အင်တာနက်ကို မလိမ်ပါနဲ့
ဆွေးနွေးပွဲတစ်ခု သွားလို့ ၁ ရက် ၂ ရကအတွင်း ခင်သွားတဲ့ မိတ်ဆွေတစ်ဦးက ကျနော့ကို အကူအညီတောင်းတယ်။ Facebook အကောင့် တစ်ခု ဖွင့်ပေးပါတဲ့။ ဒါနဲ့ အီးမေးလ်ရှိလားလို့ မေးတယ်။ အဲ့ဒါလည်း မရှိဘူး အီးမေးလ်ကော လုပ်ပေးပါတဲ့။ ဒါနဲ့ မှတ်ပုံတင်ထဲက အမည်အပြည့်အစုံ၊ မွေးသက္ကရာဇ် ရက်၊လ၊ ခုနှစ်၊ မွေးရာဇာတိ အစရှိသဖြင့်တို့ကို ပြည့်ပြည့်စုံစုံလေး ကျနော့ကို ပေးပါလို့ တောင်းတော့ "အဲ့ဒါ အစ်ကို အဆင်ပြေသလိုသာ ရေးပြီး ထည့်လိုက်ပါဗျာတဲ့"... ။ ကျနော် ချက်ချင်း စိတ်ခုသွားပေမယ့် သူက မသိလို့ ပြောတာပဲလေး ဆိုပြီးတော့ စိတ်အေးအေး ထားပြီး စဆုံး ရှင်းပြလိုက်တယ်။ သူလည်း လက်ခံသွားပါတယ်။ ဒီလိုရှိတယ်ဗျ။
အင်တာနက်ကို မလိမ်ပါနဲ့
Gmail အကောင့် ဖွ့င်တဲ့အခါပဲ Gmail address မှာ 335arfaf အစရှိသဖြင့် ကြိုက်တာ ပေးလို့ ရပါတယ်။ ဒါပေမယ့် User Name ဆိုတဲ့ နေရာမှာ မိမိရဲ့ အမည်ရင်းကို ဖြည့်ပါ။ First Name, Last Name တို့မှာ ဖြည့်ရမှာ ဖြစ်ပါတယ်။ ပြီးရင် မွေးသက္ကရာဇ် အမှန် ကို ဖြည့်ပေးပါ။ Email ဟာ မိမိ အင်တာနက် အွန်လိုင်း အသုံးပြုဖို့အတွက် လူကိုယ်စားပြုပေးမယ့် နောက်ထပ် လူတစ်ဦးလည်း ဖြစ်ပါတယ်။ ကိုယ်က အဲ့ဒီအီးမေးလ်နဲ့ ဝဘ်ဆိုဒ်တွေမှာ အသုံးပြု၊ လုပ်ငန်းတွေမှာ အသုံးပြုမှာမို့ အရေးအကြီးဆုံးပါ။ အကယ်၍ အမှန်အကန် မဖြည့်ထားရင် ပျက်တဲ့အခါ ပြန်ရရန် မလွယ်ပါဘူး။
နောက်တစ်ခု အရေးအကြီးဆုံးကတော့ Facebook ဖြစ်ပါတယ်။ Facebook မှာ မိမိရဲ့ အမည်ရင်း၊ မွေးသက္ကရာဇ် အမှန်၊ မွေးရပ်ဇာတိ အမှန်ကို ထည့်ပါ။ အကယ်၍ မမှန်ကန်ရင် Facebook က သင့်အကောင့်ကို Lock ကျသွားစေပါလိမ့်မယ်။ အဲ့ဒါကိုလည်း အဓိက ပြောချင်တာ မဟုတ်ပါဘူး။ အမှန်တကယ်က လိမ်ညာမှုပါ။
မိမိအနေနဲ့ အင်တာနက် သုံးတဲ့အခါ အမည်ရင်းကို မသုံးဘူး။ ကိုယ့်ရဲ့ ဓာတ်ပုံ အစစ်ကို မတင်ဘူး။ အမည်တွေလျှောက်ပေး၊ မင်းသား၊ မင်းသမီး ဓာတ်ပုံတွေ တင် ပြီးတော့ မိမိကိုယ်ကိုယ်လည်း လေးစားမှု မရှိတော့သလို ငါပြောရင် ငါ့ကြို ဘယ်သူမှ သိမှာမဟုတ်ပါဘူးလေ ဆိုပြီးတော့ တွေ့ရာ မိန်းကလေး ယောင်္ကျားလေးများကို မကောင်းတဲ့ စကားတွေလိုက်ဆို၊ သူများရဲ့ သားသမီးတွေကိုလည်း Bullying လုပ်မိလို့ လုပ်မိမှန်းမသိ လုပ်မိကုန်ပါတယ်။ ခံရတဲ့သူ အနေနဲ့လည်း ဒါဘယ်သူလဲ ဘာလဲ ဆိုတာ သေချာ မသိတော့ ဘယ်လို ဖြေရှင်းရမှန်း မသိ။ ဒါကြောင့်လဲ မြန်မာပြည်မှာ တစ်ယောက်ကို တစ်ယောက် အသရေ ဖြတ်တဲ့ Page တွေ၊ စော်ကားတဲ့ Post တွေတက်တာ များခြင်း ဖြစ်ပါတယ်။
မိမိရဲ့ ဓာတ်ပုံနဲ့ အချက်အလက်အကြောင်းအရာများကို ယူပြီးတော့ မဟုတ်တာ လုပ်မှာကို ကြောက်တယ်ဆိုရင်လည်း Privacy setting နဲ့ ပိတ်ထား ကာထားလို့ရ ပါတယ်။ အနည်းဆုံးကတော့ အကောင့်တွေ ဖွင့်တုန်းက တောင်းဆိုတဲ့ အချက်များကို မှန်မှန်ကန်ကန် ထည့်သွင်း ဖော်ပြဖို့ ဖြစ်ပါတယ်။
ဒါကြောင့်မို့ အင်တာနက်ကို မလိမ်ပါနဲ့။ ယဉ်ကျေး၊ ရိုင်းပင်းကူညီမှု ရှိသော အင်တာနက် ကွန်ရက်ကြီးကို တည်ဆောက်ကြဖို့ အထူးဆန္ဒပြုလိုက်ရ ပါတယ်။
အောင်ခမ်း (ရိုးရာလေး)
https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.1716477662
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
- (အရှေ့သို့) လူမှုကွန်ရက်တွေကို စွန့်ခွာသင့်နေပြီလား ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..
- (အနောကျသို့) နားလည်ရခက်သော အင်္ဂလိပ် စကားလုံးများ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..