အေးမြသောလေက ကိုယ်အလေးချိန်ကျစေနိုင်
Health Updates Journal No. 105
အရမ်းကြီးအေးစက်နေတာ မဟုတ်ဘဲ အေးမြနေတဲ့လေ (mildly cold air)ဟာ ကယ်လိုရီကို လောင် ကျွမ်းစေနိုင်တယ်လို့ သုတေသနတစ်ရပ်မှာ ဖော်ပြထားပါတယ်။ လေအေးတွေနဲ့ ထိတွေ့ရခြင်းကြောင့် ကိုယ်ခန္ဓာအတွင်း အပူချိန်ကိုမြှင့်တင်ဖို့အတွက် စွမ်းအင်တွေကို အသုံးချမှုများတာကြောင့် ဖြစ်တယ်လို့ သိရှိရပါတယ်။
ဒါ့အပြင်ဆောင်းရာသီမှာ အနွေးဓာတ် ပေးထားတဲ့ အိပ်ခန်းတွေ၊ ရုံးခန်းတွေဟာ ခါးအဆီတွေကို စုစေတယ်လို့လည်း သိရပါတယ်။ “ဖွံ့ဖြိုးပြီးနိုင်ငံများမှာ နေထိုင်သူတွေဟာ တစ်နေ့တာရဲ့ ၉၀ရာခိုင်နှုန်း အခန်းတွင်း ပတ်ဝန်းကျင်မှာသာ အချိန်ကုန်ဆုံးစေပါတယ်။ ဒါကြောင့် ကိုယ်ခန္ဓာအပူချိန်ကို ထိန်းညှိရာ စွမ်းအင်နဲ့ ကယ်လိုရီလောင်ကျွမ်းမှုတွေနည်းပါးပြီး အ၀လွန်လာရခြင်းဖြစ်ပါတယ်” လို့ လေ့လာ မှု ခေါင်းဆောင် နယ်သာလန်နိုင်ငံ၊ Masastricht တက္ကသိုလ်မှ Dr.Wouter Marken က ပြောကြားထားပါတယ်။
ထင်ရှားတဲ့ ဥပမာတစ်ခုကတော့ အေးမြတဲ့လေကို ထိတွေ့ရပြီဆိုရင် ကိုယ်ခန္ဓာဟာ ခိုက်ခိုက်တုန် လာခြင်းပဲဖြစ်ပြီး အဲဒီနည်းအားဖြင့် စွမ်းအင်တွေကို လောင်ကျွမ်းစေကာ ကိုယ်တွင်း အပူချိန် မြင့်တက်စေပါတယ်။ ငြိမ်နေတာထက်စာရင် ခိုက်ခိုက်တုန်ခြင်း (shivering) ဟာ ကယ်လိုရီလောင် ကျွမ်းမှုကို ငါးဆမြင့်တက်စေတယ်လို့ သိရှိရပါတယ်။
လေ့လာမှုမှာတွေ့ရှိချက်အရ တစ်နေ့တာမှာ ခြောက်နာရီခန့် ၁၅ ဒီဂရီစင်တီ ဂရိတ်ရှိတဲ့ လေအေးနဲ့ ထိတွေ့သူတွေဟာ (၁၀)ရက်ကြာတဲ့အခါမှာ ခါးအဆီတွေ လောင် ကျွမ်းမှုမြင့်တက်လာတာ ကို ဖော်ထုတ်နိုင်ခဲ့ ပါတယ်။
ဒီလေ့လာမှုကို Journal Trends in Endocrinology and Metabolism မှာဖော်ပြထားတာ ဖြစ်ပါတယ်။
သန့်စင်
Ref: PTI
- (အရှေ့သို့) ဗီဇဆဲလ္မ်ားအား ထုတ်လုပ်နိုင်ပြီဟု ဂျပန်သိပံ္ပပညာရှင်များက ကြေညာခဲ့ JAVA leaning Myanmar (PDF) ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...
- (အနောက်သို့) Vodafone 875 Hard Reset နှင့် Pattern Lock ဖယ်ရှားနည်း... JAVA leaning Myanmar (PDF) ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...