မျက်စိစွံခြင်းကို ကာကွယ်ရန်
(၁) မျက်ခွံကို ဆေးကြောခြင်း မကြာခဏ မျက်စိစွံတတ်သူတို့ သည် အထူးသဖြင့် ဘက်တီးရီးယား ကူးစက်ပေါက်ပွားမှုကို ဖြစ်လွယ်သူ များဖြစ်သည်။ မျက်နှာသုတ်ပဝါ သန့် သန့်နှင့် အပျော့စား ခေါင်းလျှော် ရေ ဥပမာ ကလေးသုံးခေါင်းလျှော် ရေသုံး၍ အညစ်အကြေးများကို သာသာလေး ပွတ်ပြီး မျက်ခွံမှ ဆဲလ် သေများကို ဖယ်ပစ်ပါ။ ပြီးလျှင် ရေ နွေးနှင့်ဆေးပါ။
(၂) သန့်ရှင်းသော လက်များ ဖြစ်လေ့ဖြစ်ထ ရှိသော အ ကြောင်းရင်းမှာ လက်မှ ဘက်တီး ရီးယားများက မျက်လုံးကို ကူးစက် ခြင်းဖြစ်သည်။ လက်များကို မကြာ ခဏဆေးပေးပါ။ အထူးသဖြင့် အိမ် သာသုံးပြီးချိန်၊ အစာမစားမီ၊ စားပြီး ချိန်များတွင် ဆေးကြောပါ။ မျက်လုံး ကိုပွတ်ခြင်း၊ ထိခြင်း ရှောင်ပါ။
(၃) မျက်ကပ်မှန် မျက်ကပ်မှန်ကိုထိသော လက် များကို စင်ကြယ်အောင် အထူးဂရု စိုက်ပါ။ မျက်ကပ်မှန်ချည်းသက် သက်၌ ပင် ဘက်တီးရီးယား ကူးစက် တတ်သည် ဖြစ်ရာ ယင်းတို့ကို နေ့စဉ် မျက်ကပ်မှန်ဆေးရည်နှင့် ဆေးပေး ပါ။ လစဉ်တပ်ရပါက (၄)ပတ်တစ်ခါ မျက်ကပ်မှန် အသစ်ပြောင်းပါ။ ညအိပ်လျှင် မတပ်ပါနှင့်။ မည်သို့ပင် စိတ်ချရအောင် လုပ်ထားသည့်မျက် ကပ်မှန်မျိုးဖြစ်စေ မျက်စိစွံခြင်းကို ဖြစ်စေသည်။
(၄) မျက်လုံးဆိုး လိုင်နာရည်နှင့် ရှဲဒိုးများ မျက်ခွံတွင် လိုင်နာနှင့် ရှဲ ဒိုးဆိုးဆေးများ လိမ်းခြင်းသည်လည်း မျက်စိစွံစေတတ်သည်။ အထူးသဖြင့် မိတ်ကပ် အများကြီး လိမ်းခြင်း တစ် နေတည်းမှ အထပ်ထပ် ဆိုးခြင်းတို့ သည် မျက်စိစွံခြင်းကို ဖြစ်စေတတ်သည်။ မျက်ခွံတွင် မိတ်ကပ်များ စွဲ ငြိပြီး မဆေးဘဲ မအိပ်ပါနှင့်။ ညမအိပ်မီ မျက်ခွံကို ရေနွေးဖြင့် ဆေးပါ။ မျက်ခွံကို လိမ်း သည့်ဖော့တံ၊ စုတ်တံ၊ မြကျ့ ၊ခဲတံတို့တွင် ဘက် တီးရီးယား ကပ်ငြိစေတတ်သဖြင့် မကြာခဏလဲပေးပါ။ မျက်လုံးဆိုး ဆေး၊ ရှဲဒိုးတို့ကို အကြာကြီးထား၍ သုံးခြင်းမျိုး မပြုလုပ်ဘဲ လဲလှယ်ပေး ခြင်းဖြင့် ဘက်တီးရီးယားကြောင့် မျက်စိစွံခြင်းကို ကာကွယ်နိုင်ပါလိမ့်မည်။
ဒေါန
Health Updates Journal Vol.2, No.36
---------------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) သံပုရာရည္ကို ဘာ့ကြောင့် နံက်တိုင်း သောက်သင့်တာလဲ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..
- (အနောကျသို့) ကလေးများအား အခြေခံ အသက်ကယ်နည်း ( Paediatric Basic Life Support ) ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..