ကမ္ဘာ့ ကင်ဆာရောဂါဆိုင်ရာနေ့
Health Updates Journal No. 106
၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီလ ၄ရက်နေ့ဟာ ကမ္ဘာ့ကင်ဆာရောဂါ ဆိုင်ရာနေ့ဖြစ်ပြီး ကင်ဆာရောဂါဆိုင်ရာ အသိပိုပြီး ကြွယ်ဝလာစေဖို့နဲ့ ကာကွယ်ခြင်း၊ ရောဂါရှာဖွေခြင်း၊ ကုသခြင်းတွေကို ပိုပြီးထိရောက်စေဖို့ ရည်ရွယ်ထားပါတယ်။ အပြည်ပြည်ဆိုင်ရာ ကင်ဆာရောဂါ ထိန်းချုပ်ရေး အစည်းအရုံးက ဦးဆောင်ကျဉ်းပ တာဖြစ်ပြီး တစ်ကမ္ဘာလုံးက နိုင်ငံ ၁၂၀က ကင်ဆာတိုက်ဖျက်နေတဲ့ အဖွဲ့အစည်း ၄၇၀ ကျော်က တစ်ပြိုင်နက် ကျင်းပကြပါတယ်။
တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေတဲ့ ကင်ဆာရောဂါကို အတူတကွ ဆန့်ကျင်ဖို့နဲ့ ပြည်သူလူထု ကို စောင့်ရှောက်ရတဲ့ အစိုးရအဖွဲ့အစည်းတွေကို အကြံဥာဏ်ပေးနိုင်ဖို့ကို ဖေဖော် ၀ါရီလ ၄ ရက်နေ့ မှာ ပြုလုပ်ကြမှာ ဖြစ်ပါတယ်။ ကင်ဆာရောဂါဟာ ကာကွယ်နိုင်တဲ့ အမျိုးအစားရော၊ မကာကွယ်နိုင်တဲ့ အမျိုးအစားပါရှိနေတဲ့အတွက် ပြည်သူများ၊ အစိုးရများ၊ လူမှုအဖွဲ့အစည်းများ အတူပူးပေါင်း ဆောင်ရွက်မှ သာ နှိမ်နင်းနိုင်မယ်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံက ထုတ်ပြန်ထားပါတယ်။
ကင်ဆာရောဂါဟာ အမျိုးအစား ကွဲပြားတဲ့ ရောဂါအစုအပေါင်း ဖြစ် ပြီး ဆဲလ်ကြီးထွားမှုကို မထိန်းချုပ် နိုင်တော့တာ ဖြစ်ပါတယ်။ အဲဒီလို ဖြစ်နေတာကြောင့် အကျိတ်တွေဖြစ် လာခြင်း၊အနီးနားတစ်ဝိုက်ကတစ်ရှုး၊ ခန္ဓာကိုယ်အနှံ့ကတစ်ရှုးတွေကို သွေးစီးကြောင်း၊ ပြန်ရည်ကြော စတာတွေကနေတစ်ဆင့် ထိုးဖောက်ဝင်ရောက်ပြီး အသက်ဆုံးရှုံးမှုကို ဖြစ်စေပါ တယ်။
ကင်ဆာဖြစ်ပွားတဲ့ အရေအတွက်ဟာ လာမယ့်နှစ်ပေါင်း ၂၀ အတွင်း အခုလက်ရှိဖြစ်ပွားနေတဲ့ အရေအတွက်ထက် နှစ်ဆပိုများလာပြီး ဖွံ့ဖြိုးမှုနည်းပါးသော၊ ဖွံ့ဖြိုး ဆဲဖြစ်သော နိုင်ငံတွေမှာ အများဆုံး ဖြစ်ပွားနိုင်တယ် WHOက ထုတ် ပြန်ထားပါတယ်။
သန့်စင်
ref;WHO
- (အရှေ့သို့) ဗီတာမင်စီထိုးခြင်းက ကင်ဆာရောဂါကုသရာမှာ အဓိကအခန်းကဏ္ဍတစ်ခု ဖြစ်လာနိုင် ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..
- (အနောကျသို့) အမေရိကန်နိုင်ငံတွင် ဖန်တီးပြုလုပ်ထားသော မြင်လွှာဖြင့် အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..