ပန်းနာရင်ကြပ်ရောဂါ အမြစ်ပြတ် ကုသနိုင်မယ့် နည်းလမ်းတွေ့ရှိ
ရောဂါအချို့ကို မူးယစ်ဆေးနဲ့ ကုသရတယ် ဆိုတာကို လေ့လာသူဆေး သိပ္ပံပညာရှင်တွေ ဖော်ထုတ် ခဲ့ပြီးတဲ့နောက် ပန်းနာ ရင်ကြပ်ရောဂါ ကိုလည်း Calcilytics လို့ခေါ်တဲ့ အရာနဲ့ ငါးနှစ်အတွင်း ကုသပျောက် ကင်းနိုင်ကြောင်း တွေ့ရှိခဲ့ပြီဖြစ်ပါတယ်။ Calcilytics ဆိုတာ အရိုးပွရောဂါကို ကုသရာမှာ အသုံးပြုလေ့ရှိတဲ့ ဆေးဝါး တစ်မျိုးဖြစ်ပါတယ်။
ပန်းနာ ရင်ကြပ်ရောဂါကို ဗြိတိန်မှာ လူပေါင်း ငါးသိန်းနီးပါးလောက် ခံစားနေရတယ်လို့ ဆိုပါတယ်။ ကာဒစ်ဖ်တက္ကသိုလ်နဲ့ ကင်းကောလိပ်က သုတေသီတွေ ပူးပေါင်းရှာဖွေခဲ့တဲ့ လေ့လာချက်အရ ဒီအချက်ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ပန်းနာရင်ကြပ်ရောဂါဟာ ကာလကြာရှည် ခံစားရလေ့ရှိတဲ့ ရောဂါဖြစ်ပြီး အမြစ်ပြတ်အောင် ကုသနိုင်မှု နည်းပါးတာကြောင့် ရောဂါဖြစ်သူလူနာများဟာ အထူးသတိထားရပါတယ်။ သုတေသနပညာရှင်တွေကို ပန်းနာရင်ကြပ်ရောဂါကို အမြစ်ပြတ်ကုသနိုင်မယ့် နည်းလမ်းကို ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။ ဒီတွေ့ရှိချက်ကို ကမ္ဘာသိအောင် သက်သေပြဖို့တော့ ကျန်ရှိနေပါသေးတယ်။ ချက်ခြင်းပျောက်ကင်းနိုင်မှာ မဟုတ်ပဲ ငါးနှစ်အတွင်း တဖြည်းဖြည်းခြင်း ပျောက်ကင်းအောင် ကုသနိုင်မှာ ဖြစ်ပါတယ်။ ပန်းနာရင်ကြပ်ဖြစ်စေတဲ့ ခန္ဓာကိုယ်အတွင်းက ဆဲလ်တွေကို Calcilytics က ချေဖျက်ပေးမှာ ဖြစ်ပါတယ်။
ပန်းနာရင်ကြပ်ဟာ ကုရခက်တဲ့ရောဂါဖြစ်ပြီး တစ်ချို့လူနာတွေက ဆေးဝါးသောက်သုံးလည်း သိပ်မထူးတာမျိုး ဖြစ်တက်ပါတယ်။ လေထဲကတဆင့် ရောဂါပိုးဖြစ်ပွားနိုင်တဲ့ ရောဂါလည်းဖြစ်ပါတယ်။
Ref - dailymail

http://www.planet.com.mm/detail/27638/World
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ဘယ်နိုင်ငံတွေ ဘယ်လောက် ကျန်းမာလဲ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..
- (အနောကျသို့) လူအများစု မှားယွင်းစွာ မှတ်ထားလေ့ ရှိကြသောအရာများ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..