ရင်သားကင်ဆာတွင်သုံးသည့်ဆေးက အဆုတ်ရောင်ရောဂါနှင့် ဦးနှောက်အမြှေးရောင် ရောဂါခံစားနေရသည့် HIV ဝေဒနာရှင်များ၏ မျှော်လင့်ချက်ဖြစ်လာနိုင်
Health Updates Journal No. 106
နှစ်စဉ် HIV ဝေဒနာရှင်များအား အဓိကသေဆုံးစေသော တရားခံမှာ Cryptococcosis ဟုခေါ်သည့် မှိုရောဂါဖြစ်ပြီး ယင်းမှိုရောဂါအား ရင်သားကင်ဆာကုသရာ၌သုံးသည့် ဆေးကကုသနိုင်ကြောင်း သိရသည်။ University of Rochester မှ လေ့လာသူများက ရင်သားကင်ဆာ ဝေဒနာရှင်များ၌သုံးသည့် Tomoxifen ဆေးအား Cryptococcosis ကြောင့် အဆုတ်ရောင်နမိုးနီးယားနှင့် ဦးနှောက် အမြှေးရောင်ရောဂါ ခံစားနေရသည့် ကြွက်များတွင် စမ်းသပ်ခဲ့ကြသည်။
ယင်းရောဂါနှစ်မျိုးမှာ တစ်နှစ်လျှင် HIV ဝေဒနာရှင် ၆၂၀၀၀၀ခန့်အား သေဆုံးစေနိုင်သော အကြောင်းရင်းဖြစ်ပြီး ခုခံအားကျနေသည့် ဝေဒနာရှင်များတွင် ယင်းဝေဒနာနှစ်မျိုးအား ပြန်လည် တိုက်ထုတ်ရန်ခက်ခဲပြီး အဆုံးသတ်မှာ အသက်ဆုံးရှုံးမှုသာ ကြုံတွေ့ရလေသည်။
ယင်းဝေဒနာခံစားနေရသော ကြွက်များတွင် Tamoxifen ဆေးအားပေးခဲ့ရာ ယင်းမှိုပိုးအား သတ်ပစ်နိုင်ကြောင်း တွေ့ခဲ့ရသည်။ လေ့လာသူများ က ဝေဒနာရှင်များအား ကုသသည့်နည်း သစ်တစ်ခု တွေ့ရှိပြီး ပို၍အခွင့်အလမ်းများ ရရှိရန် မျှော်လင့်နေသည်။
အ၀င်း
ref:Netdoctor.co.uk
- (အရှေ့သို့) HIV ပိုး ကူးစက်ခြင်းကို ကာကွယ်ပေးနိုင်မယ့် မိန်းမကိုယ်လိမ်းခရင် Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) ကလေးငယ်များမှာ သွေးစစ်ရုံနဲ့ ဥာဏ်ရည်ကို သိနိုင်ပြီ Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'