တရုတ်ပြည်တွင် ရည်းစား အငှားလိုက် ဝန်ဆောင်မှု ဈေးကွက် ကျယ်ပြန့်လာ

ကျား၊မ အချိုးအစား မညီမျှမှု ကြီးမားသော တရုတ်နိုင်ငံတွင် အမျိုးသားများ အတွက် မိန်းကလေး များက ရည်းစား အငှားလိုက်သည့် အလေ့အထ ထွန်းကားခေတ်စား လာနေကြောင်း သိ ရသည်။
အားလပ်ရက် အပန်းဖြေချိန် အတွင်း ဈေးဝယ် ထွက်စဉ်အတွင်း တွဲ သွား၊ တွဲလာလုပ်ရန် ရည်းစား မရှိသော တရုတ် အမျိုးသားများ အတွက် ရည်းစား အငှား လိုက် သည့် အလုပ်သည် မိန်းကလေးများ အတွက် မက်မောလောက်စရာ အလုပ် တစ်ခုဖြစ်သည်။ အငှားရည်းစား အဖြစ် ငှားရမ်းခ တစ်ပတ်ကို ပေါင် တစ်သိန်းနီးပါး ရရှိ ကြသည်။
ထို့အတူ အငှား ရည်းစား ဝန် ဆောင်မှုပေးသော အွန်လိုင်းဝက်ဘ် ဆိုက်များ ကလည်း ဘွဲ့ရပညာတတ် ရုပ် ရည်ချောမောသော မိန်းမပျိုလေးများ ကို အပူတပြင်း ရှာဖွေ ဆက်သွယ်နေကြ ပြီး အငှားရည်းစား ဝန်ဆောင်မှုမှာ အ လျင်အမြန် ဖွံ့ဖြိုး လာနေသည်ဟု သိရ သည်။
တရုတ်နှစ်သစ်ကူး ကာလများတွင် တော့ အမျိုးသမီးများ က ယောက်ျား လေးများကို အငှား ရည်းစားအဖြစ် ငှား ရမ်းသည့်ဈေးကွက် ပိုမို တွင်ကျယ်သည် ကို တွေ့ရ သည်။
ဘေဂျင်း အခြေစိုက် အငှားရည်း စား လိုက်သူ သက်လတ်ပိုင်း အမျိုးသား Zhu Ruisen ကနှစ်သစ်ကူး ကာလတွင် ဝန်ဆောင်မှု ငှားရမ်းခြင်း အမြင့်ဆုံး ကာလဟု ဆိုသည်။
”နှစ်သစ်ကူး ကာလ မိဘအိမ် ပြန် မယ့် မိန်းကလေးတွေ အတွက် သူတို့ မိ သားစုနဲ့ လိုက်တွေ့ရတာပါ။ ဒါ့အတွက် အခကြေးငွေနဲ့ အငှား လိုက်ပေးတာပါ”ဟု ၄င်းက ဆို သည်။
ယမန်နှစ် နှစ်ကုန်ပိုင်း အထိ ကျင့် သုံးခဲ့သော တစ်အိမ်ထောင် ကလေး တစ်ယောက် မူဝါဒနှင့် သားယောက်ျား လေးကိုသာ ပိုမို အလိုရှိသော တရုတ်ရိုး ရာ အစဉ် အလာကြောင့် တရုတ်နိုင်ငံ တွင် ကျား၊ မ အချိုးအစား ကွာခြားမှု အမြင့်ဆုံးဖြစ်နေပြီး အိမ်ထောင်ဖက် ရှာမရသော တရုတ် အမျိုးသားများ အ တွက် မိန်းမပျို များက အငှား ရည်းစား လိုက်သည့် ဈေးကွက် ထွန်းကားလာ နေခြင်း ဖြစ်သည်။
KYL
Ref: huffing ton post.com
Popular Myanmar News Journal
- (အရှေ့သို့) အေမကို သွားကျိုးထွက်သွားအောင် လက်သီးနဲ့ ထိုးခဲ့သူကို ကြိမ်ဒဏ် ၂၄၀၀ နဲ့  သွားတစ်ချောင်းပြန်ချိုးဖို့ အမိန့် ချ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable...
- (အနောကျသို့) နနွင်းမှုန့်သည် အမျိုးသမီးများ၏ အဆင်းတန်ဆာ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable...