ကော်ဖီသောက်ခြင်းနှင့် အသည်းကင်ဆာ ကာကွယ်နိုင်ခြင်း
Health Updates Journal No. 164
မနက်မိုးလင်းသည်နှင့် လူတို့သည် ကော်ဖီသောက်သုံးလေ့ ရှိတတ်ကြပါသည်။ ၄င်းစွမ်းအားနှင့် တစ်နေကုန် နိုးကြားတက်ကြွစေပြီး အာရုံစူးစိုက်မှုကို ကောင်းမွန်စေပါ သည်။ လေ့လာမှုတစ်ရပ်အရ ကော် ဖီ ပုံမှန်သောက်ခြင်းသည် အရက် သောက်ခြင်းကြောင့် ဖြစ်သော အသည်းကင်ဆာ ဖြစ်နိုင်ချေကို လျော့ချပေးနိုင်မည်ဟု သိရသည်။ ထိုလေ့လာမှုကို ဗြိတိန်ရှိ World Cancer Research Fund မှ ပြုလုပ်ခဲ့သည်။ လေ့လာမှုအရ တစ်နေ့ကို ကော်ဖီ ၃ခွက်နှင့်အထက် သောက်သုံးပေးပါက ကင်ဆာဖြစ်နိုင် ချေကို လျော့ချပေးနိုင်မည်ဟု သိရ သည်။ အမေရိကန် ကင်ဆာအဖွဲ့ အစည်း၏ထုတ်ပြန်ချက်အရ နှစ်စဉ် အသည်းကင်ဆာဖြစ်သူ ၃၅၆၆၀ဦး ဖြစ်ပွားနေသည်ဟု သိရသည်။ လေ့လာမှုတွင် လူပေါင်း၈.၂သန်းကို စစ်ဆေးစမ်းသပ်ပြီး ပြုလုပ်ခဲ့ကြ သည်။ လေ့လာမှုအရ ကော်ဖီသောက် ခြင်းသည် DNA ပျက်စီးခြင်းကို ကာကွယ်ပေးပြီး ကော်ဖီတစ်ခွက် သောက်တိုင်း အသည်းကင်ဆာ ဖြစ်နိုင်ချေကို ၁၄ရာခိုင်နှုန်းအထိ လျော့ချပေးသည်ဟု သိရသည်။
မာဃ
Ref; MNT
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) How to Root Zenfone 5 Lollipop ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..
- (အနောကျသို့) ဒေါ်ခင်ကြည် ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..