ရင်ကျပ်ရောဂါနှင့် နာတာရှည် လေပြွန်ကျဉ်းရောဂါများ ကုသနိုင်မည့် နည်းလမ်းသစ်
Health Updates Journal No. 163
ရင်ကျပ်ရောဂါနှင့် နာတာရှည် လေပြွန်ကျဉ်း (COPD) ရောဂါ များတွင် အသက်ရှူလမ်းကြောင်း အတွင်း၌ ချွဲသလိပ်များ လွန်ကဲစွာ ထုတ်လုပ်ခြင်းကြောင့် အသက်ရှူ ကျပ်လေ့ရှိသည်။ အမေရိကန်နိုင်ငံ Washington University School of Medicine သုတေသီများ၏ တွေ့ရှိချက်အရ အသက်ရှူလမ်း ကြောင်း ချွဲသလိပ်ထုတ်လုပ်ခြင်းကို ဟန့်တားနိုင်မည်ဖြစ်ကြောင်း သိရ သည်။
လွန်ခဲ့သည့် နှစ် (၂၀) က တည်းက တွေ့ရှိထားသည့် CLCA အမည်ရှိ ပရိုတင်းသည် အသက်ရှူလမ်းကြောင်းနံရံဆဲလ်များတွင် အ မြောက်အမြား ပါဝင်နေပါက ချွဲသလိပ်များ အလွန်အကျွံထုတ်လုပ်လေ့ ရှိသည်။ သို့သော်CLCA ပရို တင်းက ချွဲသလိပ်အထွက်လွန်စေ သည့် လမ်းကြောင်းအသေးစိတ်ကို မသိရှိနိုင်ခဲ့ပေ။
တစ်ဖန်လွန်ခဲ့သည့် (၇) နှစ် ခန့်ကTMEM16A အမည်ရှိ ပရို တင်းတစ်မျိုးကို ထပ်မံရှာဖွေတွေ့ရှိ ခဲ့ရာ ၎င်းင်းပရိုတင်းပေါများနေသည့် အသက်ရှူလမ်းကြောင်း ဆဲလ်များ သည်လည်း ချွဲသလိပ်များအလွန်အ မင်း ထုတ်လုပ်လေ့ရှိကြောင်း တွေ့ ရှိရသည်။
ယခုသုတေသနတွင် CLCA 1 ပရိုတင်းနှင့် TMEM16A ပရို တင်းတို့ ဆက်စပ်နေသည်ကို တွေ့ရ ပြီး CLCA 1 ပရိုတင်းပေါများနေ ပါက TMEM16Aပရိုတင်းပါ မြင့် တက်လျက်ရှိပြီး ချွဲသလိပ်အထွက် များသည်ကို တွေ့ရှိရသည်။
TMEM16A ပရိုတင်းသည် ကလိုရိုက်အိုင်းယွန်းဓါတ်များ ဆဲလ် တွင်းဆဲလ်ပြင် ထုတ်သွင်းရာ မြောင်း (channel) တစ်ခုဖြစ်ပြီး CLCA 1 ပရိုတင်းကြောင့် ဆဲလ်တွင်းဆဲလ်ပြင် ကလိုရိုက်ဝင်ထွက်မှု မြင့်တက်ကာ ချွဲသလိပ်ထုတ်လုပ်မှု လွန်ကဲလာခြင်း ဖြစ်ကြောင်း သုတေသီ Thomas J. Brett ကဆိုသည်။
အဆိုပါပရိုတင်းများကို ဟန့် တားသည့် ဆေးဝါးများကို ထုတ်လုပ် ခြင်းဖြင့် ရင်ကျပ်ရောဂါနှင့် နာတာ ရှည် လေပြွန်ကျဉ်းရောဂါများတွင် သလိပ်မထွက်စေရန် တားဆီးထား နိုင်မည်ဖြစ်ကြောင်း သုတေသနတွင် ဖော်ပြထားသည်။
သီဟ
Ref; MDI

--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) Android System WebView may cause several apps to crash ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..
- (အနောကျသို့) ကော်ဖီအနည်းငယ် ပုံမှန်သောက်သူတွေ သွေးကြော ပိုမိုသန့်ရှင်း ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..