အယ်ဇိုင်းမားရောဂါ ဖြစ်သောအကြောင်းတစ်ခုမှာ ပိုးသတ်ဆေးများ ဖြစ်နိုင်
Health Updates Journal No. 105
၁၉၇၀ ပြည့်နှစ်တွင်အသုံးများခဲ့ပြီး ယခုတိုင်လည်း အချို့ဒေသများ၌ ငှက်ဖျားရောဂါကာကွယ်ရေး၌ အသုံးပြုလျက်ရှိသော ပိုးသတ်ဆေး (Pesticide) များကို အယ်ဇိုင်းမားဝေဒနာရှင်များ ၏သွေးများထဲ တွင် တွေ့နေရပြီး ယင်းက ရောဂါဖြစ်ပွားစေသော အကြောင်းအရင်း တစ်ခုဖြစ်နိုင်သည်ဟု လေ့လာသူများ က အဆိုပြုခဲ့သည်။
DDT ဟုခေါ်သည့် Dich lorodiphenyl trichloroethane မှာ ၁၉၇၀ခုနှစ်တွင် အသုံးများခဲ့သော်လည်း ၁၉၇၂ ခုနှစ်၌ အသုံးမပြုတော့ရန် တားမြစ်ခဲ့ပြီး ယင်း DDT မှာ ခန္ဓာကိုယ်ထဲ သို့ ရောက်ရှိသွားခဲ့သော် Dichlorodipheny lclichloroethane (DDE) အဖြစ် ပြောင်းလဲသွားလေသည်။
Rutgers Universityနှင့် Emory University့မှ လေ့လာသူများ၏တွေ့ရှိချက်များအရ အယ်ဇိုင်းမားဝေ ဒနာရှင်များတွင် သွေးထဲ၌ DDE ပမာဏမှာ သာမန်သူများထက် ၃.၈ ဆ ပိုများနေကြောင်း တွေ့ရ သည်။ လေ့လာမှုတွင် ပါဝင်သူ Professor Allan Levey က ယခုတွေ့ရှိချက်မှာ ယခင်လေ့လာမှုများ အားလုံးထဲ၌ အယ်ဇိုင်းမားရောဂါနှင့်ပတ်ဝန်းကျင် အချက်အလက်များဆက်စပ်ပုံကို အထင်ရှား ဆုံးပြနိုင်သော လေ့လာမှုတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဖိုးသောကြာ
ref:Netdoctor.co.uk
- (အရှေ့သို့) ဖေဖော်ဝါရီလ (၂၁) ရက်နေ့က ရန်ကုန်၊ တပ်မတော်ခန်းမမှာ ကျင်းပခဲ့တဲ့ "5th Myanmar Mobile Fair Yangon 2014" ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..
- (အနောကျသို့) တစ်ဖက်တည်းစောင်းအိပ်ခြင်းက ရေတိမ်ရောဂါကို ပိုဆိုးစေ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..