CPR နဲ့ အသက်ကယ်နိုင်ခြင်း

တနေ့ကတင် ‘Premature labor ကလေးစောမွေးခြင်း’ အကြောင်း တင်ထားခဲ့သေးတယ်။ ကနေ့ စိတ်ဝင်စားစရာ ကျန်းမာရေးသတင်းတပုဒ် ထွက်တာနဲ့ တိုက်တိုင်နေပါတယ်။
အမေရိကား၊ ဖလော်ရီဒါ အဝေးပြေးလမ်းမကြီးပေါ်မှာ လမစေ့ဘဲမွေးခဲ့တဲ့ကလေးငယ်လေး အသက်ရှူရပ်သွားလို့ ပါးစပ်ချင်းတေ့မှုတ်ပြီး အသက်ကယ်ဆယ်တဲ့သတင်းဖြစ်ပါတယ်။
ကြာသပတေးနေ့က အဝေးပြေးလမ်းမကြီးပေါ်မှာ ကားတွေပိတ်လို့ ရပ်နေတုံးမှာဖြစ်တာပါ။ (ဆီဘက်ရှန်) လို့ နာမည်ပေးထားတဲ့ ကလေးအသက်မရှူဖြစ်နေလို့ အဒေါ်ဖြစ်သူကနေ ကားကိုလမ်းဘေးမှာရပ်ပြီး အော်ဟစ် အကူအညီ တောင်းပါတယ်။ ကလေးအဒေါ်က အသက် ၃၇ နှစ်၊ (ပင်မလာ ရော်ဆီယို) ဖြစ်တယ်။
ကံကောင်းချင်တော့ အသက် ၃၄ နှစ်ရှိတဲ့ (လူစီယာ ဂိုဓွိုင်) က သူ့ ၃ နှစ်သားလေးကို ကားပေါ်မှာထားခဲ့ပြီး ပါးစပ်ချင်း တေ့မှုတ်ပေးနည်း CPR နဲ့ ကလေးအသက်ရှူစေအောင်လုပ်ပေးပါတယ်။ ဒိနောက်မှာ ရဲအရာရှိတွေ မီးသတ်တွေကနေ ဆက်ကူညီကြလို့ ကလေး အသက်ရှင်သွားခဲ့ပါသတဲ့။
အဆင်သင့်ချင်တော့ ဆုရဓါတ်ပုံဆရာ (အယ်လ် ဒိုင်ယပ်စ်) က ကားနောက်ကပါလာတယ်။ ကလေးပြာနှမ်းနေတဲ့ပုံကစပြီး ဓါတ်ပုံတွေ ရိုက်နိုင်လိုက်တယ်။
Strangers help save baby who stopped breathing on road http://www.local10.com/news/strangers-help-infants-life-on-836-roadside/24597956
CPR နှလုံး-အဆုပ် ပြန်လည်အလုပ်လုပ်စေရန်ပြုစုနည်း http://dts-medicaleducation.blogspot.in/2009/12/cpr.html
ဒေါက်တာတင့်ဆွေ
၂၂-၂-၂ဝ၁၄
- (အရှေ့သို့) နှစ်မိနစ်ဖြင့် ဘ၀အမောပြေစေမည့် နည်းလမ်းများ Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)ဆေးစွမ်းထက်သော သလဲသီး...သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်Jennifer Lawrence..ဆရာဝန်နှင့် တွေ့ဆုံချိန်တွင် သိထားသင့်သော အချက် (၇)ချက်
- (အနောကျသို့) Cetrizine (အလာဂျီ) ဆေး Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)ဆေးစွမ်းထက်သော သလဲသီး...သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်Jennifer Lawrence..ဆရာဝန်နှင့် တွေ့ဆုံချိန်တွင် သိထားသင့်သော အချက် (၇)ချက်