုက်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ပင်ဂွင်းတို့၏ အချစ်အကြောင်း သင်သိလား..? JAVA leaning Myanmar (PDF) ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်း
- (အနောကျသို့) သစ်သီးများစားခြင်းဖြင့် ဆီးချိုရောဂါလျော့ကျနိုင်ပြီး သစ်သီးဖျော်ရည်ကမူ ပြောင်းပြန် သက်ရောက်ကြောင်းတွေ့ရှိ JAVA leaning Myanmar (PDF) ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်း