အိန္ဒိယတက္ကသိုလ်တွင် ဆော့ဖ်ဝဲဆိုင်ရာသင်တန်း တက်ရောက်ခွင့်လျှောက်ထားနိုင်
အိန္ဒိယသမ္မတနိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့် ဆော့ဖ်ဝဲနှင့် ပတ်သက်သည့် သင်တန်းကို အိန္ဒိယ နိုင်ငံတွင်ခြောက်လကြာအခမဲ့တက်ရောက်နိုင်ရန် ဖေဖော်ဝါရီ ၂၈ ရက်နောက်ဆုံးထား၍ မန္တလေး ကွန်ပျူတာတက္ကသိုလ်သို့ လျှောက်ထားနိုင်ကြောင်း သတင်းရရှိသည်။
အိန္ဒိယသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံအစိုးရပူးပေါင်းပြီး ယခုနှစ်မေ ၅ ရက်တွင်စတင်ဖွင့်လှစ်မည့် post graduate software development သင်တန်းကို အိန္ဒိယနိုင်ငံ The International Institute of Information Technology, Bangalore (lll TB) တွင်ခြောက်လနှင့် မန္တလေးမြို့တွင် သုံးလတက် ရောက်ရ မည်ဖြစ်ကြောင်း မန္တလေးကွန်ပျူတာတက္ကသိုလ်၏ ဝက်ဘ်ဆိုက်တွင်ကြေညာထားသည်။
အိန္ဒိယနိုင်ငံတွင် သွားရောက်သင်ကြားရမည့် ခြောက်လတာအတွင်း ကုန်ကျမည့်ခရီးစရိတ်၊ စားစ ရိတ်၊ နေစရိတ်များအားလုံးကို အိန္ဒိယအစိုးရဘက်မှ အစစအရာရာ တာဝန်ယူမည်ဖြစ်သော်လည်း မန္တလေးမြို့တွင် တက်ရောက်ရမည့် သုံးလတာကာလအတွက်မူ မိမိအစီအစဉ်ဖြင့် တက်ရောက်ရ မည် ဖြစ်သည်။
၂၀၁၁ ခုနှစ် ဇွန်လ ၃၀ ရက်နောက်ပိုင်း ME (IT) ၊ M.C.Sc Tech ၊ BE (IT) ၊ B.C.Sc (Hons) နှင့် BC.Tech (Hons) ရရှိထားသူများသည် ပတ်စ်ပို့ဓာတ်ပုံတစ်ပုံ၊ ဘွဲ့လက်မှတ် မိတ္ထူများနှင့် အမှတ်စာ ရင်းများနှင့်အတူ မန္တလေးကွန်ပျူတာတက္ကသိုလ်၏ ဝက်ဘ်ဆိုက် www.ucsm.edu.mm တွင်သတ် မှတ်ရက်နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်သည်။ လျှောက်ထားသူများထဲမှ သတ်မှတ်ချက်နှင့် ကိုက်ညီသူများအား လာမည့်မတ် ၁၅ ရက်တွင်စစ်ဆေးမည့် အရည်အချင်းစစ် စာမေးပွဲသို့ ဝင်ရောက် ဖြေဆိုရန် ယင်းဝက်ဘ်ဆိုက်စာမျက်နှာတွင်ပင် ပြန်လည်ကြေညာမည်ဖြစ်ကြောင်း သတင်းရရှိသည်။
7Day Daily
No.306, Feb.24, 2014
- (အရှေ့သို့) မြန်မာနိုင်ငံတွင် ပထမဆုံး ပိုလီတက္ကနစ်တက္ကသိုလ် တည်ထောင်မည် JAVA leaning Myanmar (PDF) ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...
- (အနောက်သို့) တမာပင္ရဲ့လူ့ ခန္ဓာကိုယ်အတွက် အထောက်အကူပြုတဲ့အချက်များ JAVA leaning Myanmar (PDF) ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...