မူလတန်းအဆင့် ကျောင်းသားတိုင်း ကျောင်းစိမ်းအင်္ကျီများ ဇွန်လကုန် စပေးမည်
ရန်ကုန်၊ ဧပြီ ၂၇
ပညာရေး ဝန်ကြီးဌာနက နိုင်ငံတစ်ဝန်းမှ မူလတန်းအဆင့် ကျောင်းသားတိုင်းကို ကျောင်းလခနှင့် ပြဌာန်းစာအုပ်များ အခမဲ့ သတ်မှတ်ပေး ထားသည့်အပြင် ကျောင်းစိမ်း ဝတ်စုံ တစ်စုံစီကို လာမည့် ဇွန်လကုန်တွင် စပေးမည်ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။
“အခုဆိုရင် တချို့ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေ ရောက်နေပြီ။ မရောက်သေး တာတွေတော့ ရှိသေးတယ်။ ဇွန်လကုန်တော့ အကုန်စပေးမှာပါ” ဟု ၎င်းက ပြောဆိုသည်။
ပညာရေး ဝန်ကြီးဌာနက ဇွန်လ ၁၅ ရက် နောက်ဆုံး အခြေခံပညာကျောင်းတိုင်းကို အရောက်ပို့ပေးမည် ဖြစ်ကြောင်း၊ အချို့အခြေခံပညာ ကျောင်းများသို့ ကျောင်းဝတ်စုံများ ရရှိနေပြီဖြစ်ကြောင်း ပညာရေး ဝန်ထမ်းများထံမှ စုံစမ်းသိရှိရသည်။
“ရန်ကုန်တိုင်းကိုတော့ ကျောင်းဝတ်စုံတွေ ရောက်နေပါပြီ” ဟု ရန်ကုန်တိုင်း ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။
အလားတူ မကွေးတိုင်းဒေသကြီး အခြေခံပညာကျောင်း အချို့ကိုလည်း ကျောင်းစိမ်းဝတ်စုံများ ရောက်ရှိနေပြီဖြစ်၍ ကျောင်းအပ်နှံမည့်နေ့တွင် ကျောင်းဝတ်စုံများ တစ်ပါတည်းပေးမည် ဖြစ်ကြောင်း ယင်းတိုင်းဒေသကြီး မူလတန်း ကျောင်းအုပ်ဆရာတစ်ဦးက The Vocie သို့ ပြောကြားသည်။
ကျောင်းစိမ်းဝတ်စုံများ ပံ့ပိုးပေးမည့် အစီအစဉ်ကို ပညာရေးဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ဒီဇင်ဘာလ ၅ ရက်က နေပြည်တော်တွင် ကျင်းပသော ကမ္ဘာ့အမျိုးသမီးများဖိုရမ်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
The Voice Journal

http://thevoicemyanmar.com/index.php/news/item/6650-mlt
-------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) အထက်တန်းအထိ အခမဲ့ပညာရေးစနစ် ယခုနှစ်စမည် ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..
- (အနောကျသို့) အရွယ်တင်ခြင်း နည်းလမ်းကောင်း (၁၀)ချက်ကို ကျင့်သုံးရဲ့လား ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..