HIV ပိုး ကူးစက်ခြင်းကို ကာကွယ်ပေးနိုင်မယ့် မိန်းမကိုယ်လိမ်းခရင်
Health Updates Journal No. 106
ငွေသတ္ထုမှရရှိတဲ့ နာနိုအမှုန်နဲ့ ပြုလုပ်ထားတဲ့ မိန်းမကိုယ်လိမ်းခရင်တစ်မျိုးဟာ HIV ဗိုင်းရပ်ပိုး ကူးစက် နိုင်ခြင်းကို ကာကွယ်ပေးနိုင်ကြောင်း သုတေသနတစ်ခုမှာ ဖော်ပြထားပါ တယ်။ အဲဒီခရင်ကို အသုံးပြုပြီး မိနစ်ဝက်အတွင်းမှာ အစွမ်းပြမှာ ဖြစ်ပြီး ၇၂နာရီကြာ အာနိသင်ရှိတယ်လို့ သိရပါတယ်။
တွေ့ရှိခဲ့တဲ့ Texas တက္ကသိုလ်မှ သုတေသီတွေဟာ ငွေနာနိုအမှုန်က လူ့ကိုယ်ခန္ဓာထဲကို HIV ပိုးဝင်ရောက်ခြင်းမှ ကာကွယ်နိုင်တယ်လို့ ဆိုထားပါတယ်။ ခရင်ကို လူသားတွေ ရဲ့ တစ်ရှုးနမူနာတွေမှာ စမ်းသပ်ခဲ့ပြီး သားအိမ်ခေါင်း အချွဲမြှေးထဲကို ဗိုင်းရပ်ပိုး မကူးစက်နိုင်တာကို သက်သေပြနိုင်တယ် လို့ ဖော်ပြထားပါတယ်။ မိန်းမကိုယ်မှာ လိမ်းရမှာဖြစ်ပေမယ့်လည်း ဗိုင်းရပ်ရဲ့ အစွမ်းကို နှိမ်နင်း နိုင်စွမ်းတွေ ရှိနေပြီး လိင်ဆက်ဆံဖက်ကိုပါ ကာကွယ်မှုပေးနိုင်တယ်လို့ သုတေသီ Lara Villegas က ပြောဆိုထားပါတယ်။
“ပုံမှန်အားဖြင့် HIV ဆေးဝါး တွေဟာပိုးရဲ့ပွားများနိုင်မှုကို တားဆီးပေးတာဖြစ်ပါတယ်။ ဒီခရင်မှာကတော့ နာနိုအမှုန်တွေဟာ ဗိုင်းရပ်ပိုးထဲကို ထိုးဖောက်ဝင်ရောက် နိုင်ပြီး ဆဲလ်ထဲကို ဗိုင်းရပ်ပိုးမ၀င် နိုင်အောင် တားဆီးပေးနိုင်ပါတယ်”လို့ ယင်းက ဆက်လက်ရှင်းပြခဲ့ပါတယ်။ နာနိုရဲ့ ဗိုင်းရပ်ပိုးကို နှိမ်နင်း နိုင်စွမ်း ကို ဖော်ထုတ်နိုင်ခဲ့ပေမယ့် လူ့ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်မှုကိုတော့ ဆက်လက်လေ့လာနေပါတယ်။ HIV အပြင် သားအိမ်ခေါင်း ကင်ဆာရောဂါဗိုင်းရပ် ကူးစက်မှုကိုလည်း ငွေသတ္ထုနာနိုအမှုန်က တားဆီးပေးနိုင်တယ်လို့ သိရှိရပါတယ်။
သက်နှင်း
ref;PTI
- (အရှေ့သို့) ဗိုက်အောင့်ခြင်းကို သက်သာစေမယ့် အချစ်ဟော်မုန်း Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးသရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်း
- (အနောကျသို့) ရင်သားကင်ဆာတွင်သုံးသည့်ဆေးက အဆုတ်ရောင်ရောဂါနှင့် ဦးနှောက်အမြှေးရောင် ရောဂါခံစားနေရသည့် HIV ဝေဒနာရှင်များ၏ မျှော်လင့်ချက်ဖြစ်လာနိုင် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးသရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်း