ကမ္ဘာပေါ်မှာ အပျော်ရွှင်ရဆုံး နိုင်ငံသားများ
သက်ရှိကမ္ဘာမှာ နေထိုင်ကြတဲ့ လူသားတွေရဲ့ မျှော်လင့်ချက်ပန်းတိုင်ဟာ ဘဝမှာ ပျော်ပျော်ရွှင်ရွှင် ငြိမ်းငြိမ်း ချမ်းချမ်းနေထိုင်ကြရဖို့ ဖြစ်ပါတယ်။ ပျော်ရွှင်မှု ဆိုတာ လူနေမှုအဆင့်အတန်းနဲ့လည်း သက်ဆိုင်သလို ကိုယ်နေထိုင်တဲ့ နိုင်ငံရဲ့ နိုင်ငံရေး အခြေအနေနဲ့လည်း သက်ဆိုင်လျှက် ရှိပါတယ်။ နိုင်ငံပေါင်းစုံ တိုးတက်ရေး ကွန်ယက်ရဲ့ အစီရင်ခံစာအရ ကမ္ဘာပေါ်မှာ အပျော်ရွှင်ရ ဆုံးနိုင်ငံသားတွေနဲ့ စိတ်အညစ်ရဆုံး နိုင်ငံသားတွေ စာရင်းကို အောက်ပါအတိုင်း ကြည့်နိုင်ပါတယ်။ နိုင်ငံတနိုင်ငံ ချင်းစီရဲ့ နိုင်ငံရေး အခြေအနေ၊ ချမ်းသာကြွယ်ဝမှုအပေါ်ကို မူတည်ပြီး နိုင်ငံသားတွေရဲ့ ဘဝကိုလေ့လာကာ တွက်ချက်ဖော်ပြ ထားတာဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ အပျော်ရွှင်ရဆုံးနိုင်ငံသားတွေကတော့ ဆွစ်ဇာလန်နိုင်ငံသားတွေဖြစ်ပါတယ်။ နိုင်ငံသား တစ်ယောက်ချင်းစီရဲ့ နေထိုင်မှုဘဝပုံစံ၊ မျှော်လင့်ချက်၊ ဝင်ငွေ စတာတွေကို ပျှမ်းမျှတွက်ချက်ကြည့်ရာမှ ဆွစ်ဇာလန်က ဦးဆောင်လျှက်ရှိနေပါတယ်။ ကိုယ့်ရဲ့ဘဝအတွက် ဆုံးဖြတ်ချက်တွေကို လွပ်လပ်စွာ ချနိုင်မှု အပေါ်မှာလည်း ဆွစ်ဇာလန်နိုင်ငံသားတွေက အခွင့်အရေးအပြည့်အဝရထားသူတွေဖြစ်ပါတယ်။
ဆွစ်ဇာလန်က ရမှတ် ၇.၅၈၇ နဲ့အမြင့်ဆုံးဖြစ်ပြီး သူ့ရဲ့နောက်မှာ အိုက်စလန်၊ ဒိန်းမတ်၊ နော်ဝေ စတဲ့နိုင်ငံသားတွေက အပျော်ရွှင်ရဆုံးလူသားတွေအဖြစ် ရပ်တည်လျှက်ရှိကြပါတယ်။ အဲဒီနောက်မှာတော့ ကနေဒါ၊ ဖင်လန်၊ နယ်သာလန်၊ ဆွီဒင်၊ နယူးဇီလန်နဲ့ သြစတြီးယားနိုင်ငံတွေရှိနေပါတယ်။ ကမ္ဘာမှာ မပျော်ရွှင်ရဆုံး နိုင်ငံသားတွေကတော့ တိုဂို၊ ဘူရန်ဒီ၊ ဆီရီးယား၊ ဘီနင်၊ ရဝမ်ဒါ၊ အာဖန်ဂန်နစ္စတန်၊ ဘာကီနာဖာဆို၊ အိုင်ဗရီကို့စ်၊ ဂီနီယာစတဲ့နိုင်ငံတွေရပ်တည်နေရပါတယ်။ ဒီနိုင်ငံသားတွေကတော့ အခွင့်အရေး ဆုံးရှုံးမှု၊ အကျပ်အတည်းရင်ဆိုင်ရမှု အရှိဆုံး နိုင်ငံသားတွေဖြစ်ပါတယ်။
Ref - telegraph

Planet Myanmar News
http://www.planet.com.mm/detail/27653/World
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
- (အရှေ့သို့) ေသစာရွင္စာ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲလူမှုဘ၀ သာယာမှုကို ထိခိုက် စေသော အကျင့်ဆိုးများ ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ Abortion Pills ဖျက်ဆေးတွေအကြောင်း
- (အနောကျသို့) ထူးခြားသည့် လူ၏ဘယ်လက်နှင့် တူသည့် ခါကြက်ဥသီးနှံ သီပေါ၌ တူးဖော်ရာမှ တွေ့ရ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲလူမှုဘ၀ သာယာမှုကို ထိခိုက် စေသော အကျင့်ဆိုးများ ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ Abortion Pills ဖျက်ဆေးတွေအကြောင်း