ပြိုင်ဆိုင်မှုပြင်းထန်သည့် ပွဲကောင်း တစ်ပွဲဖြစ်လာမည့် ဖလွိုက်မေဝယ်သာနှင့် ပက်ကွိုင်အိုတို့၏ လက်ဝှေ့ပွဲ

အမေရိကန်နိုင်ငံ၏ ကမ္ဘာကျော် လက်ဝှေ့သမား ဖလွိုက်မေဝယ်သာနှင့် ဖိလစ်ပိုင်နိုင်ငံ၏ ဒဗလျူဘီအိုဝယ် တာဝိတ် လက်ဝှေ့ကျော် ပက်ကွိုင်အို တို့သည် မေ ၂ ရက်တွင် ယှဉ်ပြိုင် ထိုးသတ်မည်ဟု ဆိုသော်လည်း ယှဉ်ပြိုင် ထိုးသတ်ရေးနှင့် ပတ်သက်၍ နှစ်ဦးသဘောတူ စာချုပ်တစ်ရပ် မချုပ်ဆိုရသေးကြောင်း ပက်ကွိုင်အို၏ ပဲ့ကိုင်ရှင်ဘော့ဘ် အာရမ်က ပြောကြားခဲ့သည်။
မေ ၂ ရက်တွင် ထိုးသတ်မည့် ကမ္ဘာကျော် လက်ဝှေ့ကျော်နှစ်ဦး၏ လက်ဝှေ့ပွဲသည် ကမ္ဘာတစ်ဝန်းရှိ လက်ဝှေ့ချစ် ပရိသတ်များ စိတ်ဝင်စားလျက် ရှိနေခြင်းကြောင့် ထိုးသတ်ရန် ၁ဝ ရက်အလို ဧပြီ ၂၂ ရက်တွင်မူ ပွဲကြည့်ခွင့် လက်မှတ်များပင် ရောင်းချရန်မရှိအောင် ကုန်သွားခဲ့ကြောင်း သတင်းများက ဖော်ပြထားသည်။ မေဝယ်သာနှင့် ပက်ကွိုင်အိုတို့သည် အဆိုပါ လက်ဝှေ့ပွဲ ယှဉ်ပြိုင်ထိုးသတ်ရန် ယခု ၁ဝ ရက်အတွင်း သဘောတူ စာချုပ်တစ်ရပ် ချုပ်ဆို လိမ့်မည်ဖြစ်ကြောင်းလည်း ဘော့ဘ်အာရမ်က ဆိုသည်။ မေဝယ်သာ၏ အမှုဆောင်အရာရှိ အီလာဘီကမူ မေဝယ်သာနှင့် ပက်ကွိုင်အိုတို့မှာ အဆိုပါ လက်ဝှေ့ ပွဲကို ယှဉ်ပြိုင် ထိုးသတ်ရန် လွန်ခဲ့သည့် တစ်လကတည်းက သဘော တူလက်မှတ်ရေးထိုး ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန် လက်ဝှေ့ကျော် မေဝယ်သာသည် လက်ရှိတွင် ဒဗလျူဘီစီနှင့် ဒဗလျူဘီအေ ဝယ်တာဝိတ်ချန်ပီယံနှင့် ဒဗလျူဘီစီလိုက်- မစ်ဒယ်ဝိတ်ချန်ပီယံ တစ်ဦးဖြစ်ပြီး ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွိုင်အိုသည်လည်း လက်ရှိ ဒဗလျူ ဘီအိုဝယ်တာဝိတ် ချန်ပီယံ တစ်ဦးဖြစ်သည်။
၎င်းတို့နှစ်ဦး၏ လက်ဝှေ့လောကဖြတ်သန်းမှုတွင် မေဝယ်သာသည် ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝတွင် ၄၇ ပွဲယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ၄၇ ပွဲစလုံး အနိုင်ရရှိ ထားသည့်အပြင် ၂၆ ပွဲအထိ အလဲထိုးနိုင်ပွဲ ရရှိထားသူဖြစ်သည်။ ပက်ကွိုင်အိုမှာမူ ၄င်း၏ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝတွင် ၆၄ ပွဲယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ၅၇ ပွဲနိုင်ပွဲရရှိထားသည်။ ပက်ကွိုင်အိုသည် အဆိုပါနိုင်ပွဲ ၅၇ ပွဲတွင် ၃၈ ပွဲအထိ အလဲထိုးနိုင်ပွဲ ရရှိထားသူဖြစ်သည်။
ထိုသို့ မေဝယ်သာရော ပက်ကွိုင်အိုပါ လက်ဝှေ့လောကတွင် နာမည် ရရှိနေကြပြီး ၄င်းတို့နှစ်ဦး၏ လက်ဝှေ့ပြိုင်ပွဲကို မေ ၂ ရက်တွင် ယှဉ်ပြိုင်ထိုးသတ် မည်ဆိုပါက ပြိုင်ဆိုင်မှုပြင်းထန်သည့် ပွဲကောင်း တစ်ပွဲဖြစ်လာမည်လည်း ဖြစ်သည်။
(နိုင်လင်းကြည်)
The Mirror Daily
https://www.facebook.com/TheMirrorDaily/photos/a.401987966560763.94623.401968199896073/825588110867411/?type=1&theater
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
- (အရှေ့သို့) Update Firmwares For Samsung Galaxy Tab 3 SM-T110 / SM-T111 / SM-T116 ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..
- (အနောကျသို့) သတိပြုဖွယ် ကွမ်းအန္တရာယ် ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..