ပင်ဂွင်းတို့၏ အချစ်အကြောင်း သင်သိလား..?
ပင်ဂွင်းငှက်တွေမှာ ထူးခြားတဲ့ နေထိုင်မှု အလေ့အထများ ရှိနေပါတယ်။ ယင်းအလေ့အထ များထဲမှ အချို့ အရာတွေဟာ လူသားတွေထက် ပိုပြီး Romantic ဆန်နေတတ်ပါတယ်။ တစ်ခုကတော့ ချစ်ခွင့်ပန်ခြင်းပါ။ပင်ဂွင်းတွေဟာ သစ္စာရှိပြီး တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးပါတယ်။ ပြီးတော့ အချစ်ကိုလည်း မတရားမယူတတ်ပါဘူး။
သူတို့ ပင်ဂွင်း အထီးများဟာ သူတို့ချစ်တဲ့ ပင်ဂွင်း အမကို တွေ့ရင် တိတ်ဆိတ်တဲ့ တစ်နေရာကိုခေါ်ပြီး ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ချစ်ခွင့်ပန်ပါတယ်။ ပါးစပ်မှာလည်း ကျောက်စရစ်ခဲ တစ်တုံး သယ်ထားပြီး ပင်ဂွင်းအမကို ပေးပါတယ် အကယ်၍ ယင်း ကျောက်စရစ်ခဲကို ပင်ဂွင်းအမက လက်ခံယူတယ်ဆိုရင် သူ့အချစ်ကို လက်ခံလို့ပဲ ဖြစ်ပါတယ်။
ယင်းသို့လက်ခံရရှိပြီးတဲ့ ပင်...ဂွင်းမကိုလည်း အခြားပင်ဂွင်းအထီးများက ချစ်ခွင့် မပန်တော့ပါဘူး။ ဒီလိုနဲ့ ယူဖြစ်သွားတဲ့ ပင်ဂွင်းနှစ်ကောင်မှာ အထီး ဖြစ်ဖြစ်၊ အမ ဖြစ်ဖြစ် တစ်ကောင်ကောင်က အကြောင်းအမျိုးမျိုးကြောင့် အရင်သေသွားရင် နောက်ထပ်ကြင်ဖော်မရှာပဲ တစ်ကောင်တည်း နေထိုင်တတ်တဲ့ အလေ့အထလည်း ရှိပါတယ်။
ဒါကြောင့် ပင်ဂွင်းများရဲ့  ချစ်ခြင်းနဲ့ သစ္စာဟာ လူတွေအတွက်လည်း လေ့လာ အတုယူစရာ တစ်ခုလို ရှိနေကြောင်း သုတေသီများကတွေ့ရှိခဲ့ကြပေသည်။
Source: dailymail.co.uk

ရွှေအိမ်စည် စာကြည့်တိုက်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ကော်ဖီအနည်းငယ် ပုံမှန်သောက်သူတွေ သွေးကြော ပိုမိုသန့်ရှင်း JAVA leaning Myanmar (PDF) ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်း
- (အနောကျသို့) ချိစ်စားခြင်းဖြင့် ဦးနှောက်စွမ်းရည် မြင့်မားစေနိုင် JAVA leaning Myanmar (PDF) ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်း