တစ်ဖက်တည်းစောင်းအိပ်ခြင်းက ရေတိမ်ရောဂါကို ပိုဆိုးစေ
Health Updates Journal No. 105
တောင်ကိုရီးယားနိုင်ငံက ပြုလုပ်တဲ့သုတေသနတစ်ခု ဖော်ပြထားတာကတော့ တစ်ဖက်တည်းကို စောင်းအိပ်တတ်တဲ့ရေတိမ်ရောဂါရှင်တွေဟာ ရောဂါပိုဆိုးစေတယ်ဆို တဲ့အချက်ပဲ ဖြစ်ပါတယ်။
တစ်ဖက်တည်းအိပ်မယ်ဆိုရင် ရေတိမ်ဖြစ်ပွားနေတဲ့ အခြမ်းကို အောက်ဖက်ရောက်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ အိပ်စက်တဲ့ပုံစံဟာလည်း မျက်စိရဲ့အတွင်းဖိအားကို ပြောင်းလဲမှုရှိစေနိုင်ပါ တယ်။ ရေတိမ်ရောဂါမှာဆိုရင် မျက်စိရဲ့ အတွင်းဖိအားကြောင့် အမြင်အာရုံကြောဟာ ပျက်စီးနေတတ်ပါတယ်။
အတွင်းတိမ်ရောဂါပြီးရင် ရေတိမ်ရောဂါဟာ ဒုတိယအဖြစ်များဆုံး မျက်စိကွယ်ရတဲ့ အကြောင်းရင်းခံ ဖြစ် တယ်လို့ WHO က ထုတ်ပြန်ထားပါတယ်။ လေ့လာမှုခေါင်းဆောင် အယ်လဘတ်အိုင်းစတိုင်းတက္ကသိုလ် မှ တွဲဖက်ပါမောက္ခ Dr. Jeffery schultzက “ဘ၀နေထိုင်မှုမှာ ပါဝင်တဲ့အိပ်စက်တဲ့ပုံစံကလည်း အမြင်အာရုံ ကွယ်ခြင်းမကွယ်ခြင်းမှာ အရေး ပါနေကြောင်း မိမိတို့ထုတ်ဖော်နိုင်ခဲ့ပါတယ်” ရှင်းပြထားတယ်။
ရေတိမ်ရောဂါကိုကုသမှုကတော့ မျက်လုံးရဲ့အတွင်းမှာရှိနေတဲ့ ဖိအားကို လျော့ချစေတာပဲ ဖြစ်ပါတယ်။ လဲလျောင်းနေခြင်းဟာ မျက် လုံးတွင်းဖိအားကို မြင့်တက်စေပြီး ဖြစ်ပွားတဲ့ မျက်လုံးနေရာမှာ စောင်းအိပ်ခြင်းက ပိုအန္တရာယ်များစေပါတယ်။ ဒါကို ရေတိမ်ရောဂါရှင် ၄၃၀ ဦးကို သုတေသနပြုအပြီးမှာ Dr.Jeffery Schultz နဲ့အဖွဲ့က ဖော်ထုတ်နိုင်ခဲ့တာပါ။
ဒီလေ့လာမှုကို American Journal of Opthalmology မှာ ဖော်ပြထားပါတယ်။
သက်နှင်း
ref:ANI
- (အရှေ့သို့) အယ်ဇိုင်းမားရောဂါ ဖြစ်သောအကြောင်းတစ်ခုမှာ ပိုးသတ်ဆေးများ ဖြစ်နိုင် ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Samsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF) သားအိမ်ခေါင်း ကင်ဆာအတွက် လမ်းညွှန်ချက်
- (အနောကျသို့) ဗီဇဆဲလ်များအား ထုတ်လုပ်နိုင်ပြီဟု ဂျပန်သိပံ္ပပညာရှင်များက ကြေညာခဲ့ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Samsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF) သားအိမ်ခေါင်း ကင်ဆာအတွက် လမ်းညွှန်ချက်