အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ စားသုံးခြင်းဖြင့် အမျိုးသမီးများ ဆီးအိမ် ကင်ဆာရောဂါ ဖြစ်ပွားမှု နှုန်းကို လျှော့ချနိုင်

ဟိုနိုလူလူ သြဂုတ် ၂၆
အသီးအနှံများနှင့် ဟင်းသီးဟင်းရွက် များအား ပိုမို စားသုံးခြင်းသည် အမျိုးသမီး များတွင် ဆီးအိမ် ကင်ဆာရောဂါ ဖြစ်ပွားနိုင်မှု နှုန်းကို လျှော့ချ ပေးနိုင်ကြောင်း အမေရိကန် နိုင်ငံရှိ သုတေသီ များက ပြောကြားထားသည်။
ဟာဝိုင်ယီ တက္ကသိုလ်မှ သုတေသီ များသည် ၁၂ နှစ်ခွဲကြာ ကာလ အတောအတွင်း အရွယ် ရောက်ပြီးသူ ၁၈၅,၈၈၅ ဦးထံမှ ကျန်းမာရေး ဆိုင်ရာ အချက်အလက် များကို စုဆောင်း၍ လေ့လာ ဆန်းစစ်မှု များကို ပြုလုပ်ခဲ့ပြီး Nutrition ဂျာနယ်တွင် ဖော်ပြခဲ့ကြောင်း ဆင်ဟွာ သတင်း ဌာနက ထုတ်ပြန်ထား သည်။ သုတေသီ များသည် ဆီးအိမ် ကင်ဆာရောဂါ ဖြစ်ပွားရန် အလားအလာ ရှိသော အမျိုးသမီး ၁၅၂
ဦးနှင့် အမျိုးသား ၄၂၉ ဦးတို့အား ရောဂါရှာဖွေ ဖော်ထုတ် ခဲ့ကြသည်။ ထို့နောက် ကင်ဆာ ရောဂါနှင့် ဆက်နွှယ်သည့် ပြောင်းလဲမှု အမျိုးမျိုးကို ချိန်ကိုက် ထိန်းညှိရာမှ အသီးအနှံနှင့် ဟင်းသီးဟင်းရွက် အများဆုံး စားသော အမျိုးသမီး များသည် ဆီးအိမ် ကင်ဆာရောဂါ ဖြစ်ပွား မှုနှုန်း အနည်းဆုံး ဖြစ်သည် ကို တွေ့ရှိ ခဲ့ကြသည်။
အ၀ါ-လိမ္မော်ရောင် ရှိသော ဟင်းသီးဟင်းရွက် အများဆုံး စားသုံးသူ အမျိုးသမီး များသည် အဆိုပါ ဟင်းသီးဟင်းရွက် များအား အနည်းဆုံး စားသုံးသူ အမျိုးသမီး များနှင့် နှိုင်းယှဉ်ပါက ဆီးအိမ် ကင်ဆာရောဂါ ဖြစ်ပွားမှု ၅၂ ရာခိုင်နှုန်း ပိုနည်းကြောင်း သုတေသီ များက ပြောကြားထားသည်။
ထို့ကြောင့် ဗီတာမင်အေ၊ စီ၊ အီး အများဆုံး စားသုံးသည့် အမျိုးသမီး များသည် ဆီးအိမ် ကင်ဆာရောဂါ ဖြစ်ပွားမှု အန္တရာယ် အနည်းဆုံး ဖြစ်ကြောင်း ဖော်ပြပါ လေ့လာ ချက်အား အကြံပြု ထားသည်။
မြ၀တီ
- (အရှေ့သို့) သင့္ကို ဗိုက်မပြည့်စေတဲ့ အစားအသောက်တွေ JAVA leaning Myanmar (PDF) ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...
- (အနောက်သို့) ခြေထောက် ၅ ချောင်းပါတဲ့ ထူးဆန်းအံ့ဖွယ် နွား JAVA leaning Myanmar (PDF) ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...