Activation ကို ကျော်ခွ၍ iOS 7+ ကို သွင်းယူနည်း


iOS 7+ ကို သွင်းယူရာတွင် iCloud Password ကို မသိလို့ပဲဖြစ်ဖြစ်၊ မေ့သွားတာမျိုးပဲ ဖြစ်ဖြစ် Activation screen ကို Bypass ကျော်လွှားနိုင်မယ့် နည်းလမ်းလေး တစ်ခုဖြစ်ပါတယ်။

ယခု နည်းလမ်းလေးကို iDevice များအားလုံးတွင် အသုံးပြုနိုင်မည် မဟုတ်ပဲ "iPhone 4" တစ်မျိုးတည်းမှာသာ အသုံးပြုနိုင်သေးပြီး iOS 4+, 5+, 6+, 7+ နှင့် UDID Register မရှိတဲ့ Beta Developer iOS version များမှာပါ အလုပ် လုပ်နိုင်ပါလိမ့်မယ်..

လုပ်ငန်းစဉ်အဆင့်များကို တစ်ဆင့်ခြင်း လိုက်နာလုပ်ဆောင်မည်ဆိုပါက မည်သူမဆို အခက်အခဲမရှိ လုပ်ဆောင်နိုင်ပါလိမ့်မည်။ ဤနေရာတွင် WinScp ကို အတွေ့အကြုံရှိပြီး အသုံးပြုထားဖူးသူများ အနေနှင့် ပိုမိုလွယ်ကူနိုင်ပါလိမ့်မည်..

>> Download iCloudByPass_iPhone_4.rar

လုပ်ငန်းစဉ်များ မစတင်မီ Download လုပ်ထားသော "iCloudByPass_iPhone_4" Folder ထဲမှ WinScp, TinyUmbrella တို့ကို ဦးစွာပထမ PC တွင် Install လုပ်ပါ။

"SSH_ram_iPhone4.jar" နှင့် "SSH_ram_iPhone4_RevA.jar" တွင် "..RevA.jar" java file သည် iPhone 4 (8Gb) အတွက် သုံးရန်ဖြစ်ပါသည်..

>> လုပ်ငန်းစဉ်အဆင့်များ <<

အဆင့် ၁)
iPhone ကို PC နှင့် ချိပ်ဆက်မထားသေးပဲ "SSH_ram_iPhone4.jar" (သို့) "SSH_ram_iPhone4_RevA.jar" ကို Run ပါ။



အဆင့် ၂)
iPhone ကို PC နှင့် ချိပ်ဆက်၍ DFU mode ဝင်ပါ။
အောက်ဖော်ပြပါပုံအတိုင်း "Success!......" အစရှိသော အစိမ်းရောင် စာတန်းပေါ်လာသည်ထိ စောင့်နေပါ။



အဆင့် ၃)
iPhone တွင် Apple Logo နှင့် ဘားတန်းလေး ဖော်ပြပါပုံအတိုင်း ပေါ်လာပါမည်။



အဆင့် ၄)
PC မှ နေ၍ WinScp ကို Run ပြီး အောက်ပါအတိုင်း ဖြည့်စွက်ပါ။

Host name: localhost
Port number: 2022
User name: root
Password: alpine
ဟုပေးပြီး "Login" နှိပ်ပါ။



အဆင့် ၅)
WinScp တွင် "Terminal" (အနီနှင့်ပြထားသော) ကိုဖွင့်ပါ။
ထို့နောက် "mount.sh" ဟု ရိုက်ပြီး Execute လုပ်ပါ။



အဆင့် ၆)
"mnt1" folder ကို ရှာပါ (တိုက်ရိုက် မတွေ့လျှင် Back arrow နှင့် ရှာပါ)



အဆင့် ၇)
"mnt1 -> Applications -> Setup.app ကို မိမိ PC ၏ အခြားနေရာတစ်ခုတွင် Backup အဖြစ် Save လုပ်ပါ။
Save သိမ်းပြီးနောက် iPhone ထဲမှ "Setup.app" ကို Delete ဖျက်ပစ်ပါ။



အဆင့် ၈)
WinScp တွင် "Terminal" (အနီနှင့်ပြထားသော) ကို ပြန်ဖွင့်ပါ။
ထို့နောက် "halt" ဟု ရိုက်ပြီး Execute လုပ်ပါ။
ယခုအခါတွင် iPhone သည် Recover mode ပြောင်းသွားပါမည်။

အဆင့် ၉)
PC မှ TinyUmbrella ကို ဖွင့်၍ ဘယ်ဖက်ခြမ်းမှ မိမိ၏ iPhone ကိုရွေးပြီး "EXIT RECOVERY" နှင့် ထွက်လိုက်ပါ။



အဆင့် ၁၀)
iTunes နှင့် ချိပ်ဆက်ကာ iOS 7+ ကို Restore လုပ်နိုင်သွားပြီး iCloud Activation ကို အောင်မြင်စွာ ကျော်လွန်နိုင်သွားပါပြီ..

အားလုံးပဲ Activation ကို ချောမွေလွယ်ကူစွာ ဖြတ်ကျော်နိုင်ကြပါစေ.. Good Luck!!


Credit to : Camilo Rodrigues

အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား ဆက်လက်ရှင်သန်ရန် အားပေးလိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...