လူငယ်များ၏ ပုန်ကန်စိတ်သည် မိဘများထံမှ ခွဲထွက်လို စိတ်ကြောင့်ဟုဆို
ဝါရှင်တန်၊ ဧပြီ ၂၁
လူငယ်များသည် မိဘများကို ပုန်ကန်လိုစိတ်များ ဖြစ်ပေါ်ရခြင်းနှင့် ပတ်သက်ပြီး ကာလီဖိုးနီးယားတောင်ပိုင်း တက္ကသိုလ်၊ စိတ်ပညာဌာန၊ လက်ထောက် ပါမောက္ခ ဒါဘီ ဆက်စ်ဘီ က လေ့လာဖော်ထုတ်ခဲ့ရာ ယင်းစိတ်သည် မိဘများထံမှ ခွဲထွက်လိုပြီး ကိုယ့်ဒူးကိုယ်ချွန် ရပ်တည် လိုစိတ် များ၏ စေ့ဆော်ချက်ကြောင့်ဖြစ်ကြောင်း Live Science သတင်းတွင်ဖော်ပြ ထားသည်။
ဦးနှောက်၏ အလယ်ဗဟိုတွင် ရှိသော အပိုင်းသည် မိဘများနှင့် ဆက်ဆံရာတွင် ခံစားမှုကို ဖော်ထုတ်ပြနိုင်သည့် အဓိက နေရာ ဖြစ်ကြောင်း၊ မိဘအရိပ်အောက်က လွတ်မြောက်လိုခြင်းနှင့် အလိုမကျခြင်းများက ယင်းဗဟိုအပိုင်းကို ပိုပြီး လှုံ့ဆော်နိုးကြွ စေခဲ့ကြောင်း သုတေသီများကို ဦးနှောက်ကိုဖတ်ထားသည့် စကင်နှင့် ဗီဒီယိုပြကွက်များဖြင့် ဖော်ထုတ်ပြပြီး ရှင်းလင်း ထားကြောင်း သတင်းကဆိုသည်။
ဒါဘီက အသက် ၁၆ နှစ်မှ ၁၈ နှစ်အတွင်းရှိ လူငယ် ၂၂ ဦး၏ မတူညီသော စိတ်အနေအထား များကို MRI (Magnetic Resonance Imaging) စနစ်ဖြင့် လေ့လာဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး၊ လူငယ်များ၏ လိင်စိတ်၊ မူးယစ်ဆေးသုံးစွဲမှု၊ အရက်သေစာ သောက်သုံးမှုနှင့် ကားများကို မဆင်မခြင်မောင်းနှင်မှုများအားလုံးသည် မိဘကို ဆန့်ကျင်လိုစိတ်များ၊ ကိုယ့်ဘဝကိုယ် ရပ်တည်လိုစိတ်များနှင့် ပတ်သက်မှုရှိနေကြောင်းကို ဗီဒီယိုမှတ်တမ်းများဖြင့် ဖော်ထုတ်ခဲ့သည်။
မိဘက ဖိအားအလွန်ပေးခြင်းခံရသော ကလေးများ၏ဦးနှောက်ဗဟိုသည် အလွန်အမင်းသိသာကြောင်းကို ဒါဘီက ဖော်ထုတ် ပြသခဲ့ပြီးနောက် ကြီးကောင်ဝင်လာသည့် ကလေးများကို မိဘများသည် သူငယ်ချင်းအပေါင်းအသင်းများထက် ပိုပြီး အနေ နီးစပ်စွာ နေထိုင်ပေးရန်လိုကြောင်း၊ ပုန်ကန်ထကြွလိုစိတ်ကို မိဘများက နားလည်မှုအပြည့်ပေးပြီး ကုသရန်ကလွဲပြီး အခြား နည်းမရှိကြောင်း၊ သူတို့၏ ခွဲထွက်လိုစိတ်သည် သူပုန်စိတ်ကို အခြေခံနေကြောင်း နားလည်ပေးပြီး ဆွေးနွေးညှိနှိုင်းသင့် ကြောင်း ယင်းကဆိုသည်။

http://www.maukkha.org/index.php/news-menu/international-news-maukkha/7475-2015-04-24-02-56-48
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ကယ်လိုရီနည်းတဲ့ ၀ီစကီ သောက်ကြမလား ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Samsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF) သားအိမ်ခေါင်း ကင်ဆာအတွက် လမ်းညွှန်ချက်
- (အနောကျသို့) ဆေးတစ်တောင့် မျိုချထားရုံဖြင့် Password ကို အလိုအလျောက် သိစေနိုင်သော စနစ်တီထွင် ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Samsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF) သားအိမ်ခေါင်း ကင်ဆာအတွက် လမ်းညွှန်ချက်